Episode 13 (Z+U)

539 48 11
                                    

(Zawgyi code)

ဘယ်သူတွေ သဘောတူတူ မတူတူ။ ပိုးကတော့ သူမကို လုံးဝလက်မလွတ်ဘူးဆိုတာ သူငယ်ချင်းတွေအားလုံးကို သိအောင် ပြောပြခဲ့တယ်။

အားပေးကြတဲ့လူတွေရှိသလို၊ သဘောမကျတဲ့လူတွေလည်းရှိတယ်။

ဘာပဲဖြစ်ဖြစ် ပိုးကတော့ သူမလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ဘယ်အရာကိုမဆို ရင်ဆိုင်တယ်လို့ ဆုံးဖြတ်ထားတယ်။

"တကယ်လို့ နင့်မိဘတွေက သဘောမတူဘူးဆိုရင်ရော နင်က ရှိန်းကို ဆက်တွဲမှာပဲလား?"

"မာမီတို့ ဒယ်ဒီတို့ သဘောမတူတာကို စကားထဲထည့်ပြီး မေးနေရသေးတယ်။ ငါကလေ ကောင်းကင်ပေါ်က သိကြားနီဆင်းတားရင်တောင် ဂုဏ်ရှိန်ကို လက်မလွှတ်ဘူး။ ငါတို့နှစ်ယောက်ကို ခွဲနိုင်တာဆိုလို့ သေမင်းပဲရှိတယ်"

လက်လွန်၊ ကြက်သွန် ပြောထားပြီးသားမို့ သူငယ်ချင်းတွေလည်း လက်လျှော့သွားခဲ့ပြီ။

သူမလည်း ပိုးရဲ့စိတ်အားထက်သန်မှုကြီးကို လက်လျှော့ပေးရမလိုလို ဖြစ်နေတယ်လေ။

လူကြားထဲရောက်ပြီဆို အသည်းအသန် လက်ကိုဆွဲကာ ဆိုင်းဘုတ်တင်တတ်လေ့ ရှိတဲ့ ပိုးရဲ့အပြုအမူကို နောက်ဆုံးတော့ သူမ လက်လျှော့ကာ ကြိုက်တာသာလုပ်တော့ ဆိုပြီး ခွင့်ပြုလိုက်ရတယ်လေ။

သူမရဲ့ အိမ်ခန်းလေးကလည်း အရင်ကလို မဟုတ်တော့။

အရင်ကဆို သူမရဲ့အိမ်ခန်းလေးအတွင်း တော်ရုံ ပရိဘောကပစ္စည်းတွေ ရှိမနေတတ်။ အခုနောက်ပိုင်းမှာတော့ ပိုးဟာ ဈေးဝယ်ထွက်တိုင်း သူမအိမ်နဲ့ သင့်တော်တယ်ဆိုတဲ့ အရာမှန်သမျှကို ဝယ်ယူပြီး အိမ်သို့ လာပို့တက်နေပြီ။

စာကျက်မယ်ဆိုပြီး မနက်ဆိုရင် အိမ်ကို ရောက်လာတတ်တယ်။

နေ့လည်နေ့ခင်း အထိလည်း အိမ်ပြန်တာမျိုးမရှိ။

သူမအိမ်ကို ဝင်ထွက်သွားလာနေပုံက မသိရင် ပိုးရဲ့အိမ်လို့တောင် ထင်ရတဲ့အထိပဲ။

အဆောင်ပိုင်ရှင်မိန်းမနဲ့လည်း ပိုးဟာ တော်တော်လေး အပေါက်အလန်းတည့်အောင် ဆက်ဆံပြောဆိုနိုင်တယ်။

ပျို့ယမင်းနဲ့ ဆုံမှာဆိုးလို့ သူမကပဲ ပျို့ယမင်းအိမ်ကို အရင်ကြိုကာ သွားရောက်တဲ့နည်းလမ်းနဲ့ ပိုးနဲ့ ပျို့ယမင်းတို့ မဆုံမိအောင် ဖန်တီးရတော့တာပေါ့။

ခံစားချက်တွေက ထူးဆန်းတာတော့ အမှန်ပဲ။

သူမဘေးနား ပိုးရှိနေတဲ့အခါဆို စိတ်ရှုပ်ဆရာကောင်းလောက်အောင်ကို ပိုးက သူမကို နှောင့်ယှက်လေ့ရှိတယ်။

