(Zawgyi code)
အဲဒီအဆိပ်သင့်တဲ့အခါ လူဟာ ဆင်ခြေထုံတရားကင်းမဲ့သွားတယ်။
အမှားအမှန်၊ အရှက်သိက္ခာ၊ ကိုယ်ကျင့်တရားတွေကိုမေ့ပြီး သူမကိုပဲ မက်မောစွာလိုချင်မိသွားရော။
တပ်မက်မှုတွေနဲ့တောက်လောင်နေတဲ့မီးတောက်တွေကို ငြှိမ်းသတ်ဖို့ သူမရဲ့နှုတ်ခမ်းကိုထပ်ခါထပ်ခါသာ အငမ်းမရစုပ်ယူနမ်းရှိုက်ခွင့်ရဖို့ အရာရာကိုပေးဆပ်ရဲတယ်။
အဲဒီလို ထပ်ခါထပ်ခါ နမ်းရှိုက်လေလေ... အဆိပ်က သင့်လေလေ...။
အဆိပ်သင့်လေလေ... သင်ဟာ... သူမရဲ့အနားက မခွာနိုင်လေလေ...
ဒီလိုနဲ့ တဖြည်းဖြည်း သူမသိမ်းပိုက်အနိုင်ယူတာမျိုးမဟုတ်ပဲ... ကိုယ်ကသာ လိုလိုချင်ချင် ပေးဆပ်ခင်းကျင်းသုံးဆောင်ခွင့်ပေးနေတာ...
ကိုယ့်ဘ၀ရဲ့ အဖိုးတန်လှပါတယ်ဆိုတဲ့ ကိုယ်ကျင့်တရားတွေ၊ မာန်မာနတွေ၊ အရှက်သိက္ခာတွေ၊ ပျော်ရွှင်မှုတွေ။
ဒါတွေကိုလည်း သူမဟာ သိပ်စိတ်ဝင်စား တန်ဖိုးထားလေ့မရှိပြန်ဘူး။
ကိုယ်ပိုင်ပြီထင်ပြီး အငမ်းမရဖက်ကိုင်ဆုတ်ထားပြီးနောက် ပြန်လည်ဖွင့်ကြည့်လိုက်တဲ့အခါ ကိုယ့်လက်ထဲမှာတင် အရေပျော် ပျောက်ကွယ်သွားသော ရေခဲနဲ့တူသော... မိန်းမ
ကိုယ်မြင်နေရပြီဆိုပြီး လှမ်းကိုင်လိုက်မှ အရိပ်ကဲ့သို့ ပျောက်ကွယ်သွားသော ရေထဲက လရိပ်နဲ့တူသော... မိန်းမ
သောက်လေ သောက်လေ ငတ်မပြေနိုင်သော ပင်လယ်ရေကဲ့သို့သော... မိန်းမ
ထိတွေ့ခံစားခွင့်သာရှိပြီး ကိုယ်ပိုင်မျက်လုံးနဲ့မမြင်နိုင်သော လေပြည်ကဲ့သို့သော... မိန်းမ
အေးချမ်းတယ်လို့ထင်ရပေမယ့် လှိုင်းတန်ပိုးတွေနဲ့ အတွင်းကျိတ်ခက်ထန်ပြီး နားလည်ရခက်ခဲတဲ့ သမုဒ္ဒရာကဲ့သို့သော... မိန်းမ
လှမ်းမြင်ရလွယ်ကူသလောက် အပြေးလေးသွားတွေ့ဖို့ ခက်ခဲလှသော တောင်တန်းတွေကဲ့သို့သော... မိန်းမ
တဏှာရာဂကို ခပ်ပေါပေါ ကော်ဖီတစ်ခွက်လို လွယ်လင့်တကူ ၀ယ်ယူသုံးဆောင်လေ့ရှိသော... မိန်းမ
ထိုမိန်းမကိုမှ... မက်မောစွာ စွဲလန်းမိသော.................. ကျမပိုးပုဝါ။
-------------------------------------------
"ကဲ... မိပိုး... ညည်း ဒီနှစ်လည်း စာမေးပွဲက ကျဦးမှာပဲမို့လား။ ဒီလောက် ညည်းသူငယ်ချင်းတွေထဲက အကုန်လုံးလိုလို နိုင်ငံခြားကိုရောက်နှင့်နေကြပြီ။ ဟိုမှာကျောင်းတွေသွားတက်နေကြပြီ။ ပျော်နေကြပြီ။ ညည်းဒါလည်း အေးဆေးပဲနော်။ တုတ်တုတ်လည်းမလှုတ်၊ သွားချင်စိတ်လည်းမရှိ၊ စာကြိုးစားချင်စိတ်လည်းမရှိ။ ပိုးပုဝါ... ညည်းပြောရဆိုရ တော်တော်လက်ပေါက်ကပ်ပါလား သမီးရယ်..."
