ကင်မ်ဂျွန်ဂယူ့ ထွက်သွားထဲက အရင်လို အိမ်ဟာ မသာယာတော့ မနက်ဆို နှိုးမဲ့သူလဲမရှိတော့ Alarm ပေးပြီးသာ ထရသည်။
အရင်က ရုံးမနောက်ကျတဲ့ရက်တွေဆို မနက်စာကိုသေချာစားသွားတက်သည့်သူမှာ အခုဆို ကော်ဖီတစ်ခွက်နဲ့ပြီးနေပြီဖြစ်သည်။
နေ့လည်စာ တကူးတကကြီး သူ့ကိုလာပို့မဲ့သူလဲမရှိတော့။ တစ်ယောက်ထဲနေရတာ အဆင်မပြေရင် အိမ်မှာလာနေဖို့ မာမီပြောလဲ သူပုံမှန်တိုင်း ငြင်းခဲ့သည်။
အခုဆို ချစ်ရသူလေးထွက်သွားတာ လဝက်ခန့်ရှိနေပြီ အဆက်သွယ်လုပ်လို့ရသားဘဲလို့ ပြောရင် သူခေါင်းခါမိမှာအသေချာ။
ဘယ်လိုလုပ် ဆက်သွယ်ရဲပါ့မလဲ။ သူခွင့်လွှတ်တယ် မှန်တယ် သို့သော် ကိုယ့်ဘက်က သူနာကျင် ထွက်သွားရလောက်တဲ