Part-16

1.2K 118 8
                                    

"လင်းခံ့ရေ စျေးလေးတစ်ခါလွှတ်ပါတယ်။မိန်းမများခိုးသွားလေရော့သလား ငါ့သားရယ်"

လင်းခံ့အိမ်ထဲဝင်ဝင်ချင်းမှာဘဲ မေမေကတံခါးဝကနေဆီးကြိုပြီး အချိန်ကြာနေတဲ့သူ့ကို ပွစိပွစိလုပ်တယ်။။ပြီးနောက်မေမေကသူ့ကို အထက်အောက်ခြုံကြည့်ပြီး သက်ပြင်းမောကိုခပ်ဖြည်းဖြည်းချပြန်တယ်။

"မေမေရေ... မေမေ့မြေးစျေးသွားတဲ့ပုံကို တစ်ချက်လောက်ကြည့်ပါဦး။အိမ်ကလက်နှီးစုတ်တောင် သူ့အင်္ကျီထက်သားနားသေးတယ်"

မေမေ့အသံကြောင့်ဧည့်ခန်းက လှုပ်ကုလားထိုင်မှာထိုင်နေတဲ့ဖွားဖွားကြီးက မျက်မှန်ဘောင်ကနေကျော်ပြီး လင်းခံ့ကိုကြည့်ပြန်တယ်။လင်းခံ့က စျေးဆွဲခြင်းကို မေမေ့လက်ထဲထည့်ပေးခဲ့လိုက်ပြီး ဖွားဖွားကြီးအနားကိုပြေးသွားလိုက်တယ်။ဖွားဖွားကြီးခါးကို သိမ်းကျုံးဖက်လိုက်ပြီး ရင်ခွင်ထဲအတင်းတိုးဝင်တော့ ဆံနွယ်တွေကြားလက်ချောင်းတွဖြတ်ပြေးမှုဟာ ညင်သာနူးညံ့စွာ။မေမေဆူတိုင်း လင်းခံ့ရဲ့နားခိုရာရင်ခွင်ဟာ ဖွားဖွားကြီးမို့ သူ့မှာအမြဲအချစ်ပိုခဲ့ရစမြဲပါဘဲ။

"အေးလေ မြေးရယ်။အပြင်သွားတာတော့ ကြည့်ပျော်ရှုပျော်ဝတ်မှပေါ့။ဘယ့်နှယ် လက်နှီးစုတ်ဒီဇိုင်းနဲ့သွားရတာလဲ။မရှက်ဘူးလား ကိုယ့်ကိုယ်ကိုယ် လူပျိုလေးဆိုတာရောသတိရသေးရဲ့လား ဟင်"

ဖွားဖွားကြီးပြောမှ လင်းခံ့ခေါင်းထဲဝင်လာတာက တစ်စျေးလုံးအင်္ကျီအပြဲနဲ့ပတ်ပြီးတဲ့အပြင် ဒေါက်တာမကြာခဏဆိုသလိုသူ့ကိုကြည့်ပြီး ရယ်နေတာက ဒီလိုပုံစံကြောင့်လား။အစကမရှက်ပေမယ့် တွေးမိမှပိုပြီး ရှက်လာသလိုလို။ဦးတည်ရာတစ်ခုကိုငေးစိုက်ကြည့်နေရင်း အတွေးလွန်နေတဲ့သူက မေမေ့ရဲ့အနားကပ်အော်သံကြောင့် သတိပြန်ဝင်လာတယ်။

"ဘယ်တွေစိတ်လွင့်နေပြန်တာလဲ ခံ့ခံ့ရယ်။မေမေမေးနေတယ်လေ မယ်ဇလီဖူးတွေက အလစ်သုတ်လာတာလားလို့"

"ဟာ မဟုတ်ပါဘူးမေမေကလည်း သားဝယ်လာတာပါ"

"ဒါဆိုရင်တော့ သေချာပေါက်သူ့ကိုချောတယ်ဆိုပြီး စျေးသည်က ပြောလွှတ်လိုက်လို့ တစ်ဆိုင်လုံးသိမ်းသလိုဝယ်လာတာဘဲ ဖြစ်မှာမေမေ "

My Mother's Ex Became My Beloved HubbyWhere stories live. Discover now