လုပ်ပြီ။ မာမီတို့က ပိုးကိုမြင်တာနဲ့ ပြဿနာကို ဘယ်လိုမီးထွန်းရှာရမလဲဆိုတာကိုပဲ ကြည့်နေကြတယ်။
ဒီဆယ်တန်းလေး မအောင်တာကိုပဲ စကားထဲ ထည့်ထည့်ပြောနေကြတာ၊ မပင်ပန်းကြဘူးလားမသိဘူး။
ပိုးက ဒီလောက်တောင် ချမ်းသာကြွယ်ဝနေတာ၊ ဆယ်တန်းမအောင်လည်း ပိုးက ငတ်သေသွားမှာမှမဟုတ်တာ။ နောက်ပြီး အမွေဆက်ခံဖို့တခြားမောင်နှမတွေရှိနေတယ်ဆိုရင်လည်း ထားတော့။ အခုက ပိုးပုဝါဆိုတဲ့ တစ်ဦးတည်းသော သမီးလေးတစ်ယောက်တည်းရှိတာ။
ဒယ်ဒီပိုင်ဆိုင်တဲ့ လုပ်ငန်းတွေမှတစ်ပုံကြီးရယ်။ အဲဒီလုပ်ငန်းတွေကို ဦးစီးပြီး ထိုင်စားပါဦး၊ ပိုးတစ်သက်မဟုတ်ဘူး နောက်ထပ် ဆယ်သက်စားရင်တောင် ကုန်မှာမဟုတ်တာကို ဒယ်ဒီနဲ့မာမီဟာ ဘာ့ကြောင့် ပိုးကို ပညာတတ်ဖြစ်စေ့ချင်နေတာလဲဆိုတာ ပိုးတွေးလို့မရ။
"မဖြစ်ဘူး မိန်းမ။ မင့်သမီးကို ဒီတိုင်းလွှတ်ပေးထားလို့မဖြစ်ဘူး။ အဖေနဲ့အမေက အရမ်းချစ်တယ်ဆိုတာ သိလို့ သက်သက်မဲ့အရမ်းတွေဆိုးသွမ်းနေတာ။ လိုချင်တာ အကုန်လုံးလည်း ၀ယ်ပေးနေတာကို..."
"အမယ်လေး ၀ယ်ပေးတယ်မပြောပါနဲ့ အကိုရယ်။ သူ့ဘာသာသူ သူ့လက်သူ့ခြေ ၀ယ်ချမ်းနေတာပဲလေ..."
"အေးလေ... အေးလေ... အကိုပြောချင်တာလဲ အဲ့ဒါပဲလေ။ မိဘတွေက ချစ်တယ်ဆိုတာသိလို့ အရမ်းအနိုင်ကျင့်နေတာလေ..."
"မရဘူး အကို။ မိန်းမ ဒီထက်တော့ ပိုပြီး သီးမခံနိုင်တော့ဘူး။ ရှင့်သမီးကို ဒီနှစ်ဆယ်တန်း ပြန်တက်ခိုင်းမှဖြစ်မယ်"
"မိန်းမ... သူ ဆယ်တန်းပြန်မတက်ဘူးဆိုရင်တောင် ခါတိုင်းလို အိမ်မှာ ဆရာခေါ်ပြီး သင်ခိုင်းလိုက်။ ဖြေခါနီးမှ ၀င်ဖြေခိုင်းလိုက်..."
"စိတ်ချယောက်ျား... စိတ်ချ။ ဒီတစ်ခါတော့ သူ့အတွက် ဆရာကို သေသေချာချာလေး စုံစမ်းပြီးမှ ခေါ်ပေးမယ်..."
"ခေါ် မိန်းမရေ ခေါ်။ မင့်သမီးကိစ္စ အကိုတော့ တော်တော်လေး ခေါင်းခဲနေတာနော်"
"ဆယ်တန်းအောင် မအောင်ဘူးဆိုတော့ အကိုရယ်... အကို့သမီးအကြောင်း အကိုပဲစဉ်းစားကြည့်..."
"အော် မိန်းမရယ်။ အကိုတောင်စဉ်းစားလို့ကို မရတာပါဆို။ ဟဲ့ ပိုးပုဝါ... မင်းကို ဒယ်ဒီတို့ ဆူနေတာနော်။ မျက်နှာပိုးသတ်ထားစမ်း။ နားက နားကြပ်ကြီးဖြုတ်စမ်း..."
