Episode 15 (Z+U)

408 45 20
                                    

(Zawgyi code)

ပိုး ရောက်လာခဲ့မယ်ဆိုလို့ သူမ ခြေတစ်လှမ်းတောင် မရွှေ့နိုင်။ ဆီးသွားချင်နေတာကိုတောင် အောင့်ထားမိတဲ့အဖြစ်။ ဖုန်းပြောခဲ့စဉ်က အိပ်ခန်းထဲမှာ။ အခုလည်း အိပ်ခန်းထဲမှာပဲ။ တစ်လှမ်းမှာကို မရွှေ့ခဲ့တာ။

ရင်တွေ ခုန်တာခုန်တာ ထိန်းမနိုင်သိမ်းမနိုင်။

ကိုယ့်ရင်ဘတ်ကိုယ်ပြန်ဖိရင်း လူတစ်ယောက်ကိုချစ်မိခြင်းဟာ ဒီလောက်တောင် ထူးဆန်းလှကြီးလားဟု တွေးမိနေသေးတယ်။ စိတ်ထဲမှာ စိုးရိမ်မှုတစ်ခုက ဖြစ်ပေါ်လာရသေးတယ်။

သူမကို တစ်ဖဝါးမှမရွှေ့ပါနဲ့လို့  မှာထားခဲ့တဲ့ ပိုးဟာ ကားကိုအရှိန်လွန် မောင်းလာလိမ့်မလား။ မောင်းလာရင်း လမ်းမှာတစ်ခုခုများ ဖြစ်လိမ့်မလားဆိုတဲ့ စိုးရိမ်မှု။

ချက်ချင်းဖုန်းကောက်ခေါ်လိုက်ချင်တာ။ ကားကိုဖြည်းဖြည်းမောင်းပြီးလာခဲ့ဖို့ တားလိုက်ချင်တာ၊ သတိပေးလိုက်ချင်တာ။ အဲဒီစိတ်နဲ့ ဖုန်းထပ်ခေါ်ပေမယ့် ပိုးက ဖုန်းမကိုင်တော့။

ကားမောင်းနေရင်း ဖုန်းခေါ်သံကိုမကြားလို့ပဲ ဖြစ်လိမ့်မယ်ဆိုပြီး တွေးလိုက်မိသေးတယ်။

အိမ်ခန်းအပြင်ဘက်က ကော်ရစ်တာက ခြေလှမ်းသံတစ်စုံကိုမျှော်လင့်ချက်ကြီးကြီးနဲ့စောင့်မျှော်နေမိတယ်။

ချစ်သူရဲ့အမိန့်ကို နာခံတယ်လို့ပဲပြောပြော၊ တကယ်ပဲသူမ တစ်ဖဝါးမှကို မရွေ့ခဲ့တာပါ။ မျက်လုံးက လှမ်းကာမြင်နေရတဲ့ အိမ်ဝင်တံခါးပေါက်မှ လွှဲပယ်မရတော့။

လူတစ်ယောက်ဟာတကယ်ရင်ခုန်တယ်ဆိုရင် ခြေဖျားလက်ဖျားတွေပါ အေးစက်လာတတ်တယ်ဆိုတာ ဒီနေ့သူမကောင်းကောင်းသိလိုက်ရပါပြီ။

"ဝုန်း..."

စိတ်ထက်သန်မှုအပြည့်ဖြင့်စောင့်မျှော်နေတုန်း အိမ်ခန်းတံခါးက ဝုန်းခနဲပွင့်သွားရပြီး အိမ်ထဲကိုလှမ်းဝင်လာတဲ့ ပိုးကိုမြင်လိုက်ရတယ်။

အခုန ခြေဖျားလက်ဖျားတွေ အေးစက်လာရတဲ့အထိ ရင်ခုန်နေခဲ့ပေမယ့် ပိုးကိုလည်းမြင်ရော ရင်ခုန်သံဟာ၊ ရင်ခုန်နှုန်းတွေက အစပေါင်းများစွာ ပိုမိုပြင်းထန်သွားရတယ်။ သူမစိတ်ထဲမှာဆိုရင် အသည်းနှလုံးက ရင်ခုန်ရလွန်းလို့ ပေါက်ကွဲထွက်သွားမလားလို့တောင် တွေးမိတဲ့အထိပါပဲ။

"ပိုး..."

ပိုးဟာအိမ်ခန်းတံခါးကို ဖွင့်ပြီးသွားတာနဲ့ သူမကိုကျီးကန်းတောင်းမှ လိုက်လံရှာဖွေတယ်။ အိပ်ခန်းထဲမှ အသံပေးလိုက်တော့မှ ပိုးရဲ့ခြေလှမ်းတွေ ရပ်တံ့သွားပြီး သိသိသာသာ ငြိမ်ကျသွားတယ်။

"ပိုး တို့ကဒီမှာ"

သူမရဲ့ခေါ်သံကိုသေသေချာချာမကြားလိုက်လို့များ ငြိမ်ကျသွားလားဆိုတဲ့အတွေးနဲ့ နောက်တခါထပ်ပြီး အသံပေးလိုက်မိတော့ ပိုးက တဖြည်းဖြည်း သူမဖက်ကို လှည့်ကာကြည့်လာတယ်။

သူမကိုမြင်သွားတော့ ကမ္ဘာပေါ်မှာရှိနေတဲ့ အစစအရာရာ ရပ်တန့်သွားသလိုပဲ ပိုးဟာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရပ်တန့်သွားခဲ့တယ်။

"မင်း မလှုပ်နဲ့ဆိုလို့ တို့ဒီနေရာကနေ တဖဝါးမှမခွာဘဲ ရပ်စောင့်နေခဲ့တာ"

ပိုးဟာ သူမကို တစ်ခါဖူးမှမမြင်ဖူးတဲ့ မျက်ဝန်းတွေနဲ့ ငေးကာကြည့်နေရာကနေ သူမအနီးသို့ တစ်လှမ်းချင်း တစ်လမ်းချင်း တိုးကပ်လာခဲ့တယ်။

နောက်ထပ်ခြေလှမ်း ထပ်လှမ်းလို့မရတော့လောက်အောင် တိုးကပ်လာပြီးတဲ့နောက်မှာတော့ ပိုးဟာ သူမရဲ့မျက်ဝန်းတွေထဲကို မော့ကာ‌ငေးကြည့်လာတယ်။

အဲ့လို‌ငေးကြည့်နေရင်းကနေ ပိုးမျက်ဝန်းတွေဟာ သိသိသာသာလေးနက်လာပြီး မျက်ရည်ဥလေးများ ဝေ့အိုင်ထွန်းလာတယ်။

"ပိုး ငိုမလို့လား။ မငိုနဲ့လေ။ မင်းကခြေလှမ်းမရွေ့နဲ့ဆိုလို့ တို့က..."

သူမရဲ့စကားတို့ အဆုံးသတ်သို့ မရောက်လိုက်။

ခါးဆီသို့ ပိုးရဲ့လက်နှစ်ဖက်က ရစ်ပတ်နှောင်တွယ်လာပြီးတဲ့နောက် သူမကို တင်းကျပ်စွာ သိုင်းကာဖတ်လိုက်ရင်း သူမရင်ခွင်ထဲဆီသို့ ကလေးလေးတစ်ယောက်လို တိုးဝင်ရောက်လာခဲ့တယ်။

တင်းတင်းကြပ်ကြပ်ဖက်ထားရင်း သူမရဲ့ရင်ဘတ်နဲ့ ပိုးရဲ့ခေါင်းက ပေါက်နစ်ဝင်သွားမတတ် ဖိနင့်ကပ်တွယ်ထားတယ်။

ရုတ်တရက်ဆိုတော့ သူမလည်း ဘယ်လိုပြန်ပြီးတုံ့ပြန်ရမယ်ဆိုတာ မှင်သက်နေမိသေးတယ်။ ပြီးမှ သတိဝင်သွားပြီး ပိုးကို တင်းကြပ်စွာဖြင့် ပြန်လည်သိုင်းဖတ်မိတယ်။

နှစ်ယောက်သား ခန္ဓာကိုယ်တွေ နင့်ဝင်သွားမတတ် သိုင်းဖက်ထားရာကနေ ပိုးဟာ သူမကိုမော့ကြည့်လာတယ်။

အဲဒီအချိန်မှာ ဦးနှောက်က သူမကိုခိုင်းစေတာမျိုးမဟုတ်ဘဲ လိုချင်တပ်မက်မှုရဲ့ စိတ်ဆန္ဒတောင်းဆိုချက်အတိုင်း ပိုးရဲ့နှုတ်ခမ်းလေးကို ငုံ့ကာ နမ်းလိုက်မိတယ်။

နှုတ်ခမ်းနှစ်ခုရဲ့ ထိတွေ့မှုက ကမ္ဘာကြီးလည်ပတ်နေတာကိုတောင် ရပ်တန့်လိုက်သလိုပါပဲ။

ဆွဲဆောင်မှုအပြည့်ရှိပြီး ခံစားချက်တွေလည်း ပြည့်ဝလွန်းနေတယ်။ စပြီးနမ်းတုန်းကတော့ တစ်ချက်နမ်းပြီးတာနဲ့ ရပ်တန့်လိုက်တော့မယ်လို့ တွေးခဲ့မိပေမယ့် တကယ်တမ်း နမ်းမိတဲ့အခါမှာ ရပ်တန့်ပစ်ဖို့က တော်တော်ကြီးကို ခဲယဉ်းနေတယ်။

စိတ်ဆန္ဒကိုအလိုလိုက်ရင်း စိတ်လွတ်ကိုယ်လွတ် နမ်းနေမိရာကနေပြီးတော့ အရှိန်မသတ်နိုင်တော့ဘူး။ နှုတ်ခမ်းတွေသာမက ပိုးရဲ့မျက်နှာပြင်တစ်ခုလုံး အပ်ကျစရာ နေရာလေးတစ်ခုတောင်မှ မကျန်တော့တဲ့အထိ သူမရဲ့အနမ်းတွေက နယ်ချဲ့လိုက်မိတယ်။

မျက်နှာပြီးတော့ အနမ်းတွေက လည်တိုင်ဆီသို့ တဖြည်းဖြည်း ဆင်းသက်လာမိပြန်တယ်။ ပိုးရဲ့ တောင့်တစွာဖြင့် ညည်းသံတချို့လည်း အိမ်ခန်းလေးအတွင်း ပျံ့နှံလာခဲ့တယ်။

"ရှိန်ဝါ... အင်း..."

