Episode 10 (Z+U)

694 49 15
                                    

(Zawgyi code)

အပေးအယူလုပ်ထားတဲ့အတိုင်း သူမက ပိုးကို ဒီနေ့ ဘားတစ်ခုထံ ခေါ်လာပေးတယ်။

ဘားမှာက စင်တင်လေးလည်းပါတယ်။ စိတ်ပါတဲ့လူ တက်ဆိုနိုင်တယ်။

ဘားထဲစ၀င်တည်းက ပိုးဟာ အရဲတင်းစွာ သူမလက်မောင်းကို အားနဲ့ ချိတ်ပြစ်လိုက်တော့ သူမ ငုံ့ကြည့်လာတယ်။

"ဒါ... ဘာလုပ်တာလဲ?"

"ချစ်လို့ လက်ကို ချိတ်ဖို့..."

"ချစ်လည်းမချစ်နဲ့... ချိတ်လည်း မချိတ်နဲ့... ဖယ်..."

"အဲ့... ဟယ်... ရှင်..."

သူမက ပြောလည်းပြော။ ကလေးလေးလို ခိုတွဲထားတဲ့ ပိုးလက်ကိုလည်းဖယ်ချလိုက်လို့ ပိုးမှာတော်တော်လေး ဟန်ချက်ပျက်သွားရတာ၊ မလဲကျရုံတမယ်ပဲ။

သူမက ဖုတ်ခါပြီး ထထွက်သွားတဲ့ ဒိုဘာမင်တစ်ကောင်လို ပိုးကိုတောင် လှည့်မကြည့်ပဲ ဘားထဲဝင်သွားတယ်။

စင်တင်သာရှိပေမယ့် ခုထိဖျော်ဖြေတဲ့လူတွေမရှိသေးတဲ့အတွက် ဘားထဲ ခပ်အေးအေး တီးလုံးတစ်ခုသာ ပျံ့လွင့်နေတယ်။

စင်မြင့်ရှိရာ ရှေ့ဆုံးဝိုင်းကို သူမဟာ ရွေးချယ်ထိုင်လိုက်တယ်။ ဒါကပဲ သူမရဲ့ ကံဆိုးခြင်းလာ၊ ပိုးရဲ့ကံကောင်းခြင်းလား။

စားပွဲမှာဝင်ထိုင်ပြီး ၀ိတ်တာလေးထံမှာ စားသောက်စရာတွေမှာနေသည့်တိုင်အောင် စားပွဲသို့ ပိုးရောက်မလာတဲ့အတွက် သူမ ဟိုဟို၊ ဒီဒီ လှည့်ကြည့်ကာ ရှာမိတယ်။ ဒါပေမဲ့ မတွေ့။

ထိုစဉ်မှာပဲ စင်ပေါ်ကို တက်လာတဲ့ ပိုး။

သူမ စိတ်ပျက်စွာဖြင့် မျက်လုံးကို အပေါ်ကို ပင့်ကာသက်ပြင်းချမိတယ်။

"ဟို... သီချင်းလေးတစ်ပုဒ်လောက်ဆိုမယ်နော်။ သက်ဆိုင်သူကိုရည်ရွယ်ဆိုတာမို့... တိုက်ဆိုင်သူများ အားပေးလို့ရပါတယ်ရှင့်..."

စပ်ဖြီးဖြီးပြုံးရင်း လိုက်တင်အဖြူရောင်အ၀ိုင်းအောက်၊ ခုံမြင့်လေးအ၀ိုင်းလေးပေါ်တွင် တက်ထိုင်နေတဲ့ ပိုးဟာ အုန်းခွံရောင် လည်သာစကတ်အတိုလေးနဲ့ အောက်က လည်ရှည်၊ ဇစ်နဲ့ လည်သာဖိနပ်ကို ခရော့ဒေါ့လက်ပြတ်အင်္ကျီကို၊ လည်သာဂျာကင် အဖြူရောင်လေးနဲ့ တွဲဖက် ၀တ်ဆင်ထားတယ်။

ပိုးရဲ့ Look က တော်တော်လေး စွဲမက်ဖွယ်ကောင်းနေတယ်ဆိုတာ သူမ ၀န်ခံပါတယ်။

ဒါပေမဲ့ ကလေးဆန်တဲ့အလှပတွေဆို ရင်ခုန်တတ်လေ့မရှိတဲ့ သူမအတွက် ပိုးရဲ့အလှဟာ ကဗျာမမီ၊ စာမပီနိုင်။
ပိုးလက်ဖျောက်တီးလိုက်တဲ့ တခဏ တီးလုံးသံတွေထွက်ပေါ်လာတယ်။

အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို အထာကျကျသီဆိုလိမ့်မယ်လို့ သူမတွေထားမိပေမယ့် ပိုးသီဆိုလိုက်တဲ့ သီချင်းက တကယ့်ဗမာသီချင်းတစ်ပုဒ်။

"ငွေသော်တာ ရောင်ခြည်... ထိန်လင်းတော့သည်...
ဘုံကြိုးပြတ်တဲ့... မိုးနတ်မဒီ...သဒ္ဓါက ပိုသည်...
ဆရာမကိုပဲ... အသည်းဆွဲအောင် ချစ်မိသည်..."

ဟာ... စောက်ကျိုးနည်း။

ဘာမဟုတ်တဲ့ ကောင်မလေးက လက်ညိုးကြီးထိုးပြီး သူမကို ကျူးနေတာကြီး။

ဒင်းကတော့ ဘယ်လိုလူမျိုးကို ကျူးမိနေတယ်ဆိုတာတောင်သိပုံမပေါ်။ Role တောင် မကွဲသေးတဲ့ဟာလေး၊ ဟော်တယ်ခေါ်သွားလိုက်မှ ဟုတ်ပေ့ဖြစ်နေဦးမယ်။

"ထိန်ကြည်... လရောင်သန်းတော့ အလွမ်းပိုပါသည်...
ချစ်သူရှိရင် ဖွင့်ပြောပါလားလို့... အတည်...
ရိုးရိုးနဲ့ မှန်တာကိုပြောမည်... တကယ်စိတ်က အတည်...
ဘယ်မိန်းမမှ မချစ်ခဲ့သည်... သဒ္ဓါက ပိုသည်...
ဆရာမကိုပဲ... အသည်းဆွဲအောင် ချစ်မိသည်..."

မကျေနပ်လို့ စိုက်ကြည့်မိတာကို ဒင်းလေးက အဟုတ်ကြီးထင်နေသေးတာ။

သီဆိုနေတဲ့ အသံလေးတောင် ခပ်ကျယ်ကျယ်ဖြစ်လာပြီ။ နောက်ပြီး စင်အောက်ကို သေချာမမြင်ရလို့နဲ့တူပါတယ်။

တော်ရုံသူမနဲ့ မျက်လုံးချင်းယှဉ်မကြည့်ဝံ့တဲ့ပိုးက အခုစင်အောက်က သူမကို ခပ်ရဲရဲကြီး စိုက်ကြည့်ပြီး သီချင်းဆိုတာ။
ခဏတော့ လွှတ်ပေးထားလိုက်မိတယ်။

အော်... သူ့ခမျာ... ပျော်ပါစေဆိုတဲ့ စိတ်လေးနဲ့ မုဒိတာပွားပေးထားတာ။ ဒါကို ရောင့်တက်လာတာက ပိုး။
သီချင်းဆိုနေရင်း မိုက်ကို ဖြုတ်ပြီး စင်အောက်ဆင်းလာတယ်။

ပြီးတော့ သူမရဲ့မျက်နှာချင်းဆိုင်က စားပွဲပေါ် တင်ပါးတစ်စောင်းတင်ပြီး သူမကိုစိုက်ကြည့်ရင်း သီချင်းဆက်ဆိုတာ။

အောင့်သက်သက်နဲ့ပဲ ဟန်ဆောင်ပြုံးပြနေတဲ့ သူမဟာ တော်တော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေပြီဆိုတာ ပိုးမသိဟန်ဆာင်နေတာပါ။

သူမ မျက်နှာထားဘယ်လိုဖြစ်နေပြီဆို ဘယ်လိုစိတ်ဖြစ်နေတယ်ဆိုတာ ပိုးသိနေသားပဲဟာ။

"ဖယ်လိုက်... စားပွဲပေါ်က ဆင်းလိုက်တော့..."

ပခုံးကို ခပ်တင်းတင်းဆုတ်ကိုင်ပြီး သီချင်းဆိုနေတဲ့ ပိုးရဲ့ နားရွက်နားကပ်ပြီး သူမ တီးတိုးကျိတ်ပြီးပြောလိုက်တာ။

ပိုးသိတယ်။ သူမ သိပ်စိတ်မရှည်တော့ဘူးဆိုတာ။ ဒါကို မသိဟန်ဆောင်ပြီး စားပွဲပေါ်က ဆင်းတယ်။

ဆင်းတာတောင် ရိုးရိုးမဆင်းဘူး။ သူမဆီကလက်ကိုတောင်းပြီး သူမလက်ကို အားယူကာ ခုန်ဆင်းတာ။

မြေပြင်ပေါ် ခြေထောက်ပြန်ကျတာနဲ့ သူမမျက်နှာနဲ့ ပိုးမျက်နှာက အလွန့်အလွန်နီးကပ်သွားကြရတာ။

အဲ့ဒါကိုပဲ နှုတ်ခမ်းလေး ဆတ်ခနဲ ဆူထုတ်ရင်း မျက်စိလေး မှိတ်ပြီး "ပြွတ်စ်..."ခနဲ လုပ်ပြသွားသေးတာ။

ဟွင်း...ဟွင်း... ဒီကောင်မလေး သေချင်နေပြီ။

စိတ်ထဲက ကျိန်းမောင်းရင်း ပြုံးချလိုက်တာကိုပဲ ဒင်းကလေးက စင်ပေါ်မတက်ခင် ပခုံးလေးတွန့်ပြီး ဒွန့်ပြသွားသေးတာ။

"ငွေသော်တာ ရောင်ခြည်... ထိန်လင်းတော့သည်...
ဘုံကြိုးပြတ်တဲ့... မိုးနတ်မဒီ...သဒ္ဓါက ပိုသည်...
ဆရာမကိုပဲ... အသည်းဆွဲအောင် ချစ်မိသည်..."

ကိုယ်လေး ယိမ်းယိမ်းကာဖြင့် သီချင်းဆိုနေတဲ့ ပိုးဟာ တကယ့်အဖြူထည်လေးပါ။

ဒါကိုတော့ သူမ သိပါတယ်။ ဒါ့ကြောင့်လည်း ပိုးအပေါ်ကိုဆို သူမ သိပ်မရဲရင့်ချင်တာလေ။

ထိုစဉ် ပါးအနောက်နား၊ နားထင်နဲ့ နားရွက်ဆီသို့ လာရောက်ထိတွေ့တဲ့ အထိတွေ့တစ်ခု။

နှာခေါင်းထဲ တိုးကာဝင်ရောက်လာတဲ့ အနံ့သက်တစ်ခု။
ဒါဟာ "ပျို့ယမင်း"ရဲ့ အနံ့။

"ဘယ်လိုလဲ... စော်လေးက ဒဲ့ကြီး ကျူးနေတာကို ခံနေရတာလား ရှိန်း..."

နားရွက်နားကပ်ကာ လာပြောတဲ့ ပျို့အသံ။

သူမ မျက်နှာက သိသိသာသာခက်ထန်သွားပြီ။

"ကောင်မလေးကနော် အရိုးဆူးမှာ မကြောက်ဘူးနဲ့တူတယ်... မင်းကို သိပ်တည့်ခင်းဧည့်ခံချင်နေရှာတာ... ခေါ်စားလိုက်ပါလား ရှိန်းရဲ့"

"ဘာလာလုပ်တာလဲ?"

"ဒီလိုပဲပေါ့... မက်မောမိတော့လည်း အနံ့ခံပြီး နေရာတကာ အနောက်က တစ်ကောက်ကောက်လိုက်မိနေရတာပေါ့..."
ခွင့်တောင်းခြင်းမရှိပဲ သူမရဲ့စားပွဲမှာ ပျို့က ၀င်ထိုင်လိုက်ပြီ။

စင်ပေါ်မှာ သီချင်းဆိုနေတဲ့ ပိုးရဲ့အသံကလည်း သိပ်ပြီး ကာရံမညီတော့။

အရမ်းကို အတင့်ရဲလှတဲ့ ပျို့ရဲ့ အပြုအမူတွေကိုကြည့်ခြင်းအားဖြင့် သူမနဲ့ ပျို့ဟာ သာမာန်ထက်ပိုတယ်ဆိုတာ ပိုးသိလောက်ပြီလေ။

ပိုးမျက်နှာလေးငယ်ရင်း သူမကို လှမ်းကြည့်တယ်။

ပိုးကိုစိတ်ဝင်စားနေတာမျိုးမဟုတ်ပေမယ့် သူမ သနားမိတာတော့ အမှန်ပဲ။

အဖြူထည်ကောင်မလေး သူမကြောင့်မနာကျင်စေ့လို။

"ညကျ... လာခဲ့မယ်... အိုကေလား?"

ပိုးကိုကယ်ချင်စိတ်နဲ့ပဲ ပျို့ရဲ့ သားရဲတွင်းထဲ ခုန်ဆင်းဖို့ သူမ ခပ်လွယ်လွယ်ဆုံးဖြတ်မိတယ်။

သူမရဲ့ အငွေ့သက်ကိုတောင် သေမတတ်မျှော်လင့်နေတဲ့ ပျို့ဟာ သူမလာခဲ့မယ်ဆိုတာကိုလည်းကြားရရော သိန်းထောင်ချီကောက်ရသလို ပျော်သွားရင်း မျက်လုံးတွေ အရောင်လင်းလဲ့သွားရတယ်လေ။

"မင်း လိမ်တာတော့ မဟုတ်ပါဘူးနော် ရှိန်း..."

"ခင်ဗျား အခု ကိုင်ထားတဲ့ ကျမပေါင်ဆီက လက်ကို ရုတ်သိမ်းလိုက်မယ်ဆိုရင်... ကျမလိမ်တာမဟုတ်ဘူးဆိုတာ ပိုသေချာပါတယ်..."

အနားမှာဝင်ထိုင်လိုက်တည်းက ပေါင်အရင်းနားကို ပွတ်သတ်နေတဲ့ ပျို့ရဲ့လက်တွေ ရပ်တံ့သွားတယ်။
ပြီးတော့ ချက်ချင်းပဲ ပျို့ဟာ ထိုလက်တွေကို ရုတ်သိမ်းလိုက်တယ်။

"အိမ်မှာဆုံမယ်နော် ဘေဘီ"

နားရွက်အတွင်းကိ လျှာထိပ်ဖြင့် ထိုးသွင်းကစားပြီးနောက် တီးတိုးလေး ခါးကိုင်းပြောကာ ပျို့ယမင်း ဘားထဲက ထွက်သွားတယ်။

သူမလည်း ဒီဘားထဲ ဆက်မနေချင်တော့တာနဲ့ ချက်ချင်း ကျသင့်ငွေကို စားပွဲပေါ်တင်ပေးပြီးတာနဲ့ ပိုးရှိနေတဲ့ စင်ပေါ်ကို တက်သွားမိတယ်။

ပိုးက ဟန်ချက်ပျက်နေပေမယ့် သီချင်းဆိုကောင်းတုန်း။

"ရိုးရိုးနဲ့ မှန်တာကိုပြောမည်... တကယ်စိတ်က အတည်...
ဘယ်မိန်းမမှ မချစ်ခဲ့သည်... သဒ္ဓါက ပိုသည်...
ဆရာမကိုပဲ... အသည်းဆွဲအောင် ချစ်မိသည်..."

"ဆရာမကို ချစ်တာ နောက်ထား... လာပြန်မယ်..."

"ဒုတ်..."

"ကျွီ..."

ပြောလည်းပြော၊ ပိုးလက်ထဲက မိုက်ကိုလည်း လှမ်းယူ၊ ကြမ်းပြင်သို့ ပစ်ချခဲ့ပြီးတာနဲ့ ပိုးကို ဆွေ့ခနဲ ခါးမှ ကောက်ချီကာ သူမ ဘားထဲက ထွက်ခဲ့လိုက်သည်။

ဘားအပြင်ရောက်တော့ ပျို့ယမင်းက ရှိနေသေးတယ်။ သူမရဲ့နောက်လိုက်ခွေးတွေကို ဘာတွေမှာကြားနေတာလဲဆိုတာတော့ သူမ မသိ။

ဒါပေမဲ့... ပျို့ယမင်းဟာ သူမနဲ့ပတ်သတ်လျှင် ဘယ်အရာကိုမှ ခပ်ပေါ့ပေါ့လုပ်လေ့မရှိဘူးဆိုတာ သူမသိနေတဲ့နောက်တော့ ပျို့ယမင်းဟာ ပိုးဘယ်သူဘယ်ဝါမှန်းသိရအောင် စုံစမ်းခိုင်းနေပြီဆိုတာ သေချာလှပါတယ်။

"အဲ့ဒီမိန်းမက ဘယ်သူလဲ...ရှင်နဲ့ ဘာပတ်သတ်လဲ?"

"ပါးစပ်ပိတ်ထားစမ်း... ဒီမှာစဉ်းစားနေတယ်..."

"မယားပဲဖြစ်မှာပေါ့။ ဟိုက ပေါင်တွေဘာတွေတောင် ပိုင်ဆိုးပိုင်နင်းကိုင်နေတာ။ ရှင်တို့ ညားနေတာလား..."

"ပျို့ယမင်း..."

ကိုယ်ကို နံရံနဲ့ ပြစ်ကပ်လိုက်ရင်း ပါးစပ်ကို ဖမ်းအုပ်ပိတ်လိုက်မိတာ အရမ်းရဲတင်းမိသွားတယ်။

မျက်လုံးလေး ၀ိုင်းစက်နေရင်း မော့ကြည့်နေတဲ့ ပိုးဟာ သူမရဲ့ရင်ခွင်ထဲ အတိကျရောက်ရှိနေပေပြီ။

ရင်ဘတ်ချင်း ပူးမကပ် ထိနေကြတာဆိုတော့ ပိုးထံက သိသိသာသာ ကျယ်လောင်နေတဲ့ သွေးခုန်နှုန်းကို သူမ အတိုင်းသားကြားနေရသေးတယ်။

"၁၉ လမ်းသွားမလား... လိုက်ပို့မယ်..."

"အွန်း... အွန်း..."

မေးမိပေမယ့် လက်မလွှတ်ပေးမိလို့ ပိုးပြန်ဖြေတဲ့အသံဟာ ပီပြင်စွာမထွက်ပေါ်လာ။

ထိုအခါမှ သူမ ပြုံးမိရင်း ပိတ်ထားတဲ့ လက်ကို လွှတ်မိတော့ ပိုးက အရင်ဆုံး အားယူကာ အသက်ရှူလိုက်ပြီးမှ ပြန်ဖြေတယ်။

"မလိမ်နဲ့နော်.... တကယ်ပြောတာလား?"

"အင်း... တကယ်ပေါ့... သွားမလား..."

"ဟီး...... သွားမှာပေါ့လို့။ ငြင်းစရာလား... ဟီးဟီး..."

ပျို့ယမင်းရဲ့ နောက်လိုက်ခွေးတွေကို မျက်ချေဖြတ်ချင်လို့ ၁၉ လမ်းကို သွားလည်ဖို့ သူမခေါ်မိတယ်ဆိုတာကို မသိတဲ့ ပိုးဟာ အတော်ကြီးကို ပျော်ရွှင်တက်ကြွသွားတာလေ။

အပျော်လွန်လွန်းလို့ ပိုးမျက်ဝန်းမှာ မျက်ရည်ဥလေးတွေတောင် ခပ်ဝေ့ဝေ့။

"ဂုဏ်ရှိန်..."

"မခေါ်နဲ့... ငါ မင်းထက်အသက်ကြီးတယ်..."

"ဂုဏ်ရှိန်... ပိုးလေ ခင်ဗျားကို စောက်သည်းပေါက်မတတ်ချစ်တယ်... တကယ်..."

"သေချင်လို့ စောက်ကလေးလေး..."

"သတ်...သတ်... သေချင်သေပါစေ... ခင်ဗျားကို စောက်သည်းပေါက်မတတ်ချစ်တာ... ဒီမနက်ကတောင် ခင်ဗျားနှုတ်ခမ်းတွေကို စိတ်ကူးနဲ့ နမ်းမိသေးတယ်။ အဲ့ဒီလိုနမ်းရင်း အဲ့ဒီနှုတ်ခမ်းတွေက ငါ့ကိုသတ်နိုင်သလို... နတ်ပြည်ကိုလည်း ပို့ပေးနိုင်ပါလားလို့ တွေးမိသေးတာ။ ပိုးလေ ရှင့်အငွေ့သက်တိုင်းကို မက်မက်မောမော တပ်မက်မိတယ်။ နောက်ပြီး... ချစ်မိသွားတယ်လို့ စသိတည်းက မလွမ်းရတဲ့ စက္ကန့်တွေမရှိဘူး။ သတိမရတဲ့နေ့တွေမရှိဘူး"

မက်မောစွဲလန်းရပါသော... သူမWhere stories live. Discover now