"မိပိုးပုဝါ... ညည်းအဖေက ညည်းကို နားကြပ်ဖြုတ်ဖို့ပြောနေတယ်လေ။ ဖြုတ်လိုက်စမ်း..."
ဒယ်ဒီနဲ့မာမီဟာလေ... တခြားကိစ္စဆို စိတ်သဘောထား ကွဲလွဲချင် ကွဲလွဲမယ်။ ပိုးကို ဆူဖို့ ပူဖို့ဆို တစ်သွေးတည်း တစ်သားတည်း။ တစ်သံတည်း။
အခုလည်း လင်မယားနှစ်ယောက်လုံး ၀ိုင်းပြောနေတာကို စိတ်ညစ်လို့ နားပူလို့ နားကြပ်တပ်ထားတာကို ဖြုတ်ခိုင်းနေပြန်ပြီ။ ပြီးရင်လည်း သူတို့လင်မယားစိတ်ကြိုက် အားရအောင် ၀ိုင်းဆူမယ်။
ဆူပြီးရင် ပိုးအတွက် ဆရာဖြစ်ဖြစ်၊ ဆရာမဖြစ်ဖြစ် တစ်ယောက်ယောက်ကို အိမ်ကိုလွှတ်ပေးမယ်။
ပြီးတာနဲ့ ပိုးကို စာသင်ခိုင်းမယ်။ အဲဒီအခါကျရင် ပိုးက ပညာပြမယ်။
ပညာပြတယ်ဆိုတာ တခြားမဟုတ်။ ပိုးကို စာလာသင်တဲ့ ဆရာကို ပိုးက အမျိုးမျိုး ဒုက္ခပေးတာ။ နောက်တစ်နေ့ စာလာမသင်ချင်တော့လောက်အောင်၊ စာသင်ဖို့ကိုတောင် စိတ်ကုန်သွားလောက်အောင်ကို ပညာပြလိုက်တာ။
အဲဒီလို ပညာပြပြီး ပိုးကပဲ ဒယ်ဒီတို့မာမီတို့ကို အဲဒီဆရာက ဘယ်လိုမကောင်းတာ၊ ပိုးကို ဘယ်လို အနိုင်ကျင့်တာ၊ ပိုးဆီက ပိုက်ဆံတွေဘယ်လိုတောင်းတာဆိုပြီး အတို့ထောင်လုပ်လိုက်တဲ့အခါကျရင်လည်း ဒယ်ဒီတို့ မာမီတို့ဟာ ပိုးစကားကို ယုံတာပါပဲ။
အဲ့လိုယုံပြီး သူတို့လင်မယားခေါ်ထားတဲ့ ဆရာကို သူတို့လင်မယားပဲ အလုပ်ပြန်ဖြုတ်ပစ်လိုက်ကြတာ။
ဒီသံသရာလည်နေတာဖြင့် ၄ နှစ်လောက်တောင်ကျော်ချင်နေပြီ။
အစပိုင်းကတော့ ဆရာခေါ်ပေးမယ်၊ အိမ်မှာစာသင်ရမယ်၊ စာကျက်ရမယ်ဆို ပိုးပုဝါတို့ တော်တော်စိတ်ဆင်းရဲခဲ့ရပေမယ့် အခုတော့ ဒါမျိုးတွေက ပိုးပုဝါအတွက် ရိုးနေပြီ။
တစ်ရက်လောက် စာအသင်ပြလိုက်မယ်။ ပြီးတာနဲ့ ဆရာကိုလည်း ပညာအမျိုးမျိုးပြလွှတ်လိုက်မယ်။
မိဘတွေကိုလည်း အမျိုးမျိုး ကူလီကူမာလုပ်ပြလိုက်မယ်။
အဲ့တော့ အခု ဆရာလွှတ်လိုက်မယ်၊ စာသင်ရမယ်၊ ဆယ်တန်းအောင်အောင်ပြန်ဖြေရမယ်ဆိုရင်လေ ပိုးပုဝါတို့ ရင်ကိုမခုန်တော့တာ။
"ကဲပါ... ဆရာလွှတ်ပေးမယ်မို့လား... လွှတ်ပေးလိုက်ပါ မာမီနဲ့ ဒယ်ဒီရယ်။ ပိုးလည်း အရမ်းတွေကြိုးစားချင်နေပြီသိလား။ ဟုတ်တယ်။ ဟုတ်တယ်။ ဆယ်တန်းအောင်ပြီး ဖြေသင့်တဲ့စာမေးပွဲတွေဝင်ဖြေမယ်။ ပြီးရင် U.S ကိုသွားမယ်။ ဟိုမှာ သူငယ်ချင်းတွေ စုနေကြပြီ။ မရတော့ဘူး ပိုးအရမ်းလိုက်သွားချင်နေပြီ။ ဘယ်တော့လဲဟင် ဆရာက လာမှာ?"