လည်တိုင်ပေါ်က အနမ်းတွေဟာ တဖြည်းဖြည်း ပါးပြင်ဆီသို့ ပြန်လည်တက်သွားပြီးတဲ့နောက် ပိုးရဲ့နှုတ်ခမ်းလေးတွေကို အငမ်းမရ ထပ်မံ စုပ်ယူ နမ်းရှိုက်မိပြန်တယ်။

"ရှိန်ဝါ ခဏ"

ပိုးဟာ အသက်ရှူရပ်မတတ် အနမ်းခံရပြီးတဲ့နောက်မှာ သူမကို ဆက်ခနဲ တွန်းဖယ်လိုက်ပြီး သူမနဲ့ ခြေတစ်လှမ်းကွာခန့် နောက်ဆုတ်သွားတယ်။ ပြီးတော့ ပိုးဟာ ဝတ်လာတဲ့ အင်္ကျီရဲ့ ကြယ်သီးတွေကို တစ်လုံးပြီးတစ်လုံး ဖြုတ်ချွတ်နေတာကို သူမငေးကြည့်နေမိတယ်။

ဒီလိုအခြေအနေတွေမျိုး အရင်က ကြုံဖူးနေကြပါ။ မိန်းမတစ်ယောက်အ၀တ်စားချွတ်တာကို ငေးကြည့်ဖူးတဲ့ မြင်ကွင်းက သူမအတွက် သိပ်မထူးဆန်းခဲ့။

ဒါပေမဲ့ မကြာခင် ပိုး... ပေးဆပ်တော့မယ့် ပိုးရဲ့ခန္ဓာကိုယ်ကို လွယ်လင့်တကူ ယူလိုက်ဖို့ဆိုတာ သူမအတွက် လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။

တကယ်ချစ်မိသွားတဲ့အခါ တန်ဖိုးထားတတ်လာတယ်ဆိုတဲ့စကားကို ဒီနေ့သူမ လက်ခံလိုက်ရပါပြီ။

ချစ်မိနေပါပြီလို့ စပြီးဝင်ခံလိုက်တဲ့နေ့မှာပဲ ပိုးရဲ့ခန္ဓာကိုယ်ကို သူမသိမ်းပိုက်လိုက်ဖို့ သတ္တိအပြည့်အဝ ရှိမနေခဲ့ဘူးဆိုတာ ထိုစက္ကန့်ပိုင်းအတွင်းမှာပဲ သဘောပေါက်လိုက်ပါပြီ။

အဲဒါကြောင့်ပဲ ကြယ်သီးသုံးလုံးခန့်ဖြုတ်ပြီးနေတဲ့ ပိုးရဲ့လက်နှစ်ဖက်ကို သူမ ဖမ်းကာ တားမြစ်လိုက်မိတယ်။

"နေဦး ပိုး တို့လိုချင်နေတာ ဒီလိုပုံစံမဟုတ်ဘူး"

ပိုးဟာနားမလည်နိုင်စွာဖြင့် သူမကိုမော့ကြည့်လာတယ်။

"ခင်ဗျားဘာကိုပြောတာလဲ?"

"တို့ ပိုးကိုတန်ဖိုးထားတယ်။ အခုလို လွယ်လင့်တကူ မယူရက်ဘူး"

"ခင်ဗျားကို ပိုးက မဆွဲဆောင်နိုင်လို့လား။ ခင်ဗျားကို ပိုးက အပြည့်အဝ မဆွဲဆောင်နိုင်လို့လား?"

"ဆွဲဆောင်နိုင်တယ်ဆိုတဲ့စကားထက်ကို ပိုလွန်းနေပါတယ်။ ဒီမှာကြည့်။ တို့ ရင်ခုန်လွန်းလို့ လက်ဖျားတွေတောင် တုန်ခါနေတယ်"

"ဒါဆို ဘာလို့ ရှေ့မဆက်ချင်ရတာလဲ?"

"တန်ဖိုးထားမိလို့ပေါ့။ လေးလေးနက်နက်ကြီး ချစ်မိပြီး မြတ်မြတ်နိုးနိုးတန်ဖိုးထားမယ်လို့ပေါ့"

"ခင်ဗျား စကားတတ်တိုင်း လျှောက်မပြောပါနဲ့။ ပိုးကို စိတ်မပါဘူးဆိုရင်လည်း ပြောလိုက်ပေါ့"

ပိုးမျက်နှာလေးက ငိုမဲ့မဲ့လေးဖြစ်လာတယ်။ ရင်ထဲမှ မခံစားနိုင်စွာဖြင့် ပိုးရဲ့ ခေါင်းကို သိုင်းဖက်ကာ ရင်ခွင်ထဲ ဆွဲထည့်လိုက်မိတယ်။

"တို့ စကားတတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ တို့က စကားတွေထက် ပိုပြီး လက်သွက်တတ်တဲ့ လူစားမျိုးပါ။ ဒါပေမဲ့ မင်းနဲ့ကျတော့ ဒီလိုအနုအရွ စကားလုံးတွေ ပြောမိနေတာ ကိုယ့်ကိုယ်ကိုယ်လည်းအံ့ဩမိတယ်။ ကဲ ကြယ်သီးတွေကို တို့ပြန်တပ်ပေးမယ်နော်"

ပြောပြောဆိုဆိုနဲ့ ပိုးရဲ့ကြယ်သီးတွေကို သူမတစ်လုံးချင်း တစ်လုံးချင်း ပြန်လည်တပ်ပေးလိုက်တယ်။ ပြီးတော့ ပိုးရဲ့နဖူးလေးကို မြတ်နိုးမှုအပြည့်နဲ့ ငုံ့နမ်းလိုက်မိတယ်။

"ခင်ဗျား ပိုးကိုတကယ်မချစ်ပါဘူး"

"ဖောက်"

"အ!"

လျာရှည်နေတဲ့ ပိုးရဲ့ နဖူး သူမစိတ်မရှည်စွာဖြင့် ခါတိုင်းလို ခပ်ပြင်းပြင်းလေးတောက်လိုက်မိတယ်။

"ဟာ ပိုး အရမ်းနာသွားတာ"

စိတ်လွတ်ပြီး တောက်လိုက်ပြီးကာမှ နီရဲသွားတဲ့ ပိုးရဲ့နဖူးလေးကို သူမသနားကြင်နာစွာ ခပ်ဖွဖွလေး ပွတ်ပေးရင်း မေးလိုက်တဲ့အခါ ပိုးက မကျေနပ်စွာဖြင့် သူမရဲ့လက်ကို ပုတ်ချလိုက်တယ်။

"တော်ပါ လုပ်တုန်းကတော့လုပ်ပြီး အခုမှနားသွားလားလို့ လာမေးမနေနဲ့။ နဖူးကိုတောက်ဖို့ဆိုရင်တော့ လက်ကအရမ်းသွက်တယ်နော်။ တခြားနေရာတွေတော့ လက်နှေးလိုက်တာမှ ပြောမနေပါနဲ့"

ပိုးက မျက်စောင်းလေးချည်ရင်း သူမရဲ့အိပ်ရာပေါ်သို့ သွားထိုင်လိုက်တယ်။

ထိုနေရာမှာပင် မတ်တပ်ရပ်နေရင်း ဒါကစိတ်ကောက်တာလား ဆိုပြီးတော့ နားမလည်နိုင်စွာဖြင့် တွေးမိနေသေးတယ်။ ဘာဆက်လုပ်ရင်ကောင်းမလဲပေါ့။

အနားမှာသွားထိုင်ပြီး ချော့ရင်ကောင်းမလား? ဒါမှမဟုတ် မသိဟန်ဆောင်ပြီး ရေသွားသောက်ရင်ကောင်းမလားလို့ တွေးနေမိတယ်။

မိနစ်တော်တော်ကြာအောင် တွေးနေမိပေမယ့် အဖြေကလည်းထွက်မလာ။

အဲဒါကြောင့် သူမပိုးကိုကျော်ခိုင်းကာ အိမ်ခန်းထဲမှာလှည့်ထွက်ဖို့ ခြေလှမ်းပြင်လိုက်မိတယ်။

"အခုဒါကဘယ်သွားမလို့လဲ?"

"ရေသွားသောက်မလို့"

"ဒီမှာစိတ်ကောက်နေတယ်လေ။ လာမချော့ဘူးလား?"

"အော် ချော့ရမှာလား?"

"အင်းပေါ့ ချော့ရမှာပေါ့။ ခင်ဗျားကြောင့်စိတ်ကောက်နေတဲ့လူကို ခင်ဗျားမချော့လို့ ဘယ်သူချော့မှာလဲ?"

"အဲဒါဆို ဘယ်လို ချော့ရမလဲဆိုတာ တစ်ခါတည်းပြောပြ"

"ဟာ ဒေါ်ရှိန်ဝါ ဒါတော့ခင်ဗျား အရမ်းလွန်သွားပြီနော်။ လူကိုစိတ်ဆိုးအောင်လည်းလုပ်‌သေးတယ်။ ဘယ်လိုချော့ရမလဲဆိုတာကိုတော့ ခင်ဗျားကမသိဘူးတဲ့လား?"

