အိမ်ပြန်ရောက်ပြီးတဲ့ နောက်ပိုင်းအရင်လိုကင်မ်ဂျွန်ဂယူ့ ပြန်လန်းဆန်းလာသည်။ လုပ်နေကျ သူ့တယောလေးကိုလဲ သေချာဖုန်ပြန်သုတ်သည်။ ညနေပျင်းရင်ဘဲ တစ်ခါလေမုန့်လုပ်စားတက်သည်။
ဒီနေ့လဲ နိုးနိုးချင်း အိမ်အကူကောင်မလေးအသစ်ရောက်နေတာကြောင့် စောစောနိုးလာပြီး မနက်စာပြင်လေသည်။
အားလုံးပြင်ဆင်ပြီးသွားသော်လဲ တစ်စုံတစ်ယောက်က အခုထိအောက်သို့ဆင်းမလာသေး။ စစ သူတို့လက်ထပ်တုန်းကတော့ ဟာရူတို သူနဲ့ အတူတူ မနက်စာစားလေ့မရှိဘဲ အိမ်ပြန်ရောက်သိအချိန်မှစပြီး သူ့နဲ့အတူတူ မနက်စာ စားလေ့ရှိလာသည်။
ကင်မ်ဂျွန်ဂယူ့ အိမ်အကူကောင်မလေးကို မနက်စာတွေနဲ့ ခဏထားခဲ့ပြီး အပေါ်ထပ်တက်၍ သူ့ဘေးကအခန်းကို တံခါးခေါက်ပြီးဝင်သွားလိုက်သည်။
ဂျောက်!
အခန်းထဲဝင်ဝင်ချင်းမှာတင် မှောင်မဲ အေးစက်နေသည့် လေထုကိုရလိုက်၍ သူ့ခန္တာကိုယ်ကြုံ့မိသည်။
"ဟာရူတို"
"......."
ကုတင်အနီးနားသွားလိုက်ပြီး အနီးကပ်ကြည့်လိုက်တော့ မျက်နှာမှာနီရဲတက်နေပြီး အလိုမကျဟန် မျက်မှောင်ကြုတ်ထားသေးသည်။
ခပ်မြန်မြန်ဘဲ နှာဖူးကိုစမ်းကြည့်တော့ ပူကျစ်တောက်နေသည်လေ။ အရင်ဆုံး အိပ်နေသူကိုနှိုး၍ အောက်သို့အပြေးဆင်းကာ ဆရာဝန်ခေါ်လိုက်လေသည်။ နောက်အပေါ်သို့ပြန်တက်လာကာ သပတ်နဲ့ရေလေးအနည်းငယ်စွတ်ကာ မျက်နှာအနှံ့တိုက်ပေးလိုက်သည်။
နေမကောင်းသည်မလို့ သူ့လုပ်သမျှအားအကုန်ငြိမ်ခံနေသည်လေ။
"အဟွတ်! အဟွတ်!"
"ဖြေးဖြေး၊ နေလို့ကောင်းရဲ့လား ဆရာဝန်တော့ခေါ်ထားတယ်"
"အင်း ရတယ်"
ရတယ်လို့သာပြောနေပေမဲ့ ဟာရူတို့ပုံစံကြည့်ရသည်မှာ မလန်းမဆန်း အဆင်မပြေသည့်ပုံမလို့ သူလဲမနေသာ။
ဒေါက်! ဒေါက်! ဒေါက်!
"သခင်လေး"
"ဆရာဝန် ရောက်ပြီလား"
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...