"ဆရာမဟုတ်ဘူး။ ဆရာမ..."
"အိုး ကောင်းတာပေါ့။ ဘယ်တော့လဲလို့... လုပ်ပါဦး။ စာတွေ အရမ်းကျက်ချင်နေပြီ"
"မိပိုးပုဝါ... လာ မရွဲ့နဲ့... လာမရွဲ့နဲ့။ ဒီနေ့ ညနေ ၃ နာရီလောက်ဆို သူလာမယ်တဲ့။ နင်နော် သေချာစာသင်နော်။ အခုလွှတ်ပေးလိုက်မယ့် ဆရာမက ငါ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့ ညီမ။ စာအရမ်းတော်တာ။ သယ်ဟိုးဗမားရဲ့ အဆင့်တစ်ရခဲ့တာနော်... အေး ညည်းကို သူ့လိုဖြစ်ရမယ်လို့ မပြောလိုဘူး။ ဒါပေမဲ့ ဆယ်တန်းလေးတော့ အောင်အောင်ဖြေပေးရမယ်..."
"အော် ပိုးရဲ့ဆရာမလေးက ဒီနေ့ညနေလာမှာလား။ အရွယ်ကရော ဘယ်အရွယ်လဲ မာမီ?"
"ညည်းထက် ၈ နှစ် ၉ နှစ်လောက်တော့ ကြီးမှာပေါ့။ အေးနော် အရင်ဆရာတွေလို ပညာပြမလွှတ်နဲ့နော်။ စာကို ကောင်းကောင်းမွန်မွန်သင်ဖို့လုပ်။ မာမီ မျက်နှာမပျက်ချင်ဘူးနော် ပိုးပုဝါ"
မာမီ့ကို စာကိုကောင်းကောင်းသင်ပါ့မယ်ဆိုတဲ့ ကတိတွေ ပိုးအထပ်ထပ်ပေးလိုက်ရတယ်။
နေ့လည်စာစားပြီးတည်းက ဆရာမလာရင် ပညာပြဖို့ စီစဉ်နေမိပြီ။
မြန်မာတစ်နိုင်ငံလုံးရဲ့ အဆင့်တစ်ရခဲ့တယ်ဆိုတည်းက သေချာတယ်၊ စာကြမ်းပိုးပုံလေးပဲဖြစ်မှာ။
ပိန်ချင်ပိန်မယ်၊ ၀ချင်ဝမယ်၊ ခါးတော့ ကိုင်းလိမ့်မယ်။ စာတွေကို ကုန်းရုန်း နင်းကန်ကျက်ခဲ့ရတယ်ဆိုတော့လေ။
နောက်ပြီး မျက်မှန်အထူကြီးတော့ တပ်ထားမှာ မလွဲဧကန်ပဲ။
စာနဲ့ပဲ အချိန်ကုန်ခဲ့တဲ့အမျိုးသမီးမို့ စကားပြောရင် မ၀ံ့မရဲနဲ့ ကြောက်နေလိမ့်မယ်။ အဲ့လို မနူးမနပ်လေးကို ပိုးပုဝါတို့က တဂျွတ်ဂျွတ်မြည်အောင် ၀ါးစားပြစ်လိုက်ဖို့ဆိုတာ ခဲယဉ်းတဲ့အလုပ်မှ မဟုတ်တာကြီးကို။
ကိုယ့်အတွေးနဲ့ကိုယ်... ပိုးပုဝါဟာ သိပ်တောင် မပြင်ဆင်တော့ပဲ ဆရာမလာမယ့်အချိန်လေး စောင့်မျှော်နေမိတော့တာပေါ့။
-------------------------------------------
ပိုးပုဝါတို့အိမ်ရဲ့ ညနေ ၃ နာရီဆိုတဲ့အချိန်ဟာ တကယ်ကို တိတ်ဆိတ်နေတဲ့အချိန်။
ဒယ်ဒီ ဦးမိုးထက်မြင့်နဲ့ မာမီဒေါ်ငုဝါတို့ Company သွားနေတဲ့အချိန်။
ဒေါ်ကြီးအေးက ဒီအချိန်ဆို ထမင်းအ၀တီးပြီး နောက်ဖေးခန်းရဲ့ ကပ်လျက်က အိပ်ခန်းမှာ တရေးတမော နှပ်နေတဲ့အချိန်။
ခြံစောင့် ဦးနဂါးလည်း ဘာထူးလဲ။ ကားဆေးမယ်ဆိုပြီး ကားဂိုထောင်ဖက်မှာ အိပ်မောကျနေလောက်ပြီ။
