မျက်လုံးချင်းစုံလျက် တင်းမာနေကျတဲ့ နှစ်ယောက်လုံးရဲ့ အကြည့်တွေ။ ရောထွေးနေကျတဲ့ ခံစားချက်တွေ ဒါတွေကို သူတို့ကလွဲလို မည်သူမှခံစားနိင်မည်မဟုတ်။
ဟာရူတို သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ့ရှေ့ကလူအား ခပ်တည်တည်စိုက်ကြည့်လိုက်သည်။
ထိုအခါ သူ့အားစိတ်မရှည်တဲ့ အကြည့်ဖြင့် ကြည့်လာသည်။
"ဟာရူတို"
"ကောင်းပြီ ခင်ဗျားကိုအိမ်ပြန်ပို့ပေးမယ်"
ပြောတော့ သူ့အားမယုံကြည်တဲ့အကြည့်ဖြင့် ထပ်ကြည့်လာပြန်သည်။
"မင်း...တစ်ကယ်ပြောတယ် ဟုတ်"
"စကားကိုနှစ်ခါမပြောဘူး၊ ပြီးရင် ခင်ဗျားခြေထောက်ကဟာ လာဖြုတ်ခိုင်းလိုက်မယ်"
"........"
"သွားပြီ"
အခန်းထဲက ထွက်သွားတဲ့ ကျောပြင်ကိုကြည့်၍ ကင်မ်ဂျွန်ဂယူ့ ဝမ်းနည်းစိတ်ဝင်မိသည်။
--------------------------------------------------------------------
သီချင်းသံများ ဆူညံပလောရိုက်၍ မူးရူးသောက်စား ကခုန်နေကျသည့် သူများမှာ အရက်လေးတစ်ခွက်သောက်ပြီး သီချင်းသံကြားနေသည့်နှင့် မြူးနေကျသည်။
"ကိုကို"
".........."
"ကိုကို လို့!"
"ဟင်"
"ထယ်ဟွန်းခေါ်နေတာ ဘာလို့မထူးတာလဲ၊ ကိုကို့စိတ်တွေဘယ်ရောက်နေတာလဲ"
"အာ...ဆောရီး ကိုယ်စိတ်လွတ်သွားလို့"
တစ်ကယ်ဘဲ သူအိမ်ကထွက်လာထဲက ကလပ်ရောက်သိအထိ တွေဝေမှိုင်နေတာပင်။
"ဟွန့် ကိုကိုအခုတစ်လောဘာဖြစ်နေတာလဲဟင်၊ ထယ်ဟွန်းဘာလုပ်ပေးရမလဲ"
ပြောဝောာ့ ကိုကိုက ထယ်ဟွန်းခါးတွေကိုသူ့လက်ဖြင့်ဖိ၍ပွတ်နေသည်။
"ကိုကို ဖယ်နော်"
"ဘာလို့လဲ မကြိုက်ဘူးလား"
ပြောပြီး ကိုကိုကသူ့ကို ခပ်နက်နက်စူးရှရှကြည့်ပြီးပြုံးသည်။
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...