(Zawgyi code)
ဒယ်ဒီက လောင်းကစားမက်တယ်။ မာမီလည်း မထူးပါဘူး။ လောင်းကစားမက်တယ်။
ဒါပေမဲ့ ဒယ်ဒီ့လောက်တော့ မသုံးဘူးပေါ့။
လောင်းကစားမက်တဲ့ဒယ်ဒီက ဂုဏ်ရှိန်ဝါဆယ်တန်းမှာ ပွဲကြီးတစ်ခုဝင်ဆော့လိုက်တာ စည်းစိမ်အကုန်ပါသွားတဲ့အပြင်၊ လက်ရှိနေနေတဲ့ အိမ်ကိုပါ ပေါင်ပြီး လောင်းကစားထဲ ထည့်လိုက်တယ်တဲ့။
နောက်တော့ ရှုံးသွားတယ်။
တစ်လအတွင်းပဲ ဂုဏ်ရှိန်ဝါတို့ မိသားစု တိုက်ခန်းလေးတစ်ခုငှားနေရတဲ့အဆင့်ထိဖြစ်သွားတယ်။
အဲဒီမှာတင် ဂုဏ်ရှိန်ဝါတို့မိသားစုထဲကို ၀င်ရောက်လာတဲ့ ပျို့ယမင်း။
ပျို့ယမင်းက ဂုဏ်ရှိန်ဝါ့အမ မိုးစက်ဝေနဲ့ဆို အရွယ်တူပဲ။
ဂုဏ်ရှိန်ဝါတို့မိသားစု စပြီးစီးပွားပျက်တဲ့အချိန်က ဂုဏ်ရှိန်ဝါက All D နဲ့ မြန်မာတစ်နိုင်ငံလုံး ပထမအဆင့်နဲ့ ဆယ်တန်းအောင်တဲ့နှစ်။
ဆယ်တန်းစာမေးပွဲအောင်စာရင်းကြည့်ပြီး အိမ်ပြန်လာတဲ့ ဂုဏ်ရှိန်ဝါဟာ လွတ်လွတ်လပ်လပ် မပျော်လိုက်ရဘူး။
အိမ်မှာစီးပွားပျက်တာတွေ၊ အိမ်ပြောင်းပေးရမှာတွေနဲ့ ဆူညံပွက်လောရိုက်နေခဲ့တယ်။
လောင်းကစားကိုမက်ကြတဲ့မိဘတွေကလည်း သားသမီးပညာရေးကို ဂရုမစိုက်နိုင်အားကြပြန်ဘူး။
ဒီတော့ ဆယ်တန်းကိုထူးထူးချွန်ချွန်အောင်ခဲ့တဲ့ ဂုဏ်ရှိန်ဝါလည်း ရှေ့ဆက် ဘာလုပ်ရမှန်းကို မသိခဲ့ရတာ။
ဒါ့အပြင် မိုးစက်ဝေကလည်း အဲဒီတုန်းကမှ ဆေးကျောင်း Third MB ပဲရှိသေးတာ။
ဆေးကျောင်းဆက်တက်ဖို့က ငွေလိုနေပြီ။
အခုတောင် တိုက်ခန်းကျဉ်းကျဉ်းလေးပြောင်းနေရလို့ ဗြောင်းဆန်နေကြတဲ့ မိဘတွေက မိုးစက်ဝေရဲ့ ပညာရေးကိုလည်း ထည့်မစဉ်းစားကြအားပြန်။
ဒီတော့ သူမတို့ညီအမနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး ဘာဆက်လုပ်ကြမလဲဆိုတာ တိုင်ပင်ရတော့တယ်ပေါ့။
အနစ်နာခံတတ်တဲ့ ဂုဏ်ရှိန်ဝါကတော့ မိုးစက်ဝေကို ကျောင်းဆက်တက်၊ သူမ အလုပ်ထွက်လုပ်မယ်ဆိုပြီးပြောတယ်။
ဒါပေမဲ့ ဆယ်တန်းအောင် ကောင်မလေးတစ်ယောက်ရဲ့ တစ်လစာဝင်ငွေက သူ့အမကို ကျောင်းထားပေးဖို့ကျပြန်တော့လည်း မတတ်နိုင်ပြန်။