တစ်အိမ်လုံးမှာ မအိပ်ပဲရှိနေတာဆိုလို့ ပိုးပုဝါတစ်ယောက်တည်းရယ်။ တကယ်လို့ ဧည့်သည်လာမယ်ဆိုရင်တောင် အဲဒီဧည့်သည်ဟာ ပိုးတို့အိမ်ထဲဝင်ရဖို့ တော်တော်လေးကို ကြိုးစားရုန်းကန်ရဖို့။
ပိုးတစ်ယောက်တည်း တွေးပြီးပြုံးမိတယ်။ ဟို သယ်ဟိုးဗမားလေးတစ်ယောက် ခြံရှေ့ မယောင်မလည်နဲ့ ခြံမှာရှိတဲ့ လူခေါ် ဘဲလ်ကိုလည်း မတီးရဲပဲ ပြန်သွားရမယ့်ဖြစ်ချင်း။
ပိုး ဘာမှတောင် အားမစိုက်လိုက်ရပဲ စာသင်မယ့်ဆရာမက ငိုမဲ့မဲ့လေးဖြစ်နေဦးမှာ။ မာမီတို့ပြန်လာလည်း အော် ပိုးက စောင့်နေတယ်ပေါ့၊ ဆရာမက သွသူမလာတာပေါ့၊ ပိုးမှာတော့ စောင့်ရင်းနဲ့ ပင်ပန်းရပါတယ်ပေါ့... ဒရမ်မာတွေ ချိုးပစ်လိုက်ဦးမှဆိုတဲ့အတွေးနဲ့ ပြုံးဖြီးဖြီးကြီးဖြစ်နေခဲ့ရတာ။
ဒါပေမယ့် ၃ နာရီထိုးတာနဲ့ စာတစ်စောင်ဝင်လာတယ်။
"တို့... စာသင်ရမယ့်အခန်းထဲမှာ ရောက်နေပြီ ... ဆင်းခဲ့တော့ ပိုးပုဝါ"
အမိန့်ဆန်ဆန် စာတိုလေးတစ်စောင်။ ပို့လိုက်တဲ့ ဖုန်းနံပါတ်က အသစ်။
ထိုစာကို ဖတ်ရင်း ပိုးနားမလည်ဖြစ်ခဲ့ရတယ်။
အိမ်တံခါး ခြံတံခါးတွေပိတ်ထားတဲ့ကိစ္စ။ သူက ဘယ်က ဘယ်လို အိမ်ထဲက စာသင်ရမယ့်အခန်းထဲအထိ ရောက်နေရတာလဲပေါ့။
ဘာပဲဖြစ်ဖြစ်... တစ်ချက်တော့ဆင်းကြည့်လိုက်မယ်ဆိုတဲ့အတွေးနဲ့ ပိုးပုဝါ အိမ်နေရင်း ဂါဝန်အပါးလေးနဲ့ စာသင်တဲ့အခန်းထဲဆင်းခဲ့လိုက်တယ်။
အခန်းထဲစ၀င်တာနဲ့ ရလိုက်တဲ့ ရေမွှေးနံ့တစ်ခု။
စိမ်းမြမြအနံ့ဟာ လူကို ဆွဲဆောင်တာလား၊ မောင်းထုတ်နေတာလား မသဲကွဲ။
နောက်ပြီး ထပ်ရလိုက်တဲ့ စီးကရက်အနံ့။ ဘယ်သူကများ အဲကွန်းအခန်းထဲ စီးကရက်သောက်နေတာလဲဆိုတဲ့အတွေးနဲ့ ပိုး ဒိန်းခနဲ ဒေါသထွက်သွားရတယ်။
အခန်းထဲဝင်လိုက်တာနဲ့ ပြတင်းပေါက်တစ်ခုကို ဖွင့်ကာ ပြတင်းပေါက်ဖက် မျက်နှာလှည့်ထားပြီး ပိုးကို ကျောပေးထားတဲ့ အမျိုးသမီးတစ်ယောက်။
အရပ်က သိသိသာသာ ပိုးထက်မြင်လွန်းနေတယ်။ အနက်ရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားတဲ့ ထိုအမျိုးသမီးဟာ ဆံပင်တွေကလည်း နက်မှောင်နေတယ်။ ပြတင်းပေါက်ဘောင်ကို လက်နဲ့ထောက်ပြီး စမတ်ကျကျရပ်နေတဲ့ သူမဟာ ရဲတင်းလိမ့်မယ်လို့ တွေးမိပြန်သေးတယ်။
စီးကရက်ကို လက်ကြားညှပ်ထားတဲ့လက်ချောင်းတွေဟာ သွယ်ပြီးရှည်လွန်းတယ်။ လက်ဖမိုးမှာ သွေးကြောစိမ်းစိမ်းတွေက ထောင်ထဲနေတယ်။
"အဟမ်း... ဟမ်း..."
