တစ်ရက်၊နှစ်ရက်၊သုံးရက်......
အချိန်တွေရက်တွေကြာလာသည်အမျှ အနည်းနဲ့အများတော့ တပတ်အတွင်းသူတို့နှစ်ယောက် အရင်ကထပ်ပိုပြီးရင်းနှီးလာကြသည်။
မနက်ဆို အလုပ်သွားဖို့ ကင်မ်ဂျွန်ဂယူ့မှာ မနက်စာပြင်ပြီး ဟာရူတို့ကိုသွားနှိုးရသည်။ ဒါဟာ သူ့အလုပ်တစ်ခုလိုတောင်ဖြစ်နေသည်။
ဂျောက်!
"ဟာရူတို 7နာရီခွဲနေပြီ ကုမ္ပဏီကို 8နာရီအရောက်သွားရမှာမဟုတ်လား အစည်းဝေးရှိတယ်ဆို"
ပြောရင်း အိပ်ခန်းလိုက်ကာတွေကို ဆွဲဖွင့်လိုက်တော့ အိပ်ယာထပ်က သူရှိမှညီးညူသံထွက်လာသည်။
"အားးး ကင်မ်ဂျွန်ဂယူ့ ခင်ဗျားမနှောက်ယှက်ပါနဲ့"
"နေ့တိုင်းနှိုးတယ် ပြီးရင် ဝရုန်းသုန်းကားနဲ့ အလုပ်သွားတယ်၊ ညကျစောစောအိပ်ပါဆိုလဲပြောမရ အခုလဲ ထဖို့ပြောနေရပြီ"
မနက်တိုင်း² ရိုးရာမပျက်ခါးထောက်၍ တတွတ်တွတ်နဲ့ ထိုအကြောင်းကိုပြောတက်သည့် ကင်မ်ဂျွန်ဂယူ့ကြောင့် ဟာရူတိုမှာ နားထဲတခါလေ ဂွမ်းစို့ထားတက်သည်။
"ထပါမယ်ဗျာ၊ အလုပ်သွားလုပ်ရတဲ့သူဗျ ညဘက်စာရင်းတွေလုပ်ရတယ် စောစောမှအိပ်မရတာ နားလည်ပေးပါဦး"
ပြောရင်း ပွရှုပ်ထိုးထောင်နေတဲ့ဂုတ်ထောက်ဆံပင်တွေကိုသပ်လိုက်ပြီး ရေချိုးခန်းထဲဝင်သွားတော့သည်။
ကင်မ်ဂျွန်ဂယူ့မှာလဲ အိပ်ယာထပ်မှ စောင်တွေ မွေ့ယာအခင်းတွေကို သေချာဆန့်ပြီး ရေချိုးခန်းထဲကသူကို မြန်မြန်လုပ်ရန် အော်ပြောလိုက်ပြီး အောက်ထပ်သို့ပြန်ဆင်းလာခဲ့လိုက်သည်။
နာရီဝက်လောက်ကြာတော့ ထုံးစံတိုင်း ဝရုန်းသုန်းကား အပေါ်ထပ်မှ ဟာရူတိုတစ်ယောက် ဆင်းလာပြီး အဆင်သင့်ပြင်ပေးထားသည့် ပေါင်မုန့်မီးကင်ကိုကိုက်၍ ကော်ဖီကိုတစ်ငုံလောက်သောက်ပြီး သွားဖို့အပြင် ကင်မ်ဂျွန်ဂယူ့မှာ မီးဖိုချောင်ထဲမှထွက်လာသည်။
"စားသွားဦလေ၊ နေ့လည်စာ လာပို့ပေးရဦးမလား"
"အိုခေ! လာပို့လိုက် မအားရင် Daikiကိုလာယူခိုင်းလိုက်မယ် သွားပြီ"
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...