သီချင်းသံလေးမှာ အရမ်းဆူညံမနေဘဲ အေးအေးလေးရှိနေကာ အားလုံးက ကိုယ့်ဝိုင်းနဲ့ကိုနေနေကျသည်။
"ဟာရူတို့!"
ဆိုင်ထဲသို့ ဝင်ဝင်ချင်းမှာတင် ထောင့်ကျနေသည့် နေရာမှ သူ့နာမည်ခေါ်သံကြားလို့ ကြည့်လိုက်တော့ ဂျူဆောတို့ ဖြစ်နေသည်။
ဟာရူတို လက်ပြ၍ ပြုံးပြကာ သူတို့ထိုင်နေသည့်ဝိုင်းနားသို့သွားလိုက်သည်။
"ထိုင်"
"အေး မင်းတို့ဘဲလား"
"လာမှာပေါ့ကွာ၊ ဒါနဲ့ မင်းမင်္ဂလာဆောင် ငါတို့ကိုလဲမဖိတ်ဘူးနော်"
"အေးလေ ငါတို့ကျမဖိတ်ဘူး၊ ယောကျာ်းယူတာတောင် ကြိတ်ပြီးယူနေလိုက်"
"ကျစ်! အရေးမပါတဲ့ လက်ထပ်ပွဲကို ထည့်ပြောမနေနဲ့"
"ဒါနဲ့ မင်းလက်ထပ်ထားတဲ့သူက ချောလား ဟမ်"
"အင်း...နှုတ်ခမ်းက ပန်းရောင်သန်းသန်းလေး အိတယ်"
ထိုအခါ ဂျူဆောက သက်ပြင်းချကာ ညီးတွား၍
"ဟင်း...တွေ့ဖူးချင်လိုက်တာကွာ"
"ထယ်ဟွန်းရော မလာသေးဘူးလား"
"မင်း သူနဲ့အဆက်သွယ်ရှိသေးတာလား ဟာရူတို"
"ဘာဖြစ်လို့လဲ ရှိတယ်လေ"
"မင်းအိမ်ထောင်သည်ဖြစ်နေပြီနော် ဟာရူတို"
"စောက်ရေးမပါတဲ့ အိမ်ထောင်ရေးပါ မိဘတွေသဘောတူလို့သာယူထားတာ"
"မဟုတ်သေးဘူး ဟာရူတို ဘာဘဲဖြစ်နေဖြစ်နေ ကိုယ့်အိမ်ထောင်ဘက်ပေါ်တော့ ကြည့်သင့်တယ် မင်းကွာ"
"သူသိတယ်"
"ဘယ်လို"
"သိတယ်လို့"
"ဘာမှမပြောဘူးလား မင်းကို"
"မပြောဘူး"
"ဒါပေမဲ့ မင်း ထယ်ဟွန်းနဲ့တော့ အဆက်သွယ်ဖျက်သင့်တယ်၊ အဲ့ကောင်လေးက မူယာမာယာများတယ်"
"..........."
သူတို့စကားပြောနေတုန်း သူ့တို့ဝိုင်းနားသို့ ချိုအီအီအနံ့လေးရောက်လာသည်။ ဒါမထူးဆန်းတော့ ထင်တဲ့အတိုင်း ထယ်ဟွန်း။
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...