သူမရဲ့မျက်နှာကို မြင်ချင်လာလို့လား မသိဘူး။ ချောင်းဟန့်သံလိုလို ပေးမိတော့ သူမ လှည့်ကြည့်လာတယ်။
မျက်မှန်အ၀ိုင်းလေးတပ်ထားတယ်။ ဒါပေမဲ့ ပိုးထင်ထားသလို စာကြမ်းပိုးရုပ်လုံးဝ မဟုတ်ဘူး။
ရဲတင်းလှတဲ့ မျက်ဝန်းနက်နက်တွေရဲ့အပေါ်မှာ နက်မှောင်ထူထဲနေတဲ့ မျက်ခုံးတစ်စုံရှိတယ်။
ကပိုကရိုစည်းထားတဲ့ ဆံပင်နက်နက်တွေဟာ သူမမျက်နှာကို ပိုမိုထင်ပေါ်အောင် မီးမောင်းထိုးပေးနေသလိုပဲ။
မျက်တောင်ကော့ကော့ကြီးတွေက ပါးမို့ပေါ်မှာတောင် အရိပ်ကျချင်နေတယ်။ နှာခေါင်းဟာ ချွန်ပြီး ထောင်မောင်းနေတယ်။ နှုတ်ခမ်းတွေက ထူထူထဲထဲရှိတယ်။ ပါးရိုးသွယ်သွယ်နဲ့ ထိုအမျိုးသမီးဟာ ယောက်ျားဆန်စွာ လှပလွန်းတယ်။
ရှပ်အင်္ကျီအဖြူကို အနက်ရောင်ကုတ်အင်္ကျီနဲ့တွဲဝတ်ထားပြီး အောက်က စတိုင်ပန် အနက်ကို ဆင်မြန်းထားတယ်။
စမတ်ကျတဲ့အ၀တ်စားတွေဝတ်ထားပေမယ့် ကပိုကရိုပုံစံပါပဲ။
"၂ မိနစ်... နောက်ကျတယ်..."
လက်ထဲက စီးကရက်ကို အားနဲ့ တစ်ချက်ရှိုက်ဖွာကာ ပြတင်းပေါက်မှ တောက်လွှတ်လိုက်ပြီး ပိုးကို လက်နှစ်ချောင်းထောင်ပြရင်းပြောတယ်။
သူမပါးစပ်က တငွေ့ငွေ့ထွက်လာတဲ့ စီးကရက်ငွေ့တွေဟာ ပိုးကို စိုးမိုးလွန်းနေတယ်။
"ကဲ ထိုင်စမ်း..."
ထိုင်ခုံကို မေးငေါ့ပြရင်း အမိန့်ပေးသလိုကြီးပြောလာတော့ ပိုးတင်းသွားပြီ။
ဘယ်လိုလဲ... အရင်က ပိုးပဲ ပညာပြခဲ့တာလေ။ ခု သူမပြောသလို လုပ်ရမယ်တဲ့လား။
"ထိုင်လို့ပြောနေတာ... နားပါပြီး အပေါက်မပါဘူးလား?"
စိတ်မြန်လက်မြန်ပုံစံနဲ့ ပိုးဆီသို့ ခြေလှမ်းကျဲကြီးတွေနဲ့ရောက်လာတဲ့ သူမက ပိုးလက်မောင်းကို ဆောင့်ဆွဲကာ ထိုင်ခုံတွင် ထိုင်ချပစ်လိုက်တယ်။
ပိုးမှာ အရုပ်လေးလိုပဲ။ ဆတ်ခနဲ ထိုင်ကျသွားရတဲ့အဖြစ်။
"ငါက ပြောရင် နားထောင်တာပဲ ကြိုက်တယ်... ရှင်းလား ပိုးပုဝါ..."
အမိန့်ဆန်ဆန်စကားတွေကိုပြောနေတဲ့ သူမဟာ ပိုးရဲ့ ကိုယ်ပေါ်ကို ကိုင်းငိုက်ကာ မိုးပြီးပြောနေတာ။
စားပွဲပေါ်ကို ထောက်ထားတဲ့ လက်တစ်ဖက်က အကြောတွေဟာ ထောင်မတ်နေပြီး လက်ညိုးက စားပွဲကို ခေါက်တယ်။
"ရှင်နော်... ဆရာမဆိုပြီး အနိုင်မကျင့်ပါနဲ့..."
