Episode 6 (Z+U)

804 63 9
                                    

(Zawgyi code)

"ငါ ဒီမှာအကုန်ပြင်ဆင်ရဦးမှာ ပိုးရဲ့... နင်ကလည်း နောက်နေ့သွားလို့မရဘူးလား?"

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ရှယ်လီ့ကို သူမနဲ့အတူ Night Out ထွက်မှာ ပိုးမလိုလားဘူး။
တားကို တားမြစ်ရမယ်။

မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ရင်း ရှယ်လီနဲ့ သူမ တစ်ခုခုပတ်သတ်သွားမှာကို စိုးရိမ်နေတာ ဘာလို့လဲလို့ မေးမိနေသေးတာ။

အဖြေကတော့ ထွက်မလာခဲ့။

အဲ့ဒါကြောင့် ကြံရာမရတဲ့အဆုံး ရှယ်လီ့ဆီထွက်လာခဲ့လိုက်ပြီး ရှယ်လီ့ကို အပြင်သွားဖို့ အသည်းသန်ခေါ်ရတော့တာပေါ့။

"နောက်နေ့သွားလို့မရဘူးဟဲ့။ ဒီနေ့ပဲသွားရမှာ။ လိုက်ခဲ့စမ်းပါ ရှယ်လီရာ"

"နင်ကလည်းဟာ... ငါ ရှိန်းနဲ့ ချိန်းထားပြီးမှ..."

"ဘာ... ဘာ...ဘာ... ရှိန်း ဟုတ်လား? အဲ့ဒါ ဘယ်သူကြီးလဲ?"

"အော် အဲဒါ မမဂုဏ်ရှိန်ဝါလေ"

"မမဂုဏ်ရှိန်ဝါ...ဟုတ်လား... နင် သူ့ကို ချယ်လို့ခေါ်တာပါ"

"အော် ငါက ပိုရင်းနှီးအောင် ဖုန်းပြောရင်းနဲ့ ခွင့်တောင်းလိုက်တာ အဲ့လိုခေါ်ဖို့ ဟီးဟီး..."

သေချင်းဆိုးမလို့ စိတ်ထဲက ကျိန်ဆဲလိုက်မိတယ်။

ဒါပေမဲ့ အပေါ်ယံတော့ ဟန်ဆောင်ပြုံးလိုက်မိတာပေါ့။

"နင်ပြုံးတာကလည်း မချိပြုံးကြီးပိုးရယ်..."

"ဟဲ့ နင့်ဘာသာ သူ့ကိုဘယ်လိုခေါ်ခေါ်...ငါ့အပူတစ်ပြားသားမှ မပါဘူး... နောက်ပြီး ငါ မိန်းမတစ်ယောက်ကိုလည်း ရင်မခုန်ဘူး။ ငါ သူ့ကိုစိတ်ကိုမ၀င်စားတာ..."

"နင့်ကို ဘယ်သူက ရိုက်စစ်နေလို့လဲ"

"ကဲပါ ကဲပါ... ရှိန်းလို့ ဘယ်လိုလုပ်ပြီးခေါ်ဖြစ်သွားတာလဲ?"

"အော် အဲဒါကဟာ... ဟိုနေ့က ငါတို့တူတူမုန့်စားနေတုန်း သူ့အသိတစ်ယောက်နဲ့တွေ့တယ်။ အဲဒီမိန်းမက သူ့ကို ရှိန်းတဲ့ခေါ်တာ... အာ့နဲ့ ငါလည်း အဲ့လိုလေးခေါ်ချင်တယ်လို့ခွင့်တောင်းတော့ ခေါ်လေ သဘောပဲတဲ့။ အာ့နဲ့ ငါလည်း ဟဲဟဲ"

"နေစမ်းပါဦး။ နင်က ဘယ်ကဘယ်လို မိန်းမချင်းစိတ်ဝင်စားတတ်သွားတာလဲ?"

"ဒါက ငါ့ကိစ္စ... နင့်ကိစ္စ မဟုတ်ဘူး"

အံမယ်။ ရှယ်လီက သူမကို သူ့အပိုင်လိုလိုကြီးပြောနေတာ။ ပိုးစိတ်ထဲ မျက်နှာကိုတောင် ထကုတ်ဖဲ့ချင်စိတ်ပေါက်လာရတယ်။

"ကဲ နင်က ဒီနေ့မှ ဘာလို ဘားသွားမယ် ဘားသွားမယ်ဖြစ်နေတာလဲ ပြော"

"ငါ Crush နေတဲ့ ဘဲကြီးက ဒီနေ့ ဘားသွားမယ်ဆိုလို့... အဲ့ဒါ သွားချင်တာ။ ဟိုကောင်တွေလည်း အကူညီမတောင်းချင်ဘူး။ တော်ကြာ ငါ နောက်ပိုးမှန်း သူတို့သိသွားမှာစိုးလို့။ နင့်ကျ ငါက ညီအမလိုခင်တာလေဟာ သိလား။ နင်နဲ့ငါက ရင်ဘတ်ချင်း ပိုနီးတော့..."

"ပိုးရယ် တော်ပါတော့။ ငါ့ကို မြှောက်ပင့်ပြောမနေစမ်းပါနဲ့။ နင် ငါနဲ့ရှိန်း အပြင်သွားမှာကို လာဖျက်နေတာတော့ မဟုတ်ပါဘူးနော်"

"နင်နဲ့ သူ ဒီနေ့ဒိတ်ထားတယ်ဆိုတာ ငါမှမသိပဲဟယ်... လုပ်ပါ။ ကူညီပါဟယ်"

မငိုရုံတမယ် ဟန်မူပိုပြီး ပိုးတောင်းဆိုတော့ ရှယ်လီငြင်းရမှာ အားနာသွားတယ်။

"နင် မကြာနဲ့နော်"

"မကြာဘူး။ ခဏပဲ။ သူ့ဆီက ဖုန်းနံပါတ်ရတာနဲ့ ငါပြန်လာမှာ"

-------------------------------------------

ဘားကိုရောက်တော့ ဘာသောက်မလဲမေးတာကို ရှယ်လီက မသောက်ဘူးပဲငြင်းနေတယ်။

"ကော့တေးပျော့ပျော့တစ်ခွက်တော့ေ သာက်ပါဟယ်... နော်။ ငါသွားယူလိုက်မယ်"

ရှယ်လီသောက်မယ့် ကော့တေးပျော့ပျော့တစ်ခွက်ထဲ ၀ီစကီ ၃ ပတ်လောက် ရောခိုင်းလိုက်မိတယ်။

ရှယ်လီလည်း အဲဒီခွက်ကိုသောက်တာ ၄ ငုံလောက်ကြာတော့ တော်တော်မူးနေပြီ။

အရင်ကလည်း သောက်စမရှိတော့ ရှယ်လီအခုလိုမူးမယ်ဆိုတာ ပိုးသိနေတယ်လေ။

မူးပြီးမှောက်သွားအောင်ကို လုပ်ပစ်မှာ။ ဒါမှ သူမတို့ ဒိတ်လေးပျက်သွားမှာလေ။

"ပိုး ဘယ်မှာလဲ နင့်လူ။ မလာသေးဘူးလား။ ငါ တော်တော်မူးနေပြီ"

"မူးလည်း ဆက်သောက်။ ခဏနေ နင် အမူးပြေမှာ။ ဒီကော့တေးက ဒီလောက်မပြင်းပါဘူးဟယ်"

ရှယ်လီ မသောက် သောက်အောင် ပိုးအမျိုးမျိုးစကားနာထိုးနေမိတယ်။

စကားတွေကိုလည်း ပါးစပ်ထဲရှိရာလျှောက်ပြောနေမိတယ်။

ရှယ်လီက သိပ်မမူးခင်တော့ ပြန်မယ်တကဲကဲလုပ်နေသေးတာ။ မူးလည်း မူးသွားရော ပြန်ဖို့သိပ်မပြောဖြစ်တော့။
ဒီတော့ ပိုးလည်း အေးအေးလူလူပဲ။ ပိုးခွက်က တကယ့်ကော့တေးအပျော့ဆိုတော့ လုံးဝ မမူးဘူး။

အစီစဉ်က မူးသွားတဲ့ ရှယ်လီ့ကို အိမ်ခေါ်ပြီးပြန်ဖို့ပဲ။

ဒါပေမဲ့ မထင်မှတ်ပဲ ပိုးမြင်လိုက်ရတာ သူမကို။

သူမက ဘားထဲဝင်လာပုံက ခါတိုင်း သူမကို ပိုးမြင်နေကြပုံစံမဟုတ်ဘူး။

ခိုးကြောင်ခိုးဝှက်နဲ့။

သူမ ဒီဘားထဲ ဘာလာလုပ်တာလဲဆိုတာ သိချင်စိတ်နဲ့ စောင့်ကြည့်နေတုန်း သူမဟာ ဘားထားလာပြီး ဆေးရောင်းနေတာ တွေ့လိုက်ရတယ်။

ကေလို့ခေါ်တဲ့ ဆေးတစ်မျိုးကို သူမက ရောင်းနေတာ။

ဘားပိုင်ရှင်နဲ့လည်း သိပုံပေါ်တယ်။

ကော်မရှင်ခပေးပြီး ရောင်းတဲ့ပုံပါပဲ။ သူမဆီမှာ ဘားထဲက လူတော်တော်များများ ဆေးဝယ်ကြတယ်။
ဒါကိုမြင်တော့ ပိုးအရမ်းအံ့အားသင့်သွားတယ်။

သူမလို စာတော်တဲ့ လူငယ်တစ်ယောက်က ဒီအလုပ်ကို လုပ်လိမ့်မယ်လို့ ပိုးတစ်ခါမှ မတွေးမိခဲ့ဘူး။

ဒီအကြောင်း မာမီနဲ့ ဒယ်ဒီတို့သာသိရင် ပိုးကို ဘယ်နည်းနဲ့မှ သူမဆီမှာ စာဆက်သင်ခိုင်းတော့မှာမဟုတ်ဘူး။

တကယ်ဆို ဒါဟာ ပိုးရဲ့ထွက်ပေါက်ပဲ။

စာမကျက်ချင်တဲ့ပိုးအတွက် သူမနဲ့ ဇာတ်လမ်းပြတ်မယ့်ကိစ္စကို သိလိုက်ရပေမယ့် ပိုးမပျော်ဘူး။

သူမကို ဒီလိုဘ၀မျိုးမှာ မြင်တွေ့လိုက်ရလို့ ပိုးရင်ထဲ ၀မ်းနည်းမိတယ်။

သူမ ဘာလို့ ဒီအလုပ်မျိုး လုပ်ရတာလဲ။

မူးနေပြီဖြစ်တဲ့ ရှယ်လီ့ကိုခေါ်ပြီး ပိုးပြန်ဖို့ ဆုံးဖြတ်လိုက်မိတယ်။

ပိုး သူမကို မြင်သွားတယ်ဆိုတာ သူမကို မသိစေ့ချင်ဘူး။

ဒါနဲ့ ပိုးလည်း ရှယ်လီ့ကိုတွဲရင်း ဘားထဲက ထွက်ခဲ့လိုက်မိတယ်။

ကားဆီသွားပြီး ရှယ်လီ့ကို ကားပေါ်တင်ပြီးနောက် ပိုးထပ်ပြီးမြင်လိုက်ရတာက ဘားရှေ့မှာ ရဲနှစ်ယောက်။

အဲဒီရဲတွေက ဘားထဲဝင်ဖို့ ကားပါကင်မှာ အရပ်ဝတ်နဲ့ ယူနီဖောင်းလဲဝတ်နေကြတာ။

ပိုးမြင်ပြီး အရမ်းလန့်သွားတယ်။

တခြားလူတွေက သူတို့ကိစ္စနဲ့ ကိုယ်စီအလုပ်များနေကြတာဆိုတော့ ရဲတွေဆိုတာ ဘယ်သူမှ သတိမထားမိကြ။
ဖြစ်ချင်တော့ ကားပါကင်မှာလည်း လူက ရှင်းနေသေးတာလေ။

ပိုး ဒီတိုင်းကျောခိုင်းပြန်ခဲ့လို့မဖြစ်မှန်းသဘောပေါက်သွားတယ်။

တကယ်လို့ အဲဒီရဲ ၂ ယောက် ဘားထဲဝင်သွားတဲ့အချိန် သူမ ဆေးရောင်နေတာကိုသာမြင်တွေ့လိုက်ရလို့ကတော့ သွားပြီ။
ပိုးစိုးရိမ်မှုက ရင်မှာကြီးစိုးရင်း အမြန်ဆုံး ဘားဆီကို ခြေလှမ်းခပ်သွက်သွက်နဲ့ ဦးတည်လိုက်မိတယ်။

ဘားထဲပြန်ရောက်လာတဲ့ ပိုးဟာ အရင်ဆုံး သူမကိုလိုက်ရှာမိတယ်။

တွေ့လိုက်ပါပြီ။ အိမ်သာသွားမယ့်လမ်းဖက်မှာ လူငယ် ၂ ယောက်ကို ဆေးရောင်းနေတဲ့ သူမ။

ပိုး ဘာဘာညာညာမစဉ်းစားနိုင်တော့ပဲ သူမအနားသို့ ခြေလှမ်းခပ်သွက်သွက်တွေနဲ့ ချဉ်းကပ်လိုက်မိတယ်။

ဖြစ်ချင်တော့ ဘားအပေါက်ဝကို ရဲ ၂ ယောက်က ရောက်လာပြီ။

ပိုးမှာစဉ်းစားချိန်မရှိတော့ဘူး။

ဝင်တိုက်သလိုလိုဟန်ဖြင့် သူမရင်ခွင်ထဲ ပစ်ဝင်လိုက်မိတယ်။

"ဟင်... ပိုး...မင်း..."

"နမ်း... ပိုးကို အခုနမ်း..."

မိန်းကလေး ၂ ယောက် နမ်းနေတာကိုတော့ ရဲတွေ စိုက်မကြည့်လောက်ဘူးဆိုတဲ့အတွေးနဲ့ ပိုးဟာ သူမရဲ့ ကုတ်ပိုးကို ဆွဲကိုင်ရင်း နမ်းခိုင်းတော့ သူမ ကြောင်နေတယ်။

"မင်း ဒါဘာလုပ်...အင့်..."

ပိုး သူမရဲ့စကားကိုဆုံးအောင် နားမထောင်မိ။

သူမနှုတ်ခမ်းလွှာနှစ်ခုလုံး ပိုးပါးစပ်ထဲထိရောက်သွားအောင် စုပ်ယူနမ်းပစ်လိုက်မိတယ်။

နမ်းနေရင်း ရဲတွေကိုလှမ်းကြည့်တော့ ရဲတွေက ဘားထဲ ကျီးကန်းတောင်းမှောက်ကြည့်နေကြပြီ။

အဲဒီတော့ ပိုးလည်း နမ်းနေရင်း သူမနားကိုကပ်ကာ တီးတိုးလေးပြောလိုက်မိတယ်။

"ဘားပေါက်ဝက လူ၂ယောက်က ရဲတွေ..."

"ဟမ်..."

"မဟမ်နဲ့။ ဆက်နမ်းရအောင်..."

ပိုးပြောရင်း သူမနဲ့ ကိုယ်ချင်းပူးကပ်သွားမတတ်ဖက်ရင်း အားရပါးရ ဖိနမ်းမိတယ်။

သူမလည်း စိတ်လိုလက်ရ ပိုးကို ပြန်နမ်းတယ်။

ကြောက်လန့်စိတ်နဲ့နမ်းလို့လား မသိ။ သူမရဲ့အနမ်းတွေဟာ ပြင်းရှရှနဲ့ ပြင်းထန်လာတယ်။

"ပိုး မွန်းနေပြီ..."

"မရဘူး။ ဆက်နမ်းမှ... လာ အိမ်သာထဲသွားမယ်..."

"ရှင်..."

"လာစမ်းပါကွာ..."

ပိုးရဲ့ခါးလေးကို ဆွဲမလိုက်တော့ ပိုး ခြေဖျားတွေ လွတ်သွားရတယ်။

သူမဟာ ပိုးကို ခါးမှ သိုင်းဖက်ဆွဲမရင်း အားရပါးရနမ်းနေသေးတယ်။

ပြီးတော့ အနီးဆုံး အိမ်သာဆီဦးတည်လိုက်တယ်။

ရဲတွေက သူမနဲ့ ပိုးကို လှမ်းတွေ့ပါတယ်။ ဒါပေမဲ့ နမ်းနေတဲ့ အတွဲအဖြစ်နဲ့ စိတ်ဝင်စားမှုလျော့သွားတယ်။

ပိုးနဲ့ သူမ အိမ်သာထဲရောက်တော့ သူမဟာ ပိုးကို သိုင်းဖက်ထားတာ လွှတ်လိုက်တယ်။

အိမ်သာရဲ့ဘေးဖက်မှာ နောက်ဖက်ကိုထွက်တဲ့တံခါးတစ်ချပ်။

သူမဟာ ဒီဘားရဲ့အထာကိုနပ်နေသူပီပီ အဲဒီတံခါးကို ဘယ်လိုဖွင့်ရမယ်ဆိုတာသိနေတယ်။

ဒီလိုနဲ့ ပိုးနဲ့သူမတို့ အဲဒီတံခါးကနေတဆင့် ပိုးရဲ့ကားရပ်ထားတဲ့ ပါကင်ဆီသို့ ထွက်ခဲ့လိုက်ကြတယ်။

အခုနတည်းက ရှယ်လီ့ကိုကားနောက်ခန်းမှာထည့်ခဲ့တာဆိုတော့ ပိုးဟာ သူမကို ကားရှေ့ခန်းမှာထိုင်ခိုင်းလိုက်တယ်။
သူမလည်း ၀င်ထိုင်တယ်။

ပိုးလည်း ဒရိုင်ဘာထိုင်ခုံမှာဝင်ထိုင်ပြီး ကားကို အမြန်ဆုံး မောင်းထွက်လာလိုက်တယ်။

ပိုးကားကို တော်တော်ကြာတဲ့အထိ မောင်းလာပြီးသည့်တိုင် သူမဆီက ဘာစကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး။

"နောက်ကျနေပြီ။ ပိုး ဟိုတယ်ကိုပဲ မောင်းလိုက်တော့မယ်နော်"

တိုင်ပင်သလို ခွင့်တောင်းသလိုပြောလိုက်ပေမယ့် သူမဆီက တုန့်ပြန်မှုမရခဲ့။

ဒီလိုနဲ့ အနီးဆုံး ဟိုတယ်ဆီသို့ ပိုးမောင်းခဲ့လိုက်မိတယ်။

ဟိုတယ်မှာ ၂ ယောက်ခန်းတစ်ခန်း၊ ​၁ ယောက်ခန်းတစ်ခန်းယူလိုက်တယ်။

ပိုးရဲ့အစီစဉ်က ရှယ်လီ့ကိုတစ်ခန်းမှာထားဖို့။

ဒါပေမဲ့ ပိုးက ရှယ်လီနဲ့တစ်ခန်းနေဖို့ သူမက ပြောလာတယ်။

"မင်းနဲ့ ရှယ်လီတစ်ခန်းမှာနေပေါ့..."

"ဘာဖြစ်လို့လဲ?"

"တို့အခန်းထဲမှာ တခြားလူတစ်ယောက်ရှိနေရင် မအိပ်တတ်ဘူး..."

ပိုးစိတ်ထဲဝမ်းနည်းသွားရတယ်။

ဒါပေမဲ့ မိန်းကလေးသိက္ခာကလည်းရှိနေသေးတာမို့ ပိုးဘာမှမပြောတော့ဘူး။

ဒီလိုနဲ့ သူမက သူမရဲ့အခန်းဆီထွက်သွားတယ်။

ရှယ်လီ့ကိုတော့ ၀ိုင်းကူတွဲပေးပြီး ပိုးအခန်းထဲထိ လိုက်ပို့ပေးခဲ့ပါသေးတယ်။

ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ရှယ်လီ့ကိုကြည့်ရင်း ပိုးစိတ်ထဲ ၀မ်းနည်းသလိုလိုဖြစ်လာတယ်။
စိတ်တွေ ရှုတ်လာလို့ အရင်ဆုံး ရေချိုးလိုက်မိတယ်။
ရေချိုးတာ တော်တော်ကြာတယ်။ ခေါင်းလည်း လျှော်လိုက်မိတယ်။

ရေချိုးရင်း ပိုးငိုမိတယ်။ သူမကို ဆေးရောင်းသူတစ်ယောက်အဖြစ်နဲ့ မြင်မိလို့ ၀မ်းနည်းတာလားဆိုတာ ပိုးမသိဘူး။ မဝေခွဲနိုင်ဘူး။

စိုနေတဲ့ဆံပင်တွေကို Dryer နဲ့ ခြောက်အောင်လုပ်နေရင်းမှ ပိုးစိတ်ထဲ သူမကို တွေ့ချင်စိတ် လှိုက်လှိုက်ပြီးဖြစ်ပေါ်လာတယ်။

ဒါနဲ့ပဲ ပိုး ဆံပင်တွေကို ခြောက်အောင်ဆက်မလုပ်တော့ပဲ သူမရဲ့အခန်းဆီထွက်ခဲ့လိုက်မိတယ်။

"ဒေါက်...ဒေါက်...ဒေါက်..."

"ပိုးပုဝါပါ..."

"ပြန်တော့..."

"တံခါးဖွင့်ပေး။ ပြောစရာရှိတယ်..."

"မနက်မှပြော။ တို့ အခုန ဘားမှာ သောက်ထားတယ်။ မူးနေတယ်နော်။ မင်းပြန်တော့..."

"မူး... မူး... ၀င်မယ်။ ဖွင့်..."

ပိုး ခေါင်းကြောမာစွာဖြင့် တံခါးကိုဆက်ခေါက်နေလို့ သူမ တံခါးဖွင့်လာတယ်။

အဲဒီတော့မှ ပိုးသတိထားမိတာက သူမဆီထွက်လာချင်စိတ်နဲ့ အ၀တ်တွေတောင် လဲမ၀တ်လာမိ။

Bathrobeပဲဝတ်ထားတဲ့ ပိုးကို သူမက ခြေမှ ခေါင်းထိ ကြည့်တယ်။

"ပြော ဘာပြောမှာလဲ..."

"ဖယ် ၀င်မယ်..."

ပိုးဟာ သူမနဲ့ ပခုံးချင်းရှောင်ရင်း အခန်းထဲဝင်ခဲ့လိုက်တယ်။

သူမ တံခါးကိုပြန်ပိတ်ရင်း ပိုးဖက်လှည့်ကြည့်လာတယ်။

ပိုးလေ အဲဒီအချိန် ခေါင်းထဲ ဘာမှမတွေးနိုင်ဘူး။

စိုက်ကြည့်နေတဲ့ သူမကို ပြန်ကာ ငေးကြည့်မိတယ်။ ပြီးတော့ သူမအနား ချဉ်းကပ်သွားရင်း သူမရဲ့ ရင်ခွင်ထဲ ခွေဝင်ရင်း အားရပါးရ သိုင်းဖက်ထားလိုက်မိတယ်။

"ဘာလို့ အဲဒီအလုပ်ကို လုပ်နေတာလဲဟင်?"

"မင်း အခု ထွက်ပေါက်တွေ့သွားပြီပေါ့။ မင်း မိဘတွေကို ငါက ဆေးရောင်းတဲ့လူတစ်ယောက်ပါလို့ပြောလိုက်တော့လေ"

"ရှူး..."

ပိုး သူမရဲ့ နှုတ်ခမ်းမှာ လက်ညိုးလေးကပ်ရင်း စကားကို ရပ်တံ့ပြစ်လိုက်မိတယ်။

ပြီးတော့ လက်ညိုးကို ပြန်ဖယ်ရင်း သူမကို စူးစူးနစ်နစ် စိုက်ကြည့်မိတယ်။

ကြည့်နေရင်းက မက်မောစွာ တောင့်တစွာဖြင့် သူမရဲ့ အောက်နှုတ်ခမ်းကို ပိုး ခြေဖျားများထောက်ရင်း နမ်းမိတယ်။
သူမငြိမ်နေတယ်။ ပြန်မနမ်းဘူး။

ပိုး အားရအောင် စုပ်ပြီးနောက် မျက်လုံးများပြန်ဖွင့်ရင်း သူမကို မော့ကြည့်မိတယ်။

"ပိုးကို ပြန်မနမ်းတော့ဘူးလားဟင်?"

"နမ်းတာနဲ့ စပြီးရင် တို့ရပ်လို့မရတော့မှာစိုးတယ်..."

"ရပ်လို့မရရင် မရပ်နဲ့ပေါ့..."

"ပိုးပုဝါ... မင်း တကယ်လိုချင်တာလား?"

ပိုး သူမကို ပြန်မဖြေဘူး။ အနမ်းနဲ့ပဲ အဖြေပေးမိတယ်။

ပိုး သူမရဲ့ အောက်နှုတ်ခမ်းကိုထပ်မံခြေဖျားထောက်ရင်း ထပ်နမ်းမိတယ်။

သူမလည်း ပိုးကို ပြန်နမ်းတယ်။

ပယ်ပယ်နယ်နယ်နမ်းမိကြရင်း သူမကပိုးရဲ့ခါးကို ဆွေ့ခနဲ သိုင်းပွေ့တယ်။

သူမ ခါးကိုင်းရင်း သိုင်းပွေ့ရာကနေ သူမ ခါးမတ်လိုက်တော့ ပိုး အလိုလို ခြေဖျားတွေ လွတ်သွားရပြီ။

ဒီလိုနဲ့ သူမက အိပ်ရာဆီသို့ ပိုးကို ဦးတည်ခေါ်သွားတယ်။

အိပ်ရာနားရောက်တော့ ပိုးကို ပြန်ချပေးတယ်။

ပြီးတော့ ပိုးဝတ်ထားတဲ့ bathrobeက ကြိုးကို ခပ်ဖြည်းဖြည်းချင်း ဆွဲဖြည်တယ်။

ဖြည်ပြီးနောက် ပခုံးပေါ်က bathrobe အသာယာတွန်းချရင်း ချွတ်ပေးလိုက်တယ်။

Bathrobeက အောက်မှာ အပုံသာကျသွားတဲ့အခါ ပိုးတကိုယ်လုံးမှာ ဘာအ၀တ်စားမှ ရှိမနေတော့။

အဲဒါကို သူမက နောက်သို့ ခြေ ၂ လှမ်းလောက်ဆုတ်ပြီး ပိုးကို ရွှမ်းရွှမ်းစားစားကြည့်တယ်။

ပိုးရှက်ပြီး လက်နဲ့ကွယ်ဖို့လုပ်တော့ အဲဒီလက်နှစ်ဖက်ကို သူမက ဆွဲကိုင်ထိန်းတယ်။

"ခဏကြည့်ချင်တယ်။ ငြိမ်ငြိမ်နေ..."

ပိုး ခေါင်းလေးငုံ့ထားမိတယ်။

သူမစိုက်ကြည့်နေရင်း အနားသို့ ပြန်တိုးကပ်လာတယ်။

ပြီးတော့ ပိုးရဲ့ နှုတ်ခမ်းနဲ့ လည်တိုင်ဆီ အနမ်းမိုးတွေ ရွာပစ်တယ်။

နမ်းရင်းနဲ့ သူမရဲ့ အင်္ကျီကြယ်သီးတွေဆီ ပိုးရဲ့လက်တွေရောက်ကုန်တယ်။

ကြယ်သီးတွေကို တစ်လုံးချင်း တစ်လုံးချင်း ပိုးဖြုတ်ပစ်မိတယ်။

ကြယ်သီးတစ်လုံးပြုတ်သွားတိုင်း သူမရဲ့အနမ်းတွေက အငမ်းမရပြင်းထန်လာခဲ့တယ်။

"ခဏ..."

ကြယ်သီးတွေအကုန်ကျွတ်သွားပြီးနောက် ပိုးက သူမကိုခဏရပ်ခိုင်းမိတယ်။

"ဒါ ပိုးရဲ့ပထမဆုံးနော်..."

"ရပ်လိုက်ရမှာလား... မင်းအဆင်မပြေဘူးလား?"

"ပြေပါတယ်။ ဒါပေမဲ့ နည်းနည်းငြင်သာပေးနော်။ ကြောက်လို့..."

"ပြွတ်..."

သူမက ပိုးတစ်ခါမှ မမြင်ဖူးတဲ့ အပြုံးတစ်ခုပြုံးပြရင်း ပိုးနဖူးကို မက်မောသလိုလေး ဖိနမ်းတယ်။

ပြီးတော့ ပိုးကို ကုတင်စပ်မှာ ထိုင်ခိုင်းတယ်။

သူမက ပိုးရှေ့ ဒူးထောက်လိုက်ပြီး ပိုးရဲ့ နှုတ်ခမ်းတွေကို နမ်းတယ်။

အဲဒီလို နမ်းနေရင်း သူမရဲ့လက်နှစ်ဖက်က ပိုးရဲ့ရင်သားတွေကို တဖြည်းဖြည်းချင်း ဆုပ်နယ်တယ်။

နို့သီးခေါင်းလေးတွေကိုလက်မနဲ့အသာယာပွတ်နေရင်းမှ နို့သီးခေါင်းလေးတွေ တင်းထောင်လာရတယ်။

အဲဒီလို တင်းထောင်လာတဲ့ နို့သီးထိပ်လေးတွေကို သူမ အသာယာကုန်းကာ ငုံတယ်။

ငုံနေရင်းက တဖြည်းဖြည်းချင်း စုပ်ပေးတယ်။

"အင်း... အား... ဟူး..."

မက်မောစွဲလန်းရပါသော... သူမWhere stories live. Discover now