အဲဒီမှာပဲ ဒယ်ဒီနဲ့ လောင်းကစားဖော် ပျို့ယမင်းက မိုးစက်ဝေကို ကျောင်းဆက်ထားပေးမယ်၊ ပျို့ယမင်းကိုလည်း ဆေးကျောင်းတက်ခိုင်းမယ်ဆိုပြီး သူမတို့ မိသားစုထဲဝင်ချလာတာ။
အစပိုင်းမှာတော့ ပျို့ယမင်းဟာ သူမတို့ မိသားစုအတွက် ကယ်တင်ရှင်မကြီးလိုဖြစ်ခဲ့ပေမယ့် နောက်ပိုင်းကျ ပျို့ယမင်းရဲ့ ရုပ်လုံးက တဖြည်းဖြည်း ပေါ်လာတာ။
ပျို့ယမင်းက ကူညီပေးမယ်ဆိုပြီး သိခဲ့ရာကနေ၊ သူမအပေါ် မရိုးသားဘူးဆိုတာ သူမ သိခဲ့ရတယ်။
မိဘတွေ၊ အိမ်သားတွေ မရှိရင် မရှိသလို သူမအပေါ် အထိတွေ့တွေ၊ စကားတွေနဲ့ ရိသဲ့သဲ့လုပ်ခဲ့တယ်။
သူမကလည်း အဲဒီတုန်းက ရည်းစားတောင် ထားဖူးခဲ့တာမဟုတ်။ အဲဒီတော့ ပျို့ယမင်းကိုတွေ့ရင်ကို အလိုလို ကြောက်လန့်မိနေတာ။
ပျို့ယမင်းရဲ့ အကူညီတွေကိုလည်း လက်သာခံနေရပေမယ့်လိပ်ပြာလည်းမလုံပြန်ဘူး။
နောက်တော့ ပျို့ယမင်းက ဆေးကျောင်းတဲ့နီးတဲ့နေရာမှာ တိုက်ခန်းတစ်ခုဝယ်ပြီး သူမကို နေစေလိုက်တယ်။
အဲဒီလို နေခိုင်းလိုက်တာကိုက သူမကို သူမမိသားစုနဲ့ ဝေးအောင်လုပ်လိုက်သလိုပဲ။
နောက်မှ သူမ သိလိုက်ရတာက ဒယ်ဒီ့ကို ဖဲလိမ်ရိုက်ပြီး ပိုင်ဆိုင်မှုတွေကို တစ်ဖက်လှည့်နဲ့ အပိုင်ယူသွားတာ ပျို့ယမင်းတဲ့။
ဒါကိုသိတော့ သူမက တော်တော်လေး ပေါက်ကွဲခဲ့ပေမယ့် မာမီကတော့ နေရာမှာတင် သွေးဆောင့်တက်ပြီး ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့ရတယ်။
မာမီသေပြီး တစ်နှစ်လောက်တောင်မကြာဘူး။ ဒယ်ဒီလည်း သူ့အမှားတွေကြောင့် သူ့မိန်းမ သေခဲ့ရတယ်ဆိုတဲ့စိတ်ကြီးနဲ့ အရက်သမားလုံးလုံးဖြစ်ရင်းက သေဆုံးသွားခဲ့ရတယ်။
ဒီတော့ ပျို့ယမင်းလက်ထဲမှာ မိုးစက်ဝေနဲ့ ဂုဏ်ရှိန်ဝါတို့ မလူးသာမလှိမ့်သာ ကျန်နေခဲ့ရတယ်။
ဒါပေမဲ့ ဆရာဝန်မဖြစ်ချင်လည်းနေဟာ၊ ကိုယ့်မိသားစုကို ဖျက်ဆီးခဲ့တဲ့ ဒီမိန်းမလောင်းရိပ်အောက်မှာတော့ ဆက်မနေနိုင်ဘူးဆိုပြီး သူမတို့ ညီအမနှစ်ယောက် ဆုံးဖြတ်ခဲ့ကြတယ်။
ဒါနဲ့ပဲ ပျို့ယမင်းပေးထားတဲ့ တိုက်ခန်းမှာ သူမ မနေတော့ပဲ မိုးစက်ဝေနဲ့ ပြောင်းနေဖို့ပြောတဲ့နေ့မှာ ပျို့ယမင်းက Video ဖိုင်တစ်ခု ဖွင့်ပြခဲ့တယ်။