စာသင်ပေးနေရင်း စာမေးသလိုနဲ့ ပါးကို အတင်းဖြစ်ညှစ်သွားတာမျိုး၊ မုန့်စားနေချိန်တွင် ပါးမှာတခုပေးနေတယ်ဆိုပြီး ပါးအနားကိုကပ်ကာ သွားနဲ့ကိုက်သွားတာမျိုး၊ သူမတစ်ယောက်တည်း ငြိမ်ပြီး တစ်ခုခုလုပ်နေချိန်တွင် အနားကိုရောက်လာပြီး သူမရဲ့ မျက်မှန်မှန်တွေကို အဆီတွေပေသွားအောင် လက်နဲ့သုတ်သွားတာမျိုးတွေကို ပိုးဟာ စိတ်ရှုပ်စရာကောင်းလောက်အောင်ကို လုပ်တတ်လေ့ရှိတယ်။

ပျို့ယမင်းဆီ သူမရောက်နေချိန်ဆိုရင်တော့ ပျို့ယမင်းဟာ သူမစားချင်တဲ့ အစားအစာများကို ပြင်ဆင်ပေးတာမျိုး၊ သူမရုပ်ရှင်ကြည့်နေလျှင် ငြိမ်ငြိမ်လေးနေပြီးတာမျိုး၊ သူမစာအုပ်ဖတ်နေရင် ဝိုင်တခွက်လာငှဲ့ပေးသွားတာမျိုး တွေကူညီတတ်လေ့ရှိပေမယ့် သူမဟာ ပျို့ယမင်းဆီ ရောက်နေချိန်မှာတောင် ပိုးကို တမ်းတတတ်လာပြီ။

"အခုတလော မင်းကိုကြည့်ရတာ တစ်မျိုးပဲ။ ရှိန်း မင်းတခုခုဖြစ်နေလား? "

"ဘာဖြစ်ရမှာလဲ။ ဘာမှမဖြစ်ပါဘူး"

"မင်းကိုကြည့်ရတာ အထဲထဲမှာ ဝိုင်တွေကုန်နေတဲ့ ဝိုင်းပုလင်းအလွတ်ကြီးနဲ့တူတယ်။ ခံစားချက်အနှစ်သာရ မဲ့နေသလိုပဲ။ မင်းတစ်ယောက်ယောက်ကို တမ်းတနေတာလား? "

"မတမ်းတပါဘူး။ အဲလိုတမ်းတတတ်တဲ့စိတ်မျိုး ကျမမှာ မရှိတတ်ဘူးဆိုတာ မယမင်း အသိဆုံးပဲမဟုတ်လား?"

ပျို့ယမင်းဆီ ရောက်ရောက်နေတဲ့ သူမရဲ့စိတ်ထဲမှာ ပိုးရှိနေတယ်ဆိုတာ ပျို့ယမင်းသိလို့ လုံးဝမဖြစ်ပါ။

အကြောင်းကြောင့်ကြောင့် သိသွားခဲ့သည်ရှိသော် ပျို့ယမင်းက ပိုးကို ထိခိုက်နာခြင်းအောင်လုပ်ဖို့ လက်နှေးနေမှာမဟုတ်ဘူးဆိုတာ သူမအသိဆုံးပဲလေ။

အဲဒါကြောင့် ပျို့ယမင်းသားရောက်လို့ရှိရင် သူမ သာမန်ထက်ပိုပြီး ပျော်ရွှင်ပြရတယ်၊ ပေါ်ပေါ့ပါးပါး နေပြရတယ်။ ဒါတွေကိုလုပ်ရခြင်းကပဲ သူမအတွက် စိတ်ပင်ပန်းမှု ပိုပြီးဖြစ်ပေါ်လာတယ်။

"အရင်ကဆို တို့ဆီကိုလာဖို့ မင်းကို မနည်းကြီးပင့်ရတာနော်။ အခုတော့ မင်း ငါ့ဆီကို ၂ရက်ခြားတခါ သုံးရက်ခြားတခါ လာပေးနေတာ ပုံမှန်မဟုတ်ရဲ့လား? "

"ပုံမှန်မဟုတ်ဘူး။ ကျမ ကောင်မလေးတယောက်ကို စိတ်ဝင်စားနေတယ်။ အဲဒီကောင်မလေးကို ခင်ဗျားသွားပြီး ရန်ရှာမှာစိုးလို့ ခင်ဗျားဆီကို အခုလိုပုံမှန်လာပေးနေတာ"

ခပ်တည်တည်ပြောလိုက်တဲ့ သူမရဲ့စကားကြောင့် ပျို့ယမင်းဟာ မျက်လုံးအဝိုင်းသားနဲ့ ခဏတော့နေတတ်သွားရတယ်။ ပြီးမှ သတိဝင်သွားပြီး အားရပါးရ ဟားတိုက် ရယ်မောတယ်လေ။

"ဟား ဟား ဟား ဟား ရှိန်း မထင်ရဘူးနော်။ မင်းက မျက်နှာတည်ကြီးနဲ့ ဟာသလည်း တော်တော် ပြောတတ်တာပဲ"

မဟုတ်ဘူးလို့ငြင်းနေရင် စကားကရှည်နေမယ်။ ဒီတော့ ဟုတ်တယ်ဆိုပြီး ဒဲ့ဝန်ခံလိုက်ခြင်းဟာ ပျို့ယမင်းအတွက် ဟာသတစ်ပုဒ်ဖြစ်နေမယ်ဆိုတာ သူမှာကောင်းကောင်းသိတာပေါ့။

"ရှိန်း"

"အင်း ပြော"

"မင်း တို့ကို ချစ်လာပြီလား? "

"မယမင်း ဘယ်လိုထင်လဲ"

"မသိဘူးလေ။ အရင်ကဆို မင်းကတို့ကို ခါးခါသီးပဲ။ အခုဆို တို့ဆီပုံမှန်လာတယ်၊ တို့ကိုအချိန်ပေးတယ်၊ တို့ပျော်အောင် ဖန်တီးပေးတယ်။ ဒါတွေက ဘာကြောင့်လဲ ဆိုပြီး တို့ညတိုင်းတွေးတယ်။ ဒါပေမဲ့အဖြေထွက်မလာဘူး"

"အဖြေထွက်မလာရင် မတွေးနဲ့ပေါ့။ ဘာဖြစ်လို့ အပင်ပန်းခံနေတာလဲ? "

"ရှိန်း ဒီနားကိုလာဦး"

ရီဝေနေတဲ့ မျက်ဝန်းတွေနဲ့ လှမ်းခေါ်တဲ့  ပျို့ယမင်းရဲ့ အပြုမူဟာ အရမ်းကို sexy ကျလွန်းတယ်။

ဒီလိုလှမ်းခေါ်ပြီဆိုရင် ပျို့ယမင်း ဘာကိုလိုချင်လဲဆိုတာ သူမကောင်းကောင်းသိတာပေါ့။

စိတ်မပါတဲ့ ခြေလှမ်းတွေနဲ့အတူ သူမ ပျို့ယမင်းဆီ ချဉ်းကပ်သွားသောအခါ ပြုယမင်းက သူမရဲ့ခါးတွေကို တင်းတင်းကျပ်ကျပ် သိုင်းဖတ်လိုက်တယ်လေ။

"အရမ်းတွေ လွမ်းနေတာ"

သူမရဲ့ နှုတ်ခမ်းဆီသို့ ရောက်ရှိလာတဲ့ ပျို့ယမင်းရဲ့ အနမ်းတွေ။

မချိုမြိန်ပါဘူး။ တကယ်ပါ။

ဒါပေမဲ့ မကြိုက်ဘူးဆိုတိုင်း တွန်းဖယ်ပိုင်ခွင့်မှ မရှိတာ။

"ပြန်နမ်းကွာ နော်"

"အွန်း"

ပျို့ယမင်းရဲ့ အနမ်းတွေကို ဒီအတိုင်း သွားကိုတင်းတင်းစေ့ရင်း အံကြိတ်မိနေတဲ့အတွက် ပြန်နမ်းဖို့ မေ့လျော့နေမိတယ်။

မက်မောစွဲလန်းရပါသော... သူမWhere stories live. Discover now