Arctic Monkeys - I wanna be yours သီချင်းအား ဧည့်ခန်းထဲ၌ ထိုင်၍ ကင်မ်အိမ်တော်မှ ပို့လိုက်သည့် သူ၏ တယော လေးအား တီးခပ်လျက်။
အိမ်မှာ အဒေါ်နဲ့သူကလွဲ၍ မည်သူမှရှိ စိတ်လွတ်ကိုယ်လွှတ် တီးခပ်လို့ရသည်။
အားပါပါတီးခပ်လျက် လက်ချောင်းသွယ်သွယ်လေးများက တယောကြိုးလေးပေါ်မှ ပြေးလွှားလှုပ်ရှားနေသည်။
နောက်ဆုံး အပိုင်းတွင် တယောကြိုးလေးကို ဖိလျက်
တယော ညွှတ်ကိုင် လေးအား မြန်မြန်သွက်သွက်လှုပ်ရှား၍ သံစဉ်အားအဆုံးသတ်လိုက်သည်။တယောမထိုးတာကြာသည့် သူ၏လက်များသည် ကြိုးလေးများအား ဖိကိုင်ထားသည်ကြောင့် နီနေသည်။
ထိုအခါ မီးဖိုချောင်ထဲမှ အဒေါ်ထွက်လာသည်။
"သားဂျွန်"
"ဟုတ်ကဲ့"
"ခုန သားဂျွန်း တယောထိုးနေတာလားဟင်"
"အာ...ဟုတ်တယ်ဗျ"
"တော်လိုက်တာ သားဂျွန်ရယ် အဒေါ်ဖြင့်အံ့တောင်ဩတယ်"
"ကျေးဇူးပါဗျ ဒါမဲ့ ကျွန်တော် တယောမထိုးတာကြာပြီဗျ"
"အို...ပညာရှင်အတိုင်းပါဘဲ သားဂျွန်ရယ်"
"ဟုတ်ကဲ့ဗျ ကျေးဇူးပါ၊ ဒါနဲ့ အဒေါ်"
"ပြောလေ သားဂျွန်"
"ကျွန်တော့် တယောလေးကို ဧည့်ခန်းထဲမှာ ထောင်ချင်လို့ဗျ နေရာလေး.."
"နေရာလား နေရာက... အဒေါ်သိပြီ သားဂျွန်တို့ မင်္ဂလာဓာတ်ပုံ ရိုက်ထားတဲ့ နားမှာထားပါလား"
ကင်မ်ဂျွန်ဂယူ့ သူတို့မင်္ဂလာဓာတ်ပုံ ပုံရှိရာလှည့်ကြည့်တော့ မှန်ဘောင်များက ရွှေရောင်တွေနဲ့ဖြစ်ပြီး ဝင်းလျက် နေရာတော်တော်ယူထားသည်။
"ဟုတ် အကြံပေးလို့ကျေးဇူးပါဗျ"
"ရပါတယ်ကွယ်"
ဆိုဖာပေါ်မှ ထ၍ တယောထောက်တံလေးယူကာ သူတို့ မင်္ဂလာဓာတ်ပုံကြီး၏ အောက်ဗီဒိုလေးအပေါ်ထောင်ထားလိုက်သည်။
"လှလိုက်တာကွယ် အဒေါ်ဖြင့်ကြိုက်လိုက်တာ"
"ဟုတ်တယ်နော်"
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...