အဲဒီ Video ဖိုင်က တခြားမဟုတ်။ ပျို့ယမင်းရဲ့ မွေးနေ့ပွဲမှာ သူမနဲ့အတူ မိုးစက်ဝေကိုပါ ပျို့ယမင်းက ဖိတ်ခဲ့တယ်။
ကျေးဇူးရှင်ဆိုတဲ့ခေါင်းစဉ်နဲ့ သူမတို့ ညီအမလည်း သွားခဲ့တယ်ဆိုပါတော့။
အဲဒီညမှာပဲ မိုးစက်ဝေ သောက်တဲ့ အရက်ထဲ ဆေးခပ်ခံခဲ့ရတယ်ဆိုတာ သူမလည်း မသိခဲ့ဘူး။
မိုးစက်ဝေ ထင်တာကတော့ မသောက်ဖူးလို့ အရက်တွေသောက်ပြီး မူးသွားတယ်၊ မနက်မိုးလင်းတော့ အိမ်ပြန်ခဲ့တယ်ပေါ့။
အိမ်ပြန်ရောက်မှ မိုးစက်ဝေသိလိုက်ရတာက သူမ အဲ့ဒီညက Rape လုပ်ခံခဲ့ရတယ်။
ဒါကို ညီမဖြစ်သူကိုလည်း ဖွင့်မပြောဘူး။ တစ်ယောက်တည်း ကျိတ်ခံခဲ့တယ်။
မူးမူးနဲ့ ဘာတွေဖြစ်သွားလဲဆိုတာကိုလည်း မိုးစက်ဝေက မမှတ်မိဘူးဆိုတော့ ရဲကိုလည်း တိုင်ဖို့က ခက်ခဲနေပြန်တယ်။
ရဲတိုင်ရင်လည်း ကိုယ့်အရှက်ကိုယ်ခွဲသလိုဖြစ်မှာစိုးလို့ မိုးစက်ဝေ နှုတ်ဆိတ်နေခဲ့ခြင်းဟာ ပျို့ယမင်းအတွက် ပိုပြီး အဆင်ပြေခဲ့တယ်ဆိုပါတော့။
အဲဒီ Video ထဲမှာက မိုးစက်ဝေဟာ ယောက်ျား ၃ ယောက်နဲ့ အတူတူပျော်ပါးနေတဲ့ Video.
ဒါကိုမြင်တော့ သူမ တော်တော်လေး ရှက်သွားခဲ့တယ်။
မိုးစက်ဝေဆီသွားပြီး အဖေနဲ့အမေဆုံးတာတောင် မကြာသေးတဲ့အချိန် မိုးစက်ဝေ ဘာလို့ ဒီလောက်တောင် ပျက်စီးသွားတာလဲဆိုပြီး ပေါက်ကွဲမိတယ်။
ဒီလိုပေါက်ကွဲမိခြင်းကိုက မိုးစက်ဝေအတွက် ဘ၀မိုးမှောင်ကျသွားခဲ့ခြင်းဆိုတာ သူမ မသိခဲ့။
တစ်ပတ်ပဲကြာတယ်။
မိုးစက်ဝေဟာ ညီမဖြစ်သူက အထင်သေးသွားပြီ၊ အဆက်သွယ်ဖြတ်သွားပြီဆိုတဲ့စိတ်နဲ့ အဆိပ်သောက်သေခဲ့တယ်။
မိုးစက်ဝေရဲ့ သေဆုံးခြင်းဟာ သူမကို ဆိုးသွမ်းပျက်စီးစေခြင်းရဲ့ အစပါပဲ။
မိုးစက်ဝေ သေဆုံးပြီးနောက်ပိုင်း သူမ ပေါက်ကွဲမိတဲ့အပေါ် အရမ်းကိုနောင်တရခဲ့တယ်။
ဘယ်လိုမှလည်း ပြန်ပြင်ဆင်နိုင်ခွင့်မရှိတော့ဘူး။
ကျောင်းလည်းဆက်မတက်နိုင်တော့ဘူး။
အရမ်းကို စိတ်ဝင်စားခဲ့တဲ့ ကျောင်းစာကိုလည်း စွန့်လွှတ်ခဲ့မိတယ်။
ဘ၀ကို ဖြစ်သလို ရွက်လွှင့်ခဲ့မိတယ်။
မိန်းမတွေအများကြီးနဲ့ပတ်သတ်ခဲ့မိတယ်။
