![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
―୨୧⋆ ˚
"ဂျောင်ဝန်းနား မင်းဂျေးဟျောင်းကိုဖွင့်ပြောမှာလား"
ဆောလ်နူးစာလုပ်နေရင်းကနေ ခေါင်းကိုက်လိုက်သဖြင့် အိပ်ရာပေါ်တွင်တွန့်လိမ်နေရင်းက သင်္ချာတွက်နေတဲ့ဂျောင်ဝန်းကိုလှမ်းမေးလိုက်သည်။
"ဟင့်အင်း"
ဂျောင်ဝန်းကစာအုပ်ဆီကနေအကြည့်မလွှဲသေးဘဲ ခေါင်းခါပြီးပြန်ဖြေသည်။
"ဘာလိုလဲ မင်းလဲကြိုက်နေတာပဲကိုမြန်မြန်ဖွင့်ပြောလိုက်လေ"
ဆောလ်နူးမှာအားမလိုအားမရဖြစ်စွာနဲ့ပဲ မျက်မှောင်ကြုံ့ကာဆက်ခနဲထထိုင်ရင်းမေးလိုက်သည်။
"ဒီတိုင်းလေးပဲ အဆင်ပြေနေပါပြီ..ဖွင့်ပြောလိုက်လို့ ဒီအခြေအနေလေးပျက်စီးသွားမှာမလိုလားဘူး"
ဂျောင်ဝန်းကလက်ထဲကဘောပင်ကိုစားပွဲပေါ်သို့ချလိုက်ပြီး လက်ကိုမေးအောက်ကိုထောက်ရင်း လေးလေးပင်ပင်ပြောသည်။
"ဂျေးဟျောင်းလဲမင်းကိုကြိုက်နေရင်ရော..ဘယ်လိုလုပ်မလဲ"
သူလိုချင်တဲ့အဖြေမျိုးမရတာကြောင့် ဆောလ်နူး၏စိတ်ထဲမှာခုလုခုလုဖြစ်သွားရပြီး မေးခွန်းတွေမေးနေခြင်းမရပ်တန့်နိုင်တော့။
"သူကြိုက်ရင်သူဖွင့်ပြောမှာပေါ့..ငါကတော့တော်ပြီ"
ဂျောင်ဝန်းကပခုံးတွန့်လိုက်ပြီး သူ့ဘေးနားကကုတင်ပေါ်မှာ ဝင်လှဲလိုက်သည်။ကင်မ်ဆောလ်နူးကျေးဇူးကြောင့်နဲ့ သူ့လဲစာလုပ်ဖို့စိတ်မပါတော့ပါ။
"ငါကတော့မရဘူး ငါကဖွင့်ပြောမှာ တကယ်လို့အငြင်းခံရရင်လည်း ငါဘက်ကိုစိတ်ပြန်လည်လာအောင်ကြိုးစားမှာ"

YOU ARE READING
𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡
FanficFalling in love is great , but being in love with you is even better Lee Heeseung × Kim Sunoo