"အရင်က ဘယ်သူ့ကိုမှ မချောခဲ့ဖူးဘူးဆိုတော့ မသိတာတော့အမှန်ပဲ"

ပိုး နားမလည်စွာဖြင့် ဘယ်လိုဟာကြီးလဲဆိုတဲ့ မျက်လုံးတွေနဲ့ သူမကိုစိုက်ကြည့်တယ်။

တကယ်ပဲအူကြောင်ကြောင်လေးဖြစ်နေတဲ့ သူမရဲ့အဖြစ်ကို ပိုးကပဲ ပြန်ပြီးသနားရတော့မလိုလို၊ စိတ်ဆိုးနေတဲ့ လူကို ဘယ်လိုချော့ရမလဲဆိုတာ ပိုးကပဲ ပြန်ပြီး ရှင်းပြရတော့မလိုလို။

"ဒါဆိုတခုပဲမေးမယ်"

"ဟုတ်ကဲ့"

အံမယ်။ တကယ်မချော့တတ်လို့ စိတ်ကျဉ်းကျပ်ကာ မျက်နှာငယ်လေးနဲ့ သူမ ယဉ်ယဉ်‌ကျေးကျေးပြန်ဖြေတဲ့အခါမှာတော့ ပိုးစိတ်ကိုတင်းမထားနိုင်တော့ဘဲ ပြုံးချလိုက်မိတယ်လေ။

"အဟင်း"

"ဘာလဲ မင်းစိတ်ဆိုးပြေသွားပြီလား"

လူကိုချော့ဖို့သာမသိတာ။ ဒါမျိုးကျတော့ မေးတာမှသွက်နေတာပဲ။ အမြင်ကပ်စွာဖြင့် မျက်စောင်းတချက်ထိုးလိုက်ရင်း သူမကို ပြန်ဖြေလိုက်မိတယ်။

"ပြေသွားပြီ ပြေသွားပြီ။ ခင်ဗျားခေါင်းခဲမနေနဲ့တော့"

"ဟူး တော်ပါသေးရဲ့"

အရွဲ့ပီးပြောလို့ ပြောမှမသိတဲ့ ချစ်သူကြီးကို ပိုး စိတ်လျှော့ပေးပြီး ငေးကြည့်လိုက်မိတယ်။

ဆံစမှ ခြေဖျားအထိတိုင်အောင် မမက်မောစရာ ဘာတစ်ကွက်မှမရှိတဲ့ ချစ်စရာကောင်းလှတဲ့ ချစ်သူကြီးကို ရရှိထားတဲ့နောက်မှာတော့ ချော့တတ်တာ မချောတတ်တာကိုလည်း ထည့်တွက်နေလို့မရတော့ဘူးဆိုပြီး ပိုး ကိုယ့်ကိုယ်ကိုယ်စိတ်ဖြေလိုက်မိတယ်။

"စိတ်မဆိုးဘူးဆိုရင် တစ်ခုလောက်ပြောချင်တယ်"

"ပြော နားထောင်နေတယ်"

"တို့ မင်းကို လက်ထပ်နိုင်တဲ့နေ့ကျမှ မင်းရဲ့ခန္ဓာကိုယ်ကို အပိုင်ယူမယ်နော်"

အိပ်ခန်းအဝ ခပ်လှမ်းလှမ်းမှ တမင်လည်ပြန် လှမ်းပြောနေတဲ့ သူမရဲ့စကားက တိမ်မလိုနဲ့ နက်နဲလှတယ်။ လေးနက်လွန်းတယ်။

အဲဒီစကားကြောင့်ပဲ ပိုးဟာ စိတ်ခုနေသမျှ ပြေသွားရပြီး ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်မိတယ်။
-------------------------------------------

လူတယောက်နဲ့ ချစ်မိရခြင်းဟာ သိပ်ကိုအံ့သြဆန်းကြယ် ကြည်နူးစရာကောင်းတယ်ဆိုတာ အရင်ကပိုး သေသေချာချာမသိခဲ့။

သူမက အရမ်းကြီး Ro တတ်တဲ့ ချစ်သူမျိုးမဟုတ်ပေမယ့် အများအရှေ့မှာတွဲသွားတဲ့အခါ တမင်လယ်ပြန်‌ငေးရ‌လောက်တဲ့အထိ စမတ်ကျလွန်းနေတာကတော့ ပိုးရဲ့ကံကောင်းမှုပဲပေါ့။
သူငယ်ချင်းတွေကြားထဲမှာလည်း ပိုးကိုအားမကျတဲ့လူမရှိ။

တစ်ခါတစ်လေ သူမနဲ့တွဲသွားရင်း ပိုးဟာ ဘဝင်လေဟတ်ရသေးတာ။

"ဘယ်သူများလဲလို့ကြည့်နေတာ။ တို့ရဲ့မိတ်ရင်းဆွေရင်းချည်းပဲ။ ဘယ်လိုလည်းရှိန်း။ မင်းပြောတော့ နာမည်တောင်မမှတ်မိဘူး၊ one night stand အတွက်ပဲဆို။ အခုတော့ မင်းကိုတွေ့လိုက်တိုင်း မင်းဘေးမှာ ဒီကလေးမ ပါမလာတဲ့အချိန်မရှိပါလား။ ဒီလိုအခြေအနေရောက်နေတာကိုတောင် မင်းက နာမည်မမှတ်မိသေးဘူးဆိုရင် တော်တော်လွန်သွားပြီနော်"

အဲဒီနေ့က brown sugar milk tea သောက်ချင်တယ်လို့ ပိုး ပူဆာရင်း သူမကို အသည်းအသန် ရှော့ပင်း center ထဲကို ဆွဲခေါ်ခဲ့လိုက်တာ။

ပိုးကို စာကျက်စရာတွေ အများကြီး ပေးထားတဲ့အတွက် စာကျက်ပြီးမှ အပြင်သွားဖို့ကို သူမက နားချနေသေးတယ်။ အဲဒါကို အတင်းမရမက ပိုးက ခေါ်ထုတ်လာတာ။

အခုစူပါမားကတ်ထဲရောက်တော့ ဟိုတခါ ပိုးနဲ့ ဆုံခဲ့ရတဲ့ ပျို့ယမင်းဆိုတဲ့ အမျိုးသမီးနဲ့ မဆုံချင်စွာ ပြန်တွေ့ခဲ့ရတယ်။

အရပ်ရှည်လှတဲ့ သူမရဲ့လက်ထဲက milk tea ကို ပိုး ခုန်ခုန်ကာ သောက်နေတာကို သူမက အတင်းပဲလက်ကိုမြှောက်ရင်း ပိုးသောက်လို့မရအောင် ဖန်တီးနေတဲ့အခြေအနေ။

Milk tea ဗူးကို မြှောက်ရင်း ပိုးကိုကျောခိုင်းလိုက်တဲ့ တခဏမှာ ပိုးက အသည်းယားစွာဖြင့် သူမကို အားရပါးရ သိုင်းဖက်လိုက်တဲ့အချိန် မထင်မှတ်စွာထွက်ပေါ်လာတဲ့ ထိုအသံ။

လှည့်ကြည့်လိုက်တော့ ပျို့ယမင်း။

ပိုးနဲ့သူမကို မျက်လုံးစိမ့်စိမ့်ကြီးတွေနဲ့ လက်ပိုက်ကာစိုက်ကြည့်ရင်း ခပ်အေးအေးလေးမေးလိုက်ပေမယ့် သူမကတော့ သိသိသာသာ မျက်နှာပျက်ယွင်းသွားလေပြီ။

ခါးကိုသိုင်းဖတ်ထားတဲ့ ပိုးရဲ့လက်တွေကို ပျို့ယမင်းက စိတ်ပါဝင်စားစွာ လှမ်းကြည့်သေးတာ။

ပိုးထင်လိုက်တာက သူမကများ အဲဒီလက်တွေကို ဖြုတ်ချလိုက်မလားပေါ့။

ဒါပေမဲ့ သူမမှာ အဲဒီလက်တွေဆီကိုတောင် အာရုံမရောက်နိုင်ရှာဘူး။ အရမ်းကိုကြောက်လန့်လွန်းပြီး မျက်နှာကဖြူဖတ်ဖြူရော် ဖြစ်လာတဲ့အထိပဲ။ မျက်နှာငယ်လေးနဲ့။

"ပျို့ ဘယ်ကိုလာတာလဲ?

"ရှောပင်းထွက်လာတာ။ သိတယ်မလား။ ကျမက ရှင့်လို အတွဲမရှိဘူးဆိုတော့ တစ်ယောက်တည်းပဲလာရတော့တာပေါ့။ မနေ့ကတည်းကဖုန်းဆက်နေတာနော်။ ဖုန်းမကိုင်ဘူး၊ မကိုင်ဘူးနဲ့။ နောက်ဆုံးတော့ ဖုန်းမခံရတဲ့အကြောင်းတရားကို သဘောပေါက်လိုက်ပါပြီ"

"မဟုတ်ဘူး။ အဲလိုမထင်နဲ့။ တို့နဲ့သူက..."

"One night stand လို့ ပြောဦးမလိုလား? မလုပ်ပါနဲ့။ ဘေးနားကကောင်မလေးကိုလည်း အားနာပါဦး။ ရှင်က သူ့ကို စားတုန်းကတော့ စိတ်ကြိုက်ခိုးစားနေပြီး လူရှေ့သူရှေ့ရောက်ပြီဆိုတာနဲ့ နာမည်တောင်မသိဘူးဆိုတော့ အရမ်းကြီး များလွန်းပါတယ်ကွာ။ ကဲကဲ ချစ်သူတွေ အေးအေးဆေးဆေး လျှောက်ပတ်ကြအုံး။ တို့လည်း ကိစ္စလေးတစ်ခုရှိလို့ သွားလိုက်ဦးမယ်"

"ပျို့ယမင်း နေဦး မသွားနဲ့ဦး။ ကျမတောင်းပန်ပါတယ်"

လှမ်းလျှောက်ထွက်ဖို့ပြင်နေတဲ့ ပျို့ယမင်းရဲ့ လက်တစ်ဖက်ကိုလှမ်းဆွဲရင်း မျက်နှာငယ်နဲ့ တောင်းပန်နေတဲ့သူမဟာ တကယ်ကို သနားစရာကောင်းလွန်းနေတယ်။

"ဘာလုပ်တာလဲ ရှိန်ဝါ သူသွားမယ်ဆိုရင် သွားခွင့်ပြုလိုက်လေ"

"ဟုတ်သားပဲ ရှိန်ဝါရယ် ကောင်မလေးကတောင် တို့ကိုသွားပါလို့ ခွင့်ပြုနေပြီပဲ။ လွတ်ပေးလိုက်ပါအေးအေးဆေးဆေး။ ဒီမှာမိန်းကလေး အရင်တခေါက် တို့တွေတွေ့ခဲ့စဉ်က မင်းနဲ့တို့ ကတောက်ကစ ဖြစ်ခဲ့ကြရတယ်ဆိုတာကလည်း သူ့ကြောင့်ပဲသိလား။ သူသာ မင်းကို တို့အရှေ့အေးအေးဆေးဆေးဝန်ခံမယ်ဆိုရင်  အရင်ကပြဿနာတွေ ဖြစ်ခဲ့စရာကိုမလိုတာ။ တကယ်က မင်းရဲ့ချစ်သူက မလည်မရှုပ်လုပ်နေတာ။ ကဲ ရှိန်ဝါ ချစ်သူလေးနဲ့ အေးအေးဆေးဆေးနေခဲ့လိုက်တော့နော်"

"နေပါဦး မသွားပါနဲ့ဦး"

ကြောက်လန့်တကြားစိုးရွံ့နေတဲ့ သူမကို ပျို့ယမင်းက မျက်ခုံးတချက်ပင့်၊ ဟန်ပါပါပုခုံးတစ်ချက်တွန့်ရင်း ထိုနားမှ ကျောခိုင်းလှည့်ထွက်သွားတယ်။

"ရှင်ဘာဖြစ်လို့ သူ့ကိုဆိုရင် အရမ်းကြောက်လန့်နေရတာလဲ?"