ဘယ်သူ့ကိုမှ ပေးမသိသေးတဲ့အဖြစ်တစ်ခုက ဒယ်ဒီဆုံးလို့ စိတ်ညစ်နေတဲ့ သူမကို ပျို့ယမင်းဟာ အလိုမတူပဲ အတူတူနေသွားခဲ့တယ်။ သူမရဲ့အပျိုစင်ဘ၀ကို ယူသွားခဲ့တယ်။
ဒါပေမဲ့ သူမ သီးခံခဲ့တယ်ဆိုတာ အမဖြစ်သူ မိုးစက်ဝေရဲ့ ပညာရေးကြောင့်ပဲ။
ခုတော့ အဲဒီအမလည်း မရှိတော့ဘူး။
ဒီတော့ သူမ စိတ်ထင်တိုင်း ကျဲတော့တာပေါ့။
ဒါပေမယ့် မိုးစက်ဝေက ဘာ့ကြောင့် အဆိပ်သောက်သေသွားတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ဘူး။
သူမက မိန်းမတကာနဲ့တွဲပြီး ဘ၀ကို ဖြစ်သလို ဖြတ်သန်းတာကို ပျို့ယမင်းက မကြိုက်ဘူး။
ပျို့ယမင်းက သူမကို တစ်ဦးတည်းသာ ပိုင်ဆိုင်ချင်တာ။
ဒါကိုသိတဲ့ သူမကလည်း ပျို့ယမင်းမကြိုက်မှန်းသိလို့ကို ပျက်စီးခဲ့တာ။
ဒီလိုနဲ့လူရည်လည်လာတဲ့ သူမက ပျို့ယမင်းနဲ့အဆက်ဖြတ်ဖို့ကြိုးစားတဲ့အခါ ပျို့ယမင်းက မင်းအမ ဘာ့ကြောင့် အဆိပ်သောက်သေသွားခဲ့လဲဆိုတာ လူတွေအကုန်လုံး သိသွားအောင် ဒီ Video ကို ချပြလိုက်ရမလားဆိုတဲ့ ခြိန်းခြောက်မှုနဲ့အတူ သူမကို အဆက်သွယ်မဖြတ်အောင် ကြိုးစားခဲ့ပြန်တယ်။
ဒါနဲ့ပဲ သူမဟာ ပျို့ယမင်းနဲ့ ဆက်တွဲနေခဲ့ရတယ်။
ဒါပေမဲ့လည်း သူမက ပျို့ယမင်းအပေါ် လုံးဝ စိတ်မပါခဲ့ဘူး။ စိတ်မပါတဲ့ Sex ဟာ လူကို သိပ်ကို ပူလောင်စေတယ်ဆိုတာ သူမမှလွဲပြီး ဘယ်သူမှ မသိနိုင်ဘူး။
ပျို့ယမင်းဟာ သူမကိုမြင်ရင်ကို အလိုလိုဆာလောင်နေခဲ့တာမျိုး။
နောက်ပိုင်း သူမဟာ ပျို့ယမင်းနဲ့အတူမနေချင်တော့တဲ့အတွက် အခုနေတဲ့အဆောင်ကိုပြောင်းပြီးနေခဲ့လိုက်တာ။
ပျို့ယမင်းကတော့ ခွင့်မပြုဘူးပေါ့။
ဒါ့အပြင် အခုဆေးရောင်းနေရတာလည်း ပျို့ယမင်းရဲ့စေခိုင်းမှုပဲ။
သူမကလည်း ကိုယ်ပိုင်ဝင်ငွေလိုချင်နေတာ ပါတာပေါ့။
ဝင်ငွေခိုင်ခိုင်မာမာရတာနဲ့ နိုင်ငံခြားကို အပြီးခြေရာဖျောက်ထွက်သွားဖို့ သူမ ဆုံးဖြတ်ထားတယ်။
YOU ARE READING
မက်မောစွဲလန်းရပါသော... သူမ
Romanceသူမရဲ့နှုတ်ခမ်းမှာ အဆိပ်တစ်မျိုးရှိတယ်။ အဲ့အဆိပ်သင့်ရင် အမှားမှန်၊ အရှက်သိက္ခာ၊ ကိုယ်ကျင့်တရားတွေကိုမေ့ပြီး သူမကိုပဲ မက်မောစွာ လိုချင်မိစေတာမျိုး။