တီ! တီ! တီ!
"ဘေဘီ တစ်ခုခုလိုလို့လား"
"အွန်း~"
"အွန်း~ အွန်းဆိုတာ ဘာလဲ မောင့်ကိုပြောလေကွာ"
"မပြောလဲသိရမယ်လေ မောင် မင်းငါ့ကိုမချစ်တော့ဘူးမလား"
"မဟုတ်သေးဘူးလေ ခင်ဗျား အွန်း ဆိုလို့မောင်ကဘာလဲလို့ မေးတာလေကွာ"
"တော်ပြီ ဖုန်းချပြီ"
"မဟုတ်..ဘေဘီ"
တီ......!
ကျသွားသည့် ဖုန်းကိုကြည့်၍ ဟာရူတို သက်ပြင်းချလိုက်မိကာ အဒေါ်ကြီးစီသို့ ဖုန်းဆက်ရသည်။
"ကျွန်မပြောနေပါတယ် သခင်လေး"
"အဒေါ်ကြီး ကျွန်တော့်အမျိုးသား အိမ်မှာရှိတယ်မဟုတ်လား"
"ရှိပါတယ် သခင်လေး"
"သူအခု ဘာလုပ်နေလဲ"
"ခဏနော် သခင်လေး"
ဟု ပြော၍ အဒေါ်ကြီးသွားကြည့်ဟန်တူ။
"ဟယ်လို ကြားရလား သခင်လေး"
"ကြားပါတယ် ပြောပါ"
"ဟုတ်ကဲ့ သခင်လေးက ဆိုဖာမှီပြီး ထိုင်နေပါတယ် ပြီးတော့..
"ပြီးတော့ ဘာဖြစ်လဲ"
"နှုတ်ခမ်းကြီးစူနေတယ်"
အဒေါ်ကြီးပြောသံပုံကြည့်၍ ဟာရူတို သူ့လူအား မျက်လုံးထဲပုံရိပ်ယောင် မြင်၍ ရယ်ချိန်စိတ်ကိုထိန်းထားရသည်။
"အဟမ်း သူ့ကိုဖုန်းပေး ပေးပါလား"
"ဟုတ်ကဲ့ပါ သခင်လေး"
ဟာရူတို အိမ်ကလူဖုန်းကိုင်တာ စောင့်၍ သူ့အလုပ်စားပွဲရှေ့က ဆိုဖာပေါ်သွားထိုင်လေသည်။
ထိုအချိန် ဖုန်းထဲမှခပ်စွာစွာအသံလေးထွက်လာသည်။
"ဘာလဲ"
"ဖြေးဖြေးပြောပါ ဘေဘီရာ"
"ဘာလဲ စိတ်ဆိုးနေတယ် စကားလားမပြောနဲ့ မင်းအသံကိုလဲ မကြားချင်ဘူး ငါ့ဖုန်းကိုလဲမဆက်နဲ့ အဒေါ့်ဖုန်းကိုလဲမဆက်နဲ့ ဒါဘဲ!"
တီ....!
ဖုန်းထဲက ပြောချင်ရာပြောသွားပြီ ဖုန်းချသွားသူကို ဟာရူတိုအသည်းယားနေမိသည်။
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...