"မင်းမသိဘူး။မင်းမသိဘူး။ မင်းဘာမှမသိဘူး။ သူဘယ်လောက် အဆိပ်ပြင်းလဲဆိုတာ မင်းဘာမှမသိဘူး"

"ဟုတ်ပါတယ် မသိပါဘူး။ ဒါပေမဲ့ ရှင်အဲလိုမျိုးကြီး အခုလိုမျိုး သူ့ကိုကြောက်လန့်ပြနေတာကို ပိုးမမြင်ချင်ဘူး။ အရင်ကမမေးဘူးဆိုတာ ပိုးနဲ့ခင်ဗျား ပတ်သက်မှုက မေးလားမြန်းလား လုပ်ပိုင်ခွင့်မရှိတဲ့ အခြေအနေမို့လို့။ အခုကတော့ ပိုးက ခင်များရဲ့ချစ်သူဖြစ်နေပြီဆိုတော့ မမေးလို့မရတော့ဘူး။ ခင်ဗျားသူနဲ့ ဘယ်လိုပတ်သက်လဲ။ ခင်ဗျားတို့ပတ်သက်မှုက ဘယ်လောက်အတိုင်းအတာအထိ သက်ရောက်ခဲ့လဲ?"

ပျို့ယမင်းက သူမနဲ့ပိုးကို အတူတူယှဉ်ပြီး တွေ့သွားပြီဆိုကတည်းက အဖြစ်အပျက်တွေ ကောင်းလာနိုင်စရာ တစ်ခုမှမရှိတော့။

ပျို့ယမင်းရဲ့အဆိပ်ဘယ်လောက်ပြင်းထန်တယ်ဆိုတာ သူမမှလွဲ၍ ဘယ်သူ သိနိုင်မှာတဲ့လဲ။

စိုးရိမ်တကြီးကြောက်လန့်နေတဲ့ သူမကို ပိုးက စိတ်ဆိုးချင်နေပေမယ့် မျက်နှာတောင် ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့အတွက် ဘာမှ ထပ်မပြောချင်တော့။

"ကဲပါ ပိုးမေးတာကို မဖြေချင်ဘူးဆိုရင်လည်း ဖြေမနေပါနဲ့တော့။ အခု ရှင်ဘာဖြစ်လို့ သူ့ကိုအဲ့လောက်တောင်ကြောက်နေရတာလဲ?"

"မကြာခင်ရောက်လာတော့မယ့် အဖြစ်အပျက်ဆိုးတွေကို ရင်ဆိုင်ရတဲ့အခါကျမှ တို့သူ့ကို ဘာလို့ဒီလောက်ကြောက်လဲဆိုတာ မင်းသဘောပေါက်လာလိမ့်မယ်။ လောလောဆယ်တော့ သူ့ရဲ့အဆိပ်ဘယ်လောက်ပြင်းလဲဆိုတာ မင်းမသိသေးဘူးလေ"

"ဘာတွေပဲဖြစ်လာဖြစ်လာ ပိုးတို့နှစ်ယောက် လက်တွဲမဖြစ်ဘူးဆိုရင် ဘယ်သူကဘာများတတ်နိုင်မှာတဲ့လဲ? အဲဒီအတွက် ခင်ဗျားလည်း အရမ်းကြီးစိတ်ပူမနေပါနဲ့။ ဘယ်လိုပြဿနာတွေပဲကြုံလာခဲ့ကြုံလာခဲ့ ပိုရွေးချယ်မယ့် တစ်ဦးတည်းသောလူက ခင်ဗျားပါ"

ပျို့ယမင်းအကြောင်းကို ဘာမှ သေသေချာချာမသိရှာတဲ့ ပိုးကတော့ သူမရဲ့လက်ကိုကိုင်ပြီး အားပေးနေရှာတယ်။ နောက်ဆုံးတော့လည်း ပိုးကိုအားနာလို့ သူမရဲ့စိတ်ပူပင်မှုကို ခဏလစ်လျှူရှုလိုက်ပြီး ပိုးရဲ့အားပေးမှုကို ခဏလက်ခံလိုက်ရတယ်။

"ကဲ အခုဘယ်သွားကြမှာလဲ"

"ဘယ်ကိုမှ သွားချင်စိတ်မရှိတော့ဘူး။ ခင်ဗျားရဲ့အိမ်ကိုပဲ ပြန်ကြတာပေါ့"

အရင်ကတော့ ရဲရင့်ခဲ့ပါတယ်ဆိုတဲ့ စိတ်တွေ ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ကြပြီ။ ပျို့ယမင်းရဲ့ စိတ်ကို သူမထက်ပိုပြီး ဘယ်သူကသိနိုင်မှာတဲ့လဲ?

—-

"ပျို့"

"ဟော ရှိန်း... ဘာလာလုပ်တာလဲ? ဖုန်းတွေအထက်ထက်အခါခါဆက်ပြီးတာတောင် တော်ရုံ ရောက်မလာတတ်တဲ့မင်းက အခုဘာလာလုပ်တာလဲ? "

ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် မျက်နှာချင်းဆိုင်ဖြေရှင်းတတ်လေ့ရှိတဲ့ သူမရဲ့အကျင့်တစ်ခုကြောင့် ပျို့ယမင်းဆီသို့ သူမလာတွေ့လိုက်တယ်။ ဟန်ဆောင်ကောင်းသူပျို့ယမင်းကတော့ သူမကိုသာသာယာယာပဲ ကြိုဆိုတယ်လေ။
အပြုံးတွေရဲ့ နောက်ကွယ်မှာ နာကျင်မှုတွေဖန်တီးထားမယ်ဆိုတာ သူမ ကောင်းကောင်းသိနေပါတယ်။

"မနေ့ကတွေ့တဲ့ ကောင်မလေးက..."

"မင်းနဲ့ဘာမှမပတ်သက်ဘူးလို့ ပြောချင်တာမဟုတ်လား?"

"ပြောချင်တယ်လေ။ ဒါပေမဲ့ ပျို့က ယုံမှာမှမဟုတ်တာ..."

လိုချင်တာတစ်ခုခုရှိလို့ အနားကိုကပ်ခါ ပွတ်သီးပွတ်သပ်လုပ်နေရပေမယ့် သူမအတွက်က တကယ်ကိုစိတ်ကျဉ်းကြပ်စရာ ကောင်းလှပါတယ်။

ခပ်လှမ်းလှမ်းမှ လက်ကိုဆန့်ထုတ်ရင်း ပျို့ယမင်းရဲ့ခေါင်းမှ ဆံပင်တွေကို သပ်ပေးမိတယ်။ ဒါဟာ အချိုသပ်တာပါ။ စိတ်ပါနေလို့တော့ မဟုတ်။

ဒါကိုပဲ ပျို့ယမင်းက သူမရဲ့ ခါးကို ခပ်တင်းတင်း သိုင်းဖက်လာရင်း နှုတ်ခမ်းကို လာရောက်နမ်းရှိုက်တယ်။

"အရမ်းသိသာတဲ့ကိစ္စတစ်ခု မင်းကိုပြောပြမယ်နော်။ တို့မင်းနဲ့စတွေ့တည်းက ဘယ်တုန်းကမှ မင်းဆီက ချိုသာတဲ့ဆက်ဆံမှုမျိုး မရခဲ့ဖူးဘူး။ ဒါပေမဲ့မနေ့က တို့တခါဘူးမှမမြင်ဘူးတဲ့ မင်းမျက်နှာပေါ်ကအပြုံးမျိုး မင်းအဲဒီကောင်မလေးနဲ့ ပြုံးရွှင်နေတာ တို့မြင်ခဲ့ရတယ်။ နောက်ပြီးတော့သိနေတယ်။ မင်းဒီရက်ထဲ တို့ဆီကိုရအောင်လာမယ်ဆိုတာကိုလေ။ ဘာဖြစ်လို့မပတ်သက်ဘူးလို့ ဖုံးကွယ်ချင်နေရတာလဲ?"

အဲဒီမေးခွန်းအတွက် သူမမှာအဖြေမရှိ။ အမှန်တိုင်းဖြေလို့ကလည်းမဖြစ်ဘူး။

ပျို့ယမင်းကို စေ့စေ့စိုက်ကြည့်လိုက်တော့ ရက်စက်တဲ့အပြုံးတွေ ပန်ဆင်ထားတာကိုတွေ့လိုက်ရတယ်။ မွန်းကျပ်လာတဲ့ခံစားချက်နဲ့အတူ သက်ပြင်းရှည်တခုကိုချရင်း အခက်ခဲကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်မိတယ်။

"ကဲ ဒါဆို ဘယ်လိုဆက်လုပ်မှာလဲ?"
"မင်းက ဘယ်လိုဆက်လုပ်စေ့ချင်လို့လဲ"
"သူနဲ့ ကျမ ဘာမှမပတ်သတ်ဘူးဆိုတာ ပျို့ကိုရှင်းပြနေတယ်လေ။ ဒါကို ပျို့က ယုံမှ မယုံတာ။ အဲဒီတော့ ပျို့က ဘာဆက်လုပ်မှာလဲလို့မေးနေတာ"
"မင်းကို တို့သိပ်ချစ်တယ်ဆိုတာ မင်းသိတယ်မဟုတ်လား ရှိန်း... မင်းမလိုလားဘူး၊ မလိုချင်ဘူးဆိုတာ သိသိရက်နဲ့ မင်းဘေးနားက တို့ မခွာခဲ့ဖူးဘူး။ မင်းလိုအပ်သမျှအရာတွေအကုန် တို့ပေးဆပ်ခဲ့တယ်။ မင်းအနားကို ကပ်လာတဲ့ လူတိုင်းနဲ့ တို့ရန်ဖြစ်ခဲ့တယ်။ မသိရင် တို့က မင်းမွေးထားတဲ့ ခွေးတစ်ကောင်လိုပဲ။ မင်းကို ရန်မူသမျှလူတွေကို လိုက်ကိုက်မိနေတာလေ"
"ရန်မူသမျှလူတွေဆိုတဲ့စကားကတော့ မှားနေပြီ ပျို့။ ခင်ဗျားက ကျမကို ရန်မမူလည်း ခင်ဗျား ရန်လိုက်မူနေတာပဲလေ"

ပျို့ယမင်းကို စိတ်ပျက်စွာဖြင့် ကျောခိုင်းလိုက်ရင်း သူမ မြင်တွေ့လိုက်ရတဲ့ ၀ီစကီတစ်ခွက်ကို ငှဲ့ကာ တစ်ချိုင့်တည်း မော့သောက်လိုက်မိတယ်။

"တော်တော်မှ စိတ်ကျဉ်းကြပ်နေရဲ့လား ရှိန်း..."

