―୨୧⋆ ˚
"ဟုတ်ပြီ ဟုတ်ပြီ အဲ့ဒီအနေအထားလေးအတိုင်းအဆင်ပြေတယ်..လက်ကိုနည်းနည်းဒီဘက် အိုခေ အဲ့ဒီတိုင်းလေး"
စတူဒီယိုထဲတွင် ဒိုဂယောင်းရဲ့ညွန်ကြားသံတွေနဲ့ ကင်မရာသံတစ်ဖျက်ဖျက်ကသာထွက်ပေါ်နေသည်။
စက်တင်အဖြူရောင်ပိတ်ကားရဲ့အရှေ့မှာတော့ ချာတိတ်ကဂျေးရဲ့နောက်ဆုံးဒီဇိုင်းအင်္ကျီကိုဝတ်ဆင်ထားသည်။
အောက်ခံကတော့ရိုးရိုးအဖြူရောင်လက်ရှည်ပေမယ့် မိန်းပွိုင့်ကတော့အပေါ်ထပ်ဆွယ်တာဖြစ်သည်။
ကြိုးများဖြင့်ရှုပ်ရှုပ်ယှက်ယှက်ဒီဇိုင်းက ဟီဆွန်းကိုအများကြီးစိတ်မကျေနပ်စေပေမယ့် အခုခေတ်လူငယ်တွေကြားထဲမှာတော့ အတော်လေးရေပန်းစားသွားမည့်ဒီဇိုင်းမျိုးဖြစ်သည်။
မျက်နှာပေါ်တွင်အပြုံးများမရှိတဲ့ ချာတိတ်ရဲ့မျက်နှာအနေအထားက မော်ဒယ်လ်တစ်ယောက်ရဲ့လက္ခဏာမျိုးနှင့်ပြည့်စုံသည်။
အစွန်းပိုင်းချွန်တတ်သွားသည့်မျက်ဝန်းများက မြေခွေးတစ်ကောင်လိုပင် မျက်ဆံများကနီညိုရောင်တောက်နေသည်။
"ရပြီနော် ဆောလ်နူးခဏနားလိုက် ဂျိတ်ခ် မင်းအလှည့်ရောက်ပြီ"
YOU ARE READING
𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡
FanfictionFalling in love is great , but being in love with you is even better Lee Heeseung × Kim Sunoo