"ဒါကို အနိုင်ကျင့်တယ်လို့ မင်းက သတ်မှတ်နေတလား... အဟက်..."
ဟန်ပါပါရယ်မောရင်း ပိုးရှေ့က စားပွဲပေါ် တင်မလွဲထိုင်လိုက်တယ်။ ပိုးထိုင်နေတဲ့ ခုံစွန်းပေါ်ကို ခြေထောက်တစ်ချောင်းပစ်တင်လိုက်တယ်။
ဟယ် အပြုမူတွေက အရမ်းကို စိုးမိုးလွန်းကာ ဆရာကြီးအထာနဲ့။
ပိုး... သူမကို မုန်းလိုက်တာ မုန်းလိုက်တာ။
"မှတ်ထား... တကယ်အနိုင်ကျင့်ရင် မင်း ဒီနားမှာတင် သေသွားမှာ"
ပခုံးကိုလှမ်းပုတ်ကာပြောတဲ့ အထိတွေ့မှာ ပိုးပျော်ဝင်ချင်သလိုလို။
"ဒီမှာ... ရှင် ကျမကို အနိုင်ကျင့်တယ်ဆိုပြီး မာမီနဲ့ ပြန်တိုင်မယ်"
"တိုင်မယ်??? အင်း တိုင်လေ... ဘယ်လိုအနိုင်ကျင့်တယ်လို့ တိုင်မှာလဲ.... ပြောကြည့်စမ်း..."
"ဟို... ဟို... ရှင်... ရှင်က ကျမကို စာသင်မယ်ဆိုပြီး လက်မောင်းကို ဆွဲဆောင့်ထိုင်ခိုင်းတယ်လို့..."
"အင်း ဟုတ်တယ်လေ။ တကယ်လည်း ဆွဲဆောင့်ထိုင်ခိုင်းတာပဲ... နောက်ရော?"
"နောက်ပြီး ပခုံးကို လက်ပုတ်ပြီး ဖျစ်ညှစ်တယ်လို့..."
"အင်း အဲဒါလည်း ဟုတ်တယ်လေ။ တကယ်ပဲ ဖျစ်ပစ်လိုက်တာ.... ဒါပေမဲ့ ဒီလောက်နဲ့ အနိုင်ကျင့်တယ်လို့ သတ်မှတ်လို့မှမရတာ ပိုးပုဝါ..."
"အံမယ် သတ်မှတ်လို့ရတာကို ပြောပြစ်မှာပေါ့..."
"ကဲ ပြောပြစမ်းပါဦးကွာ... ဘယ်လိုမျိုးပြောပြစ်မှာလဲ?"
"ရှင်က မိန်းမဆိုပေမယ့် ဒီလောက်ကြီး လူကောင်ကလည်းကြီးမားနေတယ်၊ နောက်ပြီး အပြုအမူကလည်း ကျားလျားနေတာကြီး..."
"အာဟာ... အဲ့တော့..."
"ဟို... ဟို... ရှင်... ရှင် ပိုးကို နမ်းတယ်လို့ ပြောမှာ..."
"နမ်းတယ်??? ဘယ်ကို???"
"နှုတ်ခမ်းကိုပေါ့... ဟို... ခေါင်းကို ကုတ်ကနေ လှမ်းဆွဲပြီး ဖိနမ်းတာလို့... အင့်... အွတ်..."
"ပြွတ်..."
ပိုးစကားမဆုံးလိုက်ရဘူး သိလား။
သူမက ပိုးပြောသလိုမျိုး ပိုးရဲ့ ကုတ်ပိုးကနေ လှမ်းဆွဲယူကာ ပိုးရဲ့ နှုတ်ခမ်းကို စုပ်နမ်းပြစ်တာ။
နမ်းတယ်ဆိုတာ နှုတ်ခမ်းချင်း တေ့ထိပြီး ဖိနမ်းတာမဟုတ်ဘူးရယ်။
ပိုးရဲ့ အပေါ်နှုတ်ခမ်းလွှာကို အရင်ဆုံး စစုပ်နမ်းတာ။ ပြီးတော့ အောက်နှုတ်ခမ်းကိုထပ်စုပ်တယ်။
ပြီးတော့ နှုတ်ခမ်းလွှာနှစ်ခုလုံးကို အားရပါးရနဲ့ စုပ်နမ်းပစ်တယ်။
နမ်းနေရင်း သူမရဲ့လျှာက ပိုးရဲ့ ပါးစပ်ထဲအထိ တိုးတိုးဝင်လာသေးတာ။ အဲဒီအခါ ပိုးက ပိုးလျှာနဲ့ ပြန်တွန်းထုတ်မိတော့ သူမက ပိုးရဲ့လျှာဖျားကိုပါ စုပ်ပစ်တာ။
အို... ပိုးနှုတ်ခမ်းရော လျှာကို အကုန်လုံး အကုန်လုံးကို အားရပါးရနဲ့ စုပ်နမ်းပြစ်လိုက်တာ။
"အင်း... အွမ်း...ဖယ်... အင်း..."
နမ်းတယ်ဆိုတာကလည်း တစ်ချက်စုပ်ပြီးဖယ်ပေးလိုက်တာမျိုးမဟုတ်ဘူး။
စိတ်မထမချင်း အားရပါးရ နမ်းပြစ်နေတာမျိုးကြီး။
အနမ်းခံရရချင်း ပထမပိုင်း ပိုးက တွန်းထုတ်၊ ရှောင်ဖယ်ဖို့ ကြိုးစားမိသေးတယ်။ ဒါပေမဲ့ သူမရဲ့ အနမ်းကလေ နူးညံ့နေတာမျိုးမဟုတ်ပေမယ့် ဆွဲဆောင်မှုရှိလွန်းနေတယ်။
ပိုး အရင်က တစ်ခါမှ အခုလို အနမ်းမခံရဖူးဘူး။
အနမ်းတွေဟာ ကြမ်းရှရှနဲ့ ပြင်းထန်လွန်းတယ်။
"အား... နာတယ်လို့... ဖယ်..."
ဖယ်ခိုင်းနေလည်း မဖယ်ဘူးရယ်။ နှုတ်ခမ်းနှစ်လွှာလုံးကို အားရပါးရကို စုပ်ယူနမ်းရှိုက်နေတာ။
အနည်းဆုံး ၂ မိနစ်လောက်တော့ ကြာနိုင်တယ်။
သူမရဲ့ အနမ်းနဲ့ ထိတွေ့ရင်း ပိုးလည်း မျော့မျော့ပဲကျန်ချင်နေပြီ။ သိသိသာသာ ငြိမ်ကျသွားရပြီ။ သိသိသာသာပျော်ဝင်သွားရပြိ။
နမ်းပြီး ပိုးကို လွှတ်ပေးလိုက်ရင်း သူမက အထာပါပါ မေးစေ့ကို လက်ဖမိုးနဲ့ သုတ်ပြနေသေးတာ။
"ဘယ်လိုလဲ ကောင်းရဲ့လား?"
"အဟင့်... ဟင့်... တိုင်မယ်... ရှင့်ကို တိုင်မယ်..."
တခါမှအနမ်းမခံရဖူးတဲ့ ပိုး။ နောက်ပြီး နမ်းခံရတာလည်း ညှင်သာတာမျိုးမရှိတဲ့အပြင် ပိုးငြိမ်ကျသွားမှ အောင်နိုင်သူလို ပြုံးချလိုက်ရင်း နမ်းတာကို ရပ်ပြစ်လိုက်တာ သူမက။
ဒါ သက်သက်ကြီး သူများအိမ်ပေါ်ကိုတက်ပြီး သူများကို အနိုင်ကျင့်တာ။
"အင်း တိုင်ဖို့လေ... မင်း တိုင်မယ်ပြောလို့ တကယ်နမ်းပစ်တာ။ နမ်းတယ်လို့ပဲ တိုင်တာထက် ပိုထိရောက်အောင် မင်းကို တို့က အတင်းအဓ္ဓမပြုကျင့်သွားပါတယ်လို့ရော တိုင်ချင်စိတ်မရှိဘူးလား... တိုင်ချင်ပြောနော်... မင်းကို အခု ဒီနေရာမှာတင် တို့ မုဒိန်းကျင့်ပေးမယ်..."
-------------------------------------------
ဆက်ရန်...
ကဲ... ဘယ်လိုလဲ ဇာတ်လမ်းအခြေအနေ?
စိတ်ဝင်စားရဲ့လား?
Comment မှာပြောပေးသွားဦးဟာ... နော်။
-------------------------------------------
(Uni code)
YOU ARE READING
မက်မောစွဲလန်းရပါသော... သူမ
Любовные романыသူမရဲ့နှုတ်ခမ်းမှာ အဆိပ်တစ်မျိုးရှိတယ်။ အဲ့အဆိပ်သင့်ရင် အမှားမှန်၊ အရှက်သိက္ခာ၊ ကိုယ်ကျင့်တရားတွေကိုမေ့ပြီး သူမကိုပဲ မက်မောစွာ လိုချင်မိစေတာမျိုး။