ခါးမှ လာကာ သိုင်းဖက်ရင်း သူမရဲ့ ရင်ခွင်ထဲသို့ ပျို့ယမင်း တိုးကာလျှိုဝင်လာတယ်။ ပြီးတော့ သူမမျက်နှာကို မက်မက်မောမောနဲ့ မော့ကြည့်တယ်။

"မင်းဘာလို့ တို့ကို မချစ်နိုင်ရတာလဲ... မင်းလိုချင်တာ မှန်သမျှ တို့ပေးနိုင်ပါတယ် ရှိန်းရယ်။ ငွေကြေးလား၊ ဆေးဝါးလား၊ အရက်လား၊ ပိုင်ဆိုင်မှုတွေလား၊ ဒါမှမဟုတ် ခန္ဓာကိုယ်လား... ကဲ ပြော မင်းဘာလိုချင်လဲ။ တို့အကုန်ပေးနိုင်တယ်"

လိုချင်နေတာ ပိုးပုဝါ။ ဟုတ်တယ်။ ပျို့ယမင်းရဲ့ ပူးကပ်တိုးယှက်မှုကို ရလေလေ၊ သူမ စိတ်ပျက်မိလေလေ။ ပြီးတော့ ပိုးကို တောင့်တမိလေလေ။

ပျို့ယမင်းကို ဖြောင့်ဖျလို့ မရတော့ဘူးဆိုတာ သူမ နားလည်လိုက်ပြီ။

အဆိုးဆုံးတွေပဲ လာတော့မှာမို့... မလာခင် တခဏလေးပဲဖြစ်ဖြစ်.... တညလေးပဲဖြစ်ဖြစ်... ချစ်သူရဲ့ရင်ခွင်ထဲ မှေးစက်အနားယူချင်မိတယ်။

ဒါဟာ သူမတောင့်တမိနေတဲ့ စစ်မှန်သောဆန္ဒတစ်ခုပါ။

"ရတယ် သိလား။ အဆိုးတွေလာတော့မယ်ဆိုတာကိုတော့ သိတယ်။ ထိန်းနိုင်မလားဆိုပြီး တောင်းပန်ဖို့ ရည်ရွယ်ချက်နဲ့ ဒီကိုရောက်လာခဲ့တာ။ ဒါပေမဲ့ တောင်းပန်လို့ မရတော့ဘူးဆိုတာ အခု ဒီကိုရောက်ပြီး၊ ခင်ဗျားနဲ့ တွေ့ပြီးနောက်ပိုင်း နားလည်သဘောပေါက်လိုက်ပြီ။ အဲဒီတော့ ပျို့ယမင်း... ခင်ဗျား ကြိုက်တာကိုသာ လုပ်တော့။ အရင်တည်းက ဂုဏ်ရှိန်ဝါ့ဘ၀က ခင်ဗျားဖျက်စီးလို့ ပျက်စီးခဲ့ပြီးပြီ။ ဒီထက် ပျက်စီးဖို့ ဘာများကျန်ဦးမှာလဲ။ လုပ်... လုပ်လိုက်.... ကြိုက်တာကိုသာ လုပ်လိုက်တော့"

"ကြိုက်သွားပြီ။ အဲဒီလိုစိန်ခေါ်မှုကို တကယ်သဘောကျသွားပြီ"

"ကောင်းပြီလေ။ သဘောကျသွားတယ်ဆိုလည်း စိတ်ကြိုက်သာ ဆက်လုပ်ပေတော့"

"နေစမ်းပါဦး ရှိန်း။ တို့နားမလည်တာတစ်ခုလောက်တော့ မေးစမ်းပါရစေဦး။ တို့မှာ ဘာအားနည်းချက်များရှိနေလို့ မင်းကတို့ကို လက်မခံနိုင်ရတာလဲ။ ဘယ်အချက်က မင်းကို ခါးခါးသီးသီးငြင်းဆန်အောင် ဖန်တီးနေတာလဲ? အိုကွာ တို့ ဒဲ့ပဲမေးတော့မယ်။ မင်း တို့ကိုဘာကြောင့်မချစ်နိုင်ရတာလဲ? "

"ဘာကြောင့်မချစ်နိုင်ရတာလဲဟုတ်လား? "

ပျို့ယမင်းရဲ့မေးခွန်းကို သေချာအောင်ထပ်မေးလိုက်တယ်။ ဟုတ်တယ်လေ။ အဆိုးတွေနဲ့ရင်ဆိုင်ရတော့မယ့် နောက်မှာတော့ ကြောက်လန့်နေတော့ရော ဘာများထူးလာမှာမို့လို့လဲ။

"ဟုတ်တယ်။ မင်း တို့ကို ဘာကြောင့်မချစ်နိုင်ရတာလဲ? "

"အဲဒီမေးခွန်းအတွက် အဖြေက အရမ်းကိုရိုးရှင်းပါတယ် ပျို့ယမင်းရယ်"

"ရိုးရှင်းတယ်ဆိုရင်လည်း ဖြေပေးပါ။ တို့ကြားချင်လို့။ သိချင်လွန်းလို့ပါ"

"ဘာကြောင့်မဖြစ်နိုင်ရတာလဲဆိုတော့ ခင်ဗျားဖြစ်နေလို့လေ။ ပျို့ယမင်းဆိုတဲ့ ခင်ဗျားဖြစ်နေလို့ကို ကျမချစ်လို့မရတာ။ ကဲ ခွင့်ပြုပါအုံး"

ပြတ်ပြတ်သားသားပြောခဲ့ပြီးနောက် သူမ ပျို့ယမင်းကို ကျောခိုင်းထွက်ခဲ့လိုက်တယ်။
ပထမတော့ ခြေဦးတည့်ရာလျှောက်သွားပြီး စိတ်ကိုရွက်လွှင့်လိုက်ဖို့ စဉ်းစားမိပါသေးတယ်။

ဒါပေမဲ့ ခြေလှမ်း တစ်လှမ်းလျှောက်ဖို့ကိုတောင် မနည်းကြိုးစားနေရတဲ့နောက်မှာတော့ သူမအိမ်ကိုပဲ ပြန်ခဲ့လိုက်တယ်။

အပြန်လမ်းမှာ G and G ထဲမှ 100 piper whisky ပုလင်းအသေးတစ်လုံးကို ဝင်ဝယ်ပြီး လမ်းမှာတင် မော့သောက်ခဲ့မိသေးတယ်။

သူမအဆောင်ကိုရောက်တော့ အချိန်က ည ၁၂နာရီကျော်နေပါပြီ။

အ‌ဆောင်လှေကားတွေကို ရီဝေစွာ၊ ခေါင်းငိုက်စိုက်ကျနေရင်းနဲ့ပဲ လေးလံတဲ့ခြေလှမ်းတွေနဲ့ တက်ခဲ့လိုက်မိတယ်။

ဘဝမှာတစ်ခါမှမချစ်ခဲ့ဖူးဘူး။ အခုမှ ပိုးကို စပြီးချစ်ဖူးတာ။

ကိုယ်ချစ်ခဲ့တဲ့လူတွေ လွယ်လင့်တကူ ကိုယ့်ဘေးနားက ပျောက်ကွယ်သွားပြီးတဲ့နောက်ပိုင်း တော်ရုံလိုကိုမချစ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့သူမ။

ပိုးရဲ့ပေးဆပ်မှုတွေကြား ဘယ်လိုမှမငြင်းသာနိုင်တော့တဲ့အဆုံး သူမ ပိုးကို ချစ်ခဲ့မိတာ။

ချစ်မိတာ သိပ်တောင်မကြာသေးခင်မှာပဲ အခုထပ်ပြီးဆုံးရှုံးရတော့မှာပါလား။

ကံကြမ္မာကြီးကဘာဖြစ်လို့ဒီလောက် သူမအပေါ်မှာ ရက်စက်ခက်ထန်နေရတာလဲ?

နှလုံးသားအတွင်းပိုင်းမှ နာကျင်မှုကြောင့် သူမရဲ့မျက်ဝန်းမှာ မျက်ရည်ပူတွေ ခိုအောင်းကာ ပါးပြင်ပေါ်သို့ တစ်လိမ့်ပြီးတစ်လိမ့် ကျဆင်းလာခဲ့ရပေပြီ။

ငိုက်စိုက်ချထားတဲ့ ခေါင်းကို ပြန်မဖော်ဝံ့။ စလစ်ပါ ဖိနပ်အပါးလေးစီးထားလို့ မျက်ရည်ပူတွေက ခြေဖမိုးပေါ်သို့ အတားအဆီးမဲ့ ခုန်ဆင်းနေတယ်။

လှေကားထစ်တွေတက်တာ သူမ အိမ်ခန်းရှိတဲ့ အလွှာကိုရောက်တာတောင် သတိမထားမိဘူး။

ကော်ရီတာအတိုင်း အိမ်ခန်းရှိရာကိုလျှောက်သွားပြီး တံခါးကိုဖွင့်ဖို့ သော့ထုတ်လိုက်တဲ့အခါ အိမ်ခန်းတံခါးက စေ့ရုံပဲ‌စေ့ထားတယ်ဆိုတာ တွေ့လိုက်ရတယ်။

"ကျွီ"

တံခါးကိုအသာတွန်းကာ အိမ်ခန်းထဲကို တစ်လှမ်းချင်းစီ ဝင်သွားပြီးတဲ့နောက်မှာ ဧည့်ခန်းထဲမှာထိုင်နေတဲ့ ပိုးကို တွေ့လိုက်ရတယ်။

"ပိုး ဒီအချိန်ကြီး ဒီမှာဘာလုပ်နေတာလဲ။ မင်းကို အိမ်ကိုပြန်ပြီးပို့ပေးခဲ့ပြီးပြီလေ"

"ခင်ဗျားကိုလွမ်းလို့။ နောက်ပြီး စိတ်ထဲကကြောက်လာလို့"

ပြောရင်းနဲ့ ပိုးကမတ်တတ်ရပ်ရင်း သူမဆီသို့ တိုးကပ်လာတယ်။ သူမရဲ့ခါးမှသိုင်းဖက်ရင်း ရင်ခွင်ထဲကို တိုးဝင်လာတယ်။

"မင်းကဘာကိုကြောက်နေတာလဲ"

"ခင်ဗျားနဲ့ ဝေးရမှာကိုကြောက်နေတာ"

ဟန်ဆောင်မှုကင်းကင်းနဲ့ဝန်ခံလိုက်တဲ့ ပိုးရဲ့စကားဟာ သူမနှလုံးသားတစ်စုံလုံး လှုပ်ခါသွားခဲ့ရတယ်။ ပိုးကိုတင်းကြပ်စွာပြန်လည်သိုင်းဖက်လိုက်ရင်း သူမ အားပေးလိုက်မိတယ်။ ဒါပေမဲ့ အားပေးတဲ့လူမှာလည်း မျက်ရည်စတွေနဲ့ပါပဲ။

"ခင်ဗျားရော မ‌ကြောက်ဘူးလား? "

"ကြောက်တာပေါ့။ တို့က အရင်က တခြားတစ်ယောက်ယောက်ကို ချစ်ခဲ့ဖူးတာမှာမဟုတ်တာ။ မင်းကိုအခုမှစပြီးချစ်မိတာ။ အသက်တမျှမြတ်နိုးရတဲ့မိန်းကလေးကို ဆုံးရှုံးရမှာ တို့ကြောက်တာပေါ့"

"ကြောက်တယ်ဆိုရင် မဆုံးရှုံးချင်ဘူးမဟုတ်လား"

"ဟုတ်တယ်။ တို့... မင်းကို... မဆုံးရှုံးချင်တော့ဘူး။ တို့ မင်းကိုမက်မက်မောမောနဲ့ စွဲလမ်းတွယ်တာနေမိတယ်။ တို့ဘဝမှာ မင်းကလွဲပြီး တခြားဘယ်အရာကိုမှ မလိုချင်တော့ဘူး။ မင်းကိုပဲ.... ပိုးပုဝါရေ.... မင်းတစ်ယောက်တည်းကိုပဲ တို့အရမ်းမက်မောပြီး အရမ်းလိုချင်နေမိတယ်။ တို့မင်းကိုအရမ်းချစ်တယ်။ တို့မင်းနဲ့မဝေးရဲဘူး။ ဘာပဲဖြစ်ဖြစ် အဆိုးတွေတစ်ခုခုနဲ့ ကြုံလာတဲ့အခါ မင်း တို့ကိုပဲ ရွေးချယ်မှာမဟုတ်လား? ကဲ ဖြေစမ်းပါ ပိုးးပုဝါရယ် ‌ဖြေလိုက်စမ်းပါ"

ပိုးရဲ့ပါးနှစ်ဖက်ကို သူမ လက်ညှိုးလက်မတို့ဖြင့် ခပ်တင်းတင်းဆွဲယူရင်း သူမမျက်နှာအနားသို့ ဆွဲခေါ်ယူမိတယ်။

ပါးနှစ်ဖက်ကိုဖြစ်ညှစ်ထားလို့ ပိုးရဲ့နှုတ်ခမ်းလေးက ဖူးထော်ကာ တိုးထွက်နေတယ်။

ပိုးစကားပြန်ပြောဖို့လည်း တော်တော်ခက်ခဲနေတဲ့အခြေအနေ ဖြစ်နေပြန်တယ်။

ဖူးထွက်နေတဲ့ ပိုးရဲ့နှုတ်ခမ်းလေးကို သူမ အားရပါးရ ငုံ့ကာ စုပ်နမ်းမိတယ်။

ပိုးက ဖျစ်ညှစ်ကာ ကိုင်ထားတဲ့ သူမရဲ့လက်ကို ဆွဲကာ မနည်းဖယ်လိုက်ရတယ်။ ပြီးတော့ ပိုးလည်း သူမကို အားရပါးရ ပြန်လည် နမ်းစုပ်တယ်။

တစ်ယောက်နှုတ်ခမ်းက တစ်ယောက်ရဲ့ပါးစပ်ထဲသို့ ပြုတ်ထွက်ပါသွားမတတ် နမ်းစုပ်မိကြတယ်။

နမ်းနေရင်း သူမရဲ့လက်တွေက အထိန်းကွပ်မဲ့စွာဖြင့် ပိုးရဲ့ ရင်သားတွေအပေါ်ကို ရောက်လာတယ်။ ပွတ်သပ်လာတယ်။ ပထမ ပွတ်သပ်တာက ပိုးရဲ့လည်တိုင်ကို နမ်းရင်းနဲ့ လက်က ရင်သား (နို့) ဆီသို့ တဖြည်းဖြည်း ဆင်းသွားတယ်။

ပိုးကတော့ သူမရဲ့ခါးကို အားရပါးရ သိုင်းဖက်ထားမိတယ်။

အငမ်းမရ၊ အရူးအမူးပါပဲ ... အနမ်းတွေက ပြင်းရှခက်ထန်နေကြတယ်။ လိုချင်တပ်မက်စိတ်တွေက တဟုန်တိုး မြင့်တက်လျက်ရှိနေတယ်။

သူမရဲ့လက်က ပိုးရဲ့ ရင်သားကို ပွတ်သတ်ရုံသာမက ပြင်းထန်စွာဖြင့် ဖျစ်နယ်လာတယ်။ ပြီးတော့ အကျီ င်္ အတွင်းသို့ လက်ကို လျိုသွင်းပြီးနောက် ထိုးထောင်နေပြီဖြစ်တဲ့ နို့သီးခေါင်းလေးကို လက်မနဲ့ ဖိချေပြီးပွတ်တယ်။

သူမရဲ့ အနမ်းတွေကလည်း ပိုးရဲ့နှုတ်ခမ်းဆီမှ လည်တိုင်တွေဆီသို့ ဆင်းသက်သွားပြီး။

ပိုးဟာ မော့ကော့ထားရင်း အသက်ရှူမမှန်ချင်တော့။ ပြင်းထန်၊ တောက်လောင်လာတဲ့ ဆန္ဒတွေကြောင့် အသက်ရှူသံတွေ သိသိသာသာ မြန်ဆန်လာရပြီ။

"အား... အင်း.... ရှိန်ဝါ...."

သူမဟာ ပိုးရဲ့လည်တိုင်တွေကို နမ်းနေရင်း လက်တစ်ဖက်နဲ့ ကြယ်သီးတွေကို ချွတ်တယ်။ ပိုးလည်း ကြယ်သီးချွတ်တဲ့ကိစ္စ အမြန်ဆန်ဆုံးပြီးဆုံးသွားအောင် ၀ိုင်းကူချွတ်ပေးတယ်။

ပိုးသားအပါး ရှပ်အကျီ င်္ လေး ၀တ်ထားတာဆိုတော့ ကြယ်သီးတွေ ကုန်သွားတာနဲ့ အကျီ င်္လေးက ကြမ်းပြင်ပေါ်သို့ အပုံသား ကျသွားရတယ်။

အ၀တ်မဲ့သွားတဲ့၊ ဘော်လီအနက်ရောင်လေးသာ ၀တ်ဆင်ထားတဲ့ ပိုးရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို သူမ အားရပါးရ၊ မက်မက်မောမော ကြည့်တယ်။

ကြည့်နေရင်းက မျက်ရည်တွေဝေ့လာပြီး ပါးပြင်သို့စီးကျလာတယ်။

"တို့.... တို့... တို့ မလုပ်ရက်ဘူး ပိုး။ တို့ မင်းကို ချစ်တယ်။ ဒါပေမဲ့ အဲ့ဒီလို... အဲဒီလို..."

"ဒီမှာကြည့်... ရှိန်ဝါ... ပိုးကိုကြည့်။ ကြည့်။ ပိုးမျက်ဝန်းတွေကိုကြည့်။ ပိုး အခု ဘာကို လိုချင်နေလဲ သိလား... သိတယ်မို့လား"

မျက်ရည်စတွေနဲ့ သူမ ခေါင်းညိတ်ပြရှာတယ်။ တကယ့်ကို ကလေးကြီးတစ်ယောက် ငိုနေသလိုလေးပါလားနော်။

ပိုးဟာ သူမရဲ့ နဖူးကို မက်မောစွာ၊ နင့်နင့်နဲနဲ ခြေဖျားထောက်ကာ နမ်းရှိုက်လိုက်ရင်း သူမရဲ့လက်ကိုဆွဲကာ အိပ်ခန်းဆီသို့ ခေါ်ဆောင်လာမိတယ်။

"ခန္ဓာကိုယ်က တောင့်တနေတာကို ခင်ဗျားသိနေသားပဲ ရှိန်ဝါရယ်.... ပိုး လိုချင်နေတာလေ.. နော်... ပိုး ခင်ဗျားကို အရမ်း လိုချင်နေတာ... မက်မက်မောမောနဲ့ကို လိုချင်နေတာ။ မယုံဘူးလား.... ခင်ဗျား မယုံဘူးဆို ပိုးပြမယ်"

ဟုတ်တယ်။ အခုနက သူမရဲ့ ပြင်းထန်လှတဲ့ အထိတွေ့တွေ၊ အနမ်းရှိုက်တွေအကြားမှာ ပိုးဟာ ဆန္ဒတွေလောင်ကျွမ်းရင်း စက်စက်ယိုသွားခဲ့ရတယ်။

အရင်ဆုံး ပိုး ဘောင်းဘီဇစ်ကို ဖြုတ်လိုက်တယ်။ ဂျင်းခပ်ပွပွလေး ၀တ်ထားတယ်ဆိုတော့ ဘောင်းဘီဟာ ဇစ်ဖြုတ်လိုက်တာနဲ့ အလွယ်တကူ ချွတ်ချလို့ရသွားတယ်။

ပြီးတော့ ၀တ်ထားတဲ့ အောက်ခံဘောင်းဘီ၊ အပါးလေး။ အဲဒီအပါးလေးရဲ့ ခွအနားသို့ (အဓိကနေရာနားဆီသို့) သူမရဲ့ လက်ညိုးကိုယူပြီး ပိုးကိုယ်တိုင်ပဲ ထိတွေ့ပေးမိတယ်။

"ဟားးး..."

ပူနွေး၊ စိုစိနေတဲ့ အထိတွေ့က သူမရဲ့ ထိန်းချုပ်စိတ်ကို မှေးမှိန်စေတယ်။

"တွေ့လား... အရမ်းတောင့်တနေတာ။ ခင်ဗျား မလုပ်ပေးရင် ဘယ်သူ လုပ်ပေးမှာလဲပြော..."

ထိုစကားအဆုံး.... သူမဟာ နွားသိုးကြိုးပြတ် ပိုးရဲ့ ခန္ဓာကိုယ်လေးကို တွန်းလှဲလိုက်ကာ နှုတ်ခမ်းတွေကို ပြတ်ထွက်သွားမတတ် နမ်းစုပ်မိတယ်။ ပြီးတော့ တစ်ခါခါ သူမရဲ့ လျှာကို လာလာထိတဲ့ ပိုးရဲ့ လျှာထိပ်လေးကိုပါ သူမ စုပ်မိတယ်။ သူမရဲ့ လျှာနဲ့ ပိုးရဲ့ သွားဖုံးလေးတွေကို ပွတ်သတ်မိတယ်။

သူမရဲ့ အပြုအမူတွေအောက် ပိုးဟာ လှိမ့်နေအောင် လှိုက်ဖိုငင်နေတယ်။

"အား... ရှိန်ဝါ... အား..."

ပိုးရဲ့ လည်တိုင်တွေကို အားရပါးရ နမ်းစုပ်ပြီးတဲ့အခါ အချစ်ရဲ့ သင်္ကေတ နီညိုရောင်အကွက်တွေ ဖြစ်ပေါ်ကုန်တယ်။ ဘော်လီချိတ်ကို လက်နဲ့လျှိုကာ ဖြုတ်လိုက်ပြီးနောက် ဖွေးငွင့်စွာ ထွက်ပေါ်လာတဲ့၊ တင်းထောင်နေတဲ့ ပိုးရဲ့ နို့သီးခေါင်းရဲရဲလေးတွေ ထွက်ပေါ်လာတယ်။

အဲဒီနို့သီးခေါင်းလေးတွေကို တစ်ဖက်ကို လျှာနဲ့ယက်၊ စုတ်ပြိး၊ ကျန်တစ်ဖက်ကို လက်ညိုး၊ လက်မတို့နဲ့ ခပ်သာသာယာယာ ဖိချေမိတယ်။

နှုတ်ခမ်းနဲ့စုပ်နေတဲ့ နို့ဖက်ကို နယ်ကာချေမိတယ်။

"အား... ရှိန်ဝါ... ရှီး... "

အရှိန်က တဖြည်းဖြည်းတက်လာပြီ။ ချက်ချင်းပဲ သူမ အကျီ င်္ကို ဆွဲချွတ်လိုက်မိတယ်။ ပြီးတော့ သူမရဲ့လက်တစ်ဖက်က ပိုးရဲ့ ဗိုက်သားလေးဆီသို့ တဖြည်းဖြည်းဆင်းသက်သွားပြီးနောက် သူမရဲ့ အနမ်းတွေကလည်း နို့ကြား၊ ရင်ဘတ်ရဲ့ အလယ်ဗဟိုတည့်တည့်ကို နမ်းစုပ်မိတယ်။

ပြီးတော့ အနမ်းတွေက တဖြည်းဖြည်း ခန္ဓာကိုယ်အောက်ပိုင်းသို့ ဆင်းသက်လာမိတယ်။

လက်တစ်ဖက်က အောက်ခံဘောင်းဘီကို အသာလျှိုကာဝင်သွားမိပြီး လက်ခလယ်ဖြင့် ပိုးရဲ့ အဓိကနေရာလေးကို ခပ်ဖွဖွလေး ပွတ်သတ်ပေးမိတယ်။

အခုန ပိုးပေးထိတည်းက ပူနွေးစိုစွတ်နေတဲ့ အလယ်ဗဟိုလေးကလည်း သိသိသာသာ တင်းထောင်နေပြီဆိုတာ သူမလက်ခလယ်ရဲ့ အထိတွေ့ကတဆင့် သိလိုက်ရတယ်။

"ဘောင်းဘီချွတ်လိုက်နော်"

"ဟူး... အာ... အင်း...."

ပိုး လှိုက်ဖိုနေရင်းမှ တင်ပါးကို အသာကြွပေးရင်း ဘောင်းဘီကို ချွတ်စေတယ်။

သူမ ကိုယ်ကိုအောက်ဖက်ဆီသို့ အသာလျောလိုက်ရင်း ပိုးရဲ့ ပေါင်ကြားဆီသို့ ကြည့်လိုက်မိတယ်။

ရွှမ်းစိုနေတဲ့ ပိုးရဲ့ အဓိကလေးက သူမကို စိန်ခေါ်နေသလိုလို၊ စိတ်ကို ပိုပိုပြီးဆွနေသလိုလို။

အသာခေါင်းငုံ့ရင်း လျှာထိပ်လေးဖြင့် တင်းထောင်နေတဲ့ G-spot လေးကို ထိတွေ့လိုက်တဲ့အခါ ပိုးခါးလေးများပင်ကော့သွားရတယ်လေ။

"အား... ရှိန်ဝါ.... အား.... အင်း.... ရှီး.... ဟူး.... "

သူမ တချိန်လုံးက တောင့်တနေမိတဲ့ အရသာ။ လျှာထိပ်က ထိုကြားလေးထဲမှ ပြန်နှုတ်မထွက်နိုင်တော့။

လျှာကို အပေါ်အောင် ခပ်သွက်သွက်လေး တဆတ်ဆတ်လှုတ်ရင်း ဆော့ကစားပေးတဲ့အခါမှတော့ ပိုးက ပိုပိုပြီး လူးလှိမ့်လာရပါတော့တယ်။

"အား... ရှိန်ဝါ.... အင်း... ရှိန်ဝါ... အား... ဘာဖြစ်လာတာလဲ မသိဘူး... ရှီး..."

ရွှမ်းရွှမ်းစိုနေတဲ့ ပူနွေးတဲ့ အရည်လေးတွေ သူမရဲ့ မေးစေ့ဆီသို့ လာလာထိတယ်။

ဒါကို ကြည့်ချင်းအားဖြင့် ပိုး မကြာခင် ပြီးတော့မယ်။ ခရီးတစ်ခုကို မသွားဘူးဆိုလည်း မသွားနဲ့။ အေး သွားပြီဆိုရင်လည်း အဆုံးထိ သွားလေ့ရှိတဲ့ သူမ။ ပိုးကို သနားမိတာတော့ အမှန်ပဲ။ ဒါပေမဲ့ လိုချင်ရမက်က စိတ်ကို ထိန်းချုပ်မနိုင်။

ရွှမ်းစိုနေတဲ့ ပိုးရဲ့ အလယ်ဗဟိုပေါက်လေးထဲ သူမ အရင်ဆုံး လက်ညိုးလေးအသာထိုးထည့်မိတယ်။

ရွှမ်းစိုနေတဲ့အချိန်ဆိုတော့ ပိုးဆီက "အ!" ခနဲ အသံထွက်သွားပေမယ့် အတွင်းသို့ လျောလျောရှူရှူပဲ ၀င်သွားတယ်။

ပိုးခါးလေး မော့ကော့တက်သွားတယ်။

နာကျင်မှုပျောက်သွားစေ့ချင်လို့ သူမ G-spotလေးကို ခပ်သွက်သွက်လေး လျှာနဲ့ ဆော့ကစားနေရင်းက ကုန်းစုပ်ပေးမိတယ်။

သာယာမှုက နာကျင်မှုကို ဖုံးကွယ်နိုင်တယ်တဲ့။ ဒါ့ကြောင့် ပိုးဟာ နာကျင်ပေမယ့် ပြန်လည်ပြီး ခံစားချက်ကောင်းတဲ့ အသံတွေ ထွက်လာရတယ်။

"အား... ရှီး... ဟူး...."

တပြွတ်ပြွတ်နဲ့ G-spotကို စုပ်ပေးနေရင်းက ပိုးရဲ့ အလယ်ပေါက်ထဲသို့ သူမ လက်ညိုလေးနဲ့ Penetration ခပ်မှန်မှန်လုပ်ပေးနေရာကာနေ ပိုးရဲ့ ပေါင်တွေ တဆတ်ဆတ်တုန်ခါလာတဲ့အခါ သူမရဲ့ လက်အရှိန်ကို ပိုပြီး မြှင့်တင်လိုက်မိတယ်။

"အား... မရတော့ဘူး... ဘာဖြစ်တာလဲ မသိဘူး... အား.... ရှိန်ဝါ...အင်း.... အင်း.... အ!... အ!... အား...."

ပိုးတကိုယ်လုံးမြောက်တက်လာရင်း လက်ကလည်း အိပ်ရာခင်းကို ကျစ်ကျစ်ပါအောင်ဆုတ်ထားရင်း၊ ခေါင်းကလည်း မော့ကော့ထားရင်းကနေ အားခနဲ အသံအဆုံး အရာရာ ငြိမ်ကျသွားတယ်။

ပေကျံနေတဲ့ သူမ မေးစေ့ကို လက်ဖမိုးနဲ့ သုတ်ပစ်ရင်း အရမ်းကို ချစ်ဖို့ကောင်းတဲ့၊ အနုအယွချစ်သူလေးကို သူမ အားရပါးရ သိုင်းဖက်ထားလိုက်မိတယ်။

လက်ခလယ်မှာပေနေတဲ့ ပိုးရဲ့အချစ်ရည်တွေကိုလည်း သူမ ဘောင်းဘီနဲ့ပဲ ခပ်သွက်သွက်သုတ်ပစ်လိုက်သေးတယ်။

ရမက်ဇောနဲ့ လုပ်နေရင်းက ပိုးဘယ်လောက်တောင် မောနေမလဲဆိုတာ သူမ မေ့သွားမိတယ်။

ပိုးကို သိုင်းဖက်ထားလိုက်တော့ ပိုးဟာ သူမရင်ခွင်ထဲ ကွေးကွေးလေး ငြိမ်သက်နေရင်းက မောဟိုက်နေသေးတယ်။

"ဘာဖြစ်သွားတာလဲ သိလား ကလေးလေး..."

"ပြီးသွားတာလား? "

"အင်... ခင်ဗျားလေးက သိတယ်"

"အာ့ အဲ့လိုပဲရှိမှာပဲလေ။ အာ့ဖြစ်ဖို့ပဲ အာ့လုပ်တာမဟုတ်ဘူးလား"

သူ့စကားနဲ့သူတောင် လည်နေတာ၊ သူမ ထပ်မေးရင် ပိုရှုတ်သွားမှာမို့ ပြုံးရင်း ငြိမ်နေလိုက်ရတယ်။
ဆတ်ဆတ်ခါ မောဟိုက်နေတဲ့ ပိုးကို ကျစ်လစ်စွာဖက်ထားရင်း ပိုးရဲ့ နဖူးလေးကို မြတ်နိုးမှုအတိဖြင့် ဖိနမ်းလိုက်မိတယ်။

"အခု ပိုးကို ရှင်ပိုင်သွားပြီပေါ့ ဟုတ်လား ရှိန်ဝါ"

"အင်း... အဲ့လိုပေါ့။ ဘာလဲ အပိုင်မခံချင်လို့လား"

"အပိုင်ခံချင်တယ်၊ ပြီးတော့ ပိုးလည်း ပြန်ပိုင်ချင်တယ်"

မောဟိုက်တာ အနည်းငယ်ပြေတာနဲ့ ပိုးက တစခန်းထလာတယ်။ သူမ သဘောကျစွာပြုံးရင်း စကားကို လှအောင်ပြောနေတဲ့ ပိုးကို စနောက်ချင်တဲ့စိတ်ဖြစ်ပေါ်လာခဲ့တယ်။

တကယ်တော့လေ။ သူမ စိတ်ဆင်းရဲနေတာသိလား။ ပျို့ယမင်းဘယ်လိုမီးမျိုးမွှေးမလဲဆိုပြီး စိုးရိမ်ကြောင့်ကျမိနေတာ။ ဒါပေမဲ့ ပိုးနဲ့ အခုလို အတူတူနေလိုက်ရတော့ သူမ စိတ်ထဲ မွန်းကြပ်မှုတွေ ခဏတော့ ပြေပျောက်သွားရတာ အမှန်ပဲ။

"ပြန်ပိုင်ချင်တယ်ဆိုတာ..."

"ပိုး ခင်ဗျားကို လိုချင်တယ်လို့..."

"ဟာ.... အခု ရနေပြီပဲကို"

"မဟုတ်ဘူး... ဒေါ်ရှိန်ဝါ.... ခင်ဗျားကို ပိုး စားချင်တယ်လို့။ ပိုးအလှည့်ပြီးပြီ။ အခု ခင်ဗျား အလှည့်။ လာထား..."

"ဟာ... ပိုး... နေဦးလို့...."

"မရဘူး... စားမှာပဲ... ငြိမ်ငြိမ်နေရင် နာမယ်နော်... ဟွန့်... ဆွဲကိုက်လိုက်ရမလားပြော..."
-------------------------------------------

အရေးတကြီး ပြောစရာ၊ ပြစရာရှိတယ်ဆိုတဲ့ ဒေါ်ငုဝါရဲ့ ဖုန်းဆက်လာမှုကြောင့် သူမ ပိုးအိမ်ဆီသို့ စာသင်ချိန်ထက် ၂ နာရီကျော် စောပြီး ရောက်လာရတယ်။

ဖုန်းထဲမှာတည်းက ဒေါ်ငုဝါအသံက အနည်းငယ်ခက်ထန်နေပေမယ့် အိပ်ရာထထချင်း ဖုန်းဆက်လို့ ဖြစ်မယ်ဆိုတဲ့ ဖြည့်တွေးပေးခဲ့မိပေမယ့် ဒေါ်ငုဝါရဲ့မျက်နှာကို အခုမြင်တွေ့လိုက်ရတဲ့အခါ... အော် အခုန သူ ဖုန်းဆက်တည်းက လေသံက တကယ်ပဲ ခက်ထန်နေပါလားလို့ သူမ လက်ခံလိုက်ရတယ်။

"ထိုင်ပါ..."

ဧည့်ခန်းထဲ တန်းဝင်သွားတဲ့ သူမကို ဒေါ်ငုဝါက ထိုင်ခုံမှာ ထိုင်ခိုင်းတယ်။

အဆိုးတစ်ခုခုပဲဆိုတာ ရိပ်မိလိုက်ပါပြီ။ ဒါပေမဲ့ အများကြီး မဆိုးရွားပါစေနဲ့လို့တော့ ဆုတောင်းနေရတာပေါ့နော်။

"ရော့.... တစ်ချက်... ကြည့်လိုက်ပါဦး။ ဒီပုံတွေထဲက မင်းနဲ့ သမီးမှ ဟုတ်ရဲ့လား..."

သူမဆီကို လေထုထဲကတဆင့် လွင့်ပျံကာ ကျလာတဲ့ ဓါတ်ပုံတွေ။

ဒေါ်ငုဝါက သူမဆီ လွှင့်ပစ်က ပေးလိုက်ခြင်းပါ။

ပုံတွေက မနေ့ညက အိပ်ရာထဲမှ သူမနဲ့ ပိုးရဲ့ လုပ်ရပ်တွေအကုန်လုံးကို ထိထိမိမိ မှတ်တမ်းတင်ထားတဲ့၊ ပြတ်သားလှတဲ့ ဓါတ်ပုံတွေ။

ခန္ဓာကိုယ်ဝတ်လစ်စလစ်နဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် ပုံစံပေါင်းစုံ၊ အနမ်းမျိုးစုံ၊ အထိတွေ့စုံလင်စွာဖြင့် ကာမရသကို ချစ်ခြင်းဖြင့် မြည်းဆန်းနေကြတဲ့ သူမနဲ့ ပိုး။

သူမပေါင်ကြားသို့ရောက်နေတဲ့ ပိုး။

ပိုးရဲ့ ခန္ဓာကိုယ်ကိုယ်အောက်သို့ ရောက်နေတဲ့ သူမ။

နှစ်ယောက်သား ထိုင်နေရင်း အပြန်အလှန် ထိနေကြတဲ့ သူမနဲ့ပိုး။

ခါးက မော့ကော့နေတဲ့အချိန် ပိုးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှ Penetration ခပ်ကြမ်းကြမ်းလေး လုပ်ပေးမိနေတဲ့ သူမ။

လုပ်တုန်းကတော့ မွှန်ထွန်နေလို့၊ အချစ်စိတ်ဖြင့် လုပ်ခဲ့ကြပေမယ့်၊ အခုပြန်ကြည့်ရတော့ သူမ မျက်လုံးမရဲတာ အမှန်ပဲ။
ဆတ်ခနဲ အကြည့်ကို လွှဲချလိုက်ရင်း ခေါင်းငုံ့လိုက်ရတယ်။

"ငြင်းချင်လား ရှိန်ဝါ။ ဒါ မင်းနဲ့ သမီး မဟုတ်ဘူးလို့..."

မဖြေခင် အရင်သက်ပြင်းတစ်ချက်ချလိုက်မိတယ်။ ပြီးတော့ အားတင်းရင်း ဒေါ်ငုဝါကို ရင်ဆိုင်ဖို့ ဆုံးဖြတ်မိတယ်။

"ဟုတ်ပါတယ်။ အဲဒါ ကျမနဲ့ ပိုးပုဝါပါ..."

"မင်းတို့ ဒီလိုပုံတွေ ဘယ်လိုဖြစ်လာတာလဲဆိုတာ မေးစရာမလိုအောင်ရှင်းတယ်။ ဟုတ်တယ်နော်။ မင်းနဲ့ သမီးက ဘာညာတွေ လုပ်ကြတယ်ပေါ့။ အေး မေးစရာရှိနေတာက ဒီပုံတွေ တို့လက်ထဲ ဘယ်လိုလုပ်ပြီးရောက်နေလဲဆိုတာပဲ... ဟုတ်လား။ မင်းရော မသိချင်ဘူးလား... ဒီပုံတွေ တို့လက်ထဲ ဘယ်သူလာပို့ပေးသွားတာလဲဆိုတာ..."

ပျို့ယမင်းကလွဲပြီး တခြားဘယ်သူများရှိနေဦးမှာလဲ။

မနေ့ညက သူမနဲ့ ပိုးကို ပျို့ယမင်းပဲဖြစ်ဖြစ်၊ သူတပည့်တစ်ယောက်ယောက်ပဲဖြစ်ဖြစ် စောင့်ပြီး ပုံတွေရိုက်တယ်၊ ပြီးတော့ အဲဒီပုံတွေကို ဒေါ်ငုဝါဆီ လာပို့တယ်။ ဒါပဲလေ။ သူမကို ပိုးဘေးနားကနေ လွင့်သွားအောင် လုပ်ချင်နေတဲ့ ပျို့ယမင်းရဲ့ စိတ် ဆန္ဒလည်းပြည့်ဝသွားပြီပေါ့။

"ကဲ မေးလိုက်စမ်းပါ ဂုဏ်ရှိန်ဝါ။ တို့လက်ထဲ ဒီပုံတွေကို ဘယ်သူလာပို့ပေးသွားတာလဲဆိုပြီး မေးလိုက်စမ်းပါ..."

သူမ စိတ်မောစွာဖြင့် ဒေါ်ငုဝါကို ငေးကြည့်နေမိတယ်။

"ဘယ်သူလာပို့ပေးတာလဲ သိလား... အေး အံ့သြပြီး အသက်မထွက်သွားအောင်တော့ ထိန်းထားဦးနော်။ တို့လက်ထဲကို ဒီပုံတွေလာပို့ပေးသွားတာ တခြားလူတော့ မဟုတ်ဘူး ဂုဏ်ရှိန်ဝါ။ အဲဒါ တို့ရဲ့သမီး ပိုးပုဝါ ကိုယ်တိုင်ပဲ..."

"ရှင်..."

-------------------------------------------

ဆက်ရန်...


-------------------------------------------

(Uni code)

You've reached the end of published parts.

⏰ Last updated: 6 days ago ⏰

Add this story to your Library to get notified about new parts!

မက်မောစွဲလန်းရပါသော... သူမWhere stories live. Discover now