𝟬𝟬

264 21 11
                                    

"မောင်"

ပင်လယ်ရေလှိုင်းခပ်သံနှင့်အတူ အေးချမ်းလှသည့် အသံလေးမှာ တွဲလျက်။

"မအေးဘူးလား မောင် လေစိမ်းတွေတိုက်နေတယ်လေ အခန်းပြန်ရအောင်လေနော်"

"ရပါတယ်"

"ဖျားမှာဆိုးလို့ ပြောတာပါ မောင်ရယ် စကားနားထောင်ပါနော်"

ကင်မ်ဂျွန်ဂယူ့ ပြောတော့ ဟာရူတို ဂရုမစိုက် ပင်လယ်ကမ်းစပ်နားမှာတောင် ထိုင်ချလိုက်သေးသည်။

ထိုအခါ ကင်မ်ဂျွန်ဂယူ့လဲ ဟာရူတို့ဘေးနားသို့ကပ်လျက်ဝင်ထိုင်လိုက်သည်။

"ကင်မ်ဂျွန်ဂယူ့"

"ပြောပါ မောင် နားထောင်နေပါတယ်"

"ကျွန်တော်တို့ နောက်တစ်ခါ ပြန်လက်ထပ်ကျမလား" ဟု ပြောရင်း ဟာရူတို ကင်မ်ဂျွန်ဂယူ့ ဘက်သို့ လှည့်၍ ပြုံးပြလိုက်သည်။

ကင်မ်ဂျွန်ဂယူ့မှာလဲ ဟာရူတို့ကြောင့် အံ့သြကာ ကျောက်ရုပ်လေးတိုင်းဖြစ်‌နေလေသည်။

"ကျွန်တော်တို့ ချစ်ခြင်းမေတ္တာတွေနဲ့အသစ်ပြန်စကျမလား"

ထိုအခါမှဘဲ ကင်မ်ဂျွန်ဂယူ့ ထံမှစကားသံထွက်လာသည်။

"‌နောက်နေတာလား မောင်၊ စချင်ရင်တစ်ခြားဟာနဲ့စပါ"

"နောက်နေတာလဲ မဟုတ်သလို စနေတာလဲမဟုတ်ဘူး အတည်ပြောနေတာ"

"ဟင်.."

"အသစ်ကပြန်စရင် ကျွန်တော် ခင်ဗျားကို မနက်တိုင်းအရင်နမ်းမယ်၊ ခင်ဗျားကို ချစ်ကြောင်းတွေပြောမယ်၊ ခင်ဗျား စိတ်ပူတာတွေ ဆူတာတွေ ကိုလဲ အရင်လို ပြန်မပြောဘဲ ကြည်ကြည်ဖြူဖြူပြုံးပြုံးကြီးနဲ့လက်ခံမယ်၊ ခင်ဗျား ချက်ကျွေးသမျှကိုလဲ ပြောင်နေအောင်စားမယ်၊ ခင်ဗျားမကြိုက်တဲ့ နေရာတွေကိုလဲမသွားတော့ဘူး၊ ခင်ဗျား နားမှာဘဲ တစ်သက်လုံးနေမယ်"

"မောင်.."

"ချစ်မိသွားတယ်၊ ကျွန်တော့်စိတ်ကို တားခဲ့ရဲ့သားနဲ့ ခင်ဗျားကို ချစ်မိသွားခဲ့တယ်"

"........."

"ချစ်တယ် ကင်မ်ဂျွန်ဂယူ့၊ ခင်ဗျားကို မောင်အရမ်းချစ်တယ် အစောထဲက မပြောခဲ့မိလို့ တောင်းပန်ပါတယ်"

ဒါ..ဒါအခုမောင်သူ့ကို ဖွင့်ပြောနေတာလားဒါမှမဟုတ် အိမ်မက်လားအိမ်မက်သာဆိုလျှင် ထိုအိမ်မက်ထဲမှာသာ နေချင်မိသည်

"ပြန်မဖြေတော့ဘူးလား"

ထိုသို့ပြောလိုက်မှ ကင်မ်ဂျွန်ဂယူ့ အသိစိတ်ပြန်ကပ်လာကာ အံ့ဩလှသည့် မျက်ဝန်းများဖြင့် ဟာရူတို့အား လှည့်ကြည့်လိုက်သည်။

"မောင် တစ်ကယ်ပြောတာလား ဟင်"

"လိမ်ပြော‌တယ်‌ထင်နေတာလား မယုံဘူး ဟုတ်"

"ဟင့်အင်း ယုံတယ် မောင်ပြောတာအကုန်ယုံတယ်"

"ဒါဆိုဖြေလေ ‌မောင့်ကို ချစ်လား"

နောက်တစ်ခေါက် ထပ်မေးတော့ ကင်မ်ဂျွန်ဂယူ့မှာ ‌ခေါင်းတစ်စက်စက်ညှိပ်ပြလေသည်။

"အင်းအင်း ချစ်တယ် မောင့်ကို အများကြီးချစ်တယ်"

ဟာရူတို သူ့အား အများကြီးချစ်သည်ဟု ဖြေနေသည့် ကင်မ်ဂျွန်ဂယူ့နှုတ်ခမ်းဖူးဖူးလေးကို အသည်းယားစွာ ဖိကပ်နမ်းလိုက်သည်။

ပင်လယ်ရေပြင်ကြီးကို မျက်နှာမူထိုင်နေကျသည့် သူနှစ်ယောက်မှာရင်က သူတို့နှစ်ယောက်ကြား ဘာတွေဖြစ်ခဲ့လဲ ဆိုတာ သူတို့ကသာ အသိဆုံးဖြစ်သည်

ချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာချစ်မိဖို့တားခဲ့တဲ့ လုံးသားကို တံခါးဖွင့်ခဲ့မိတယ်

ဝါတာနာဘယ် ဟာရူတို

မောင် နေမကောင်းရင် ဂရုစိုက်မယ်မောင်စားချင်တာချက်ကျွေးမယ်မောင် ပျော်ဖို့ ဘာဆိုလုပ်ပေးမယ်မောင့်အနားမှာ အမြဲတမ်းနေမယ်

ကင်မ်ဂျွန်ယူ့

12:47

ဘေးအန္တာရယ်ကင်းပါစေ။
ဂရုစိုက်ကျပါ။

#kimondu_ruru🦥

𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...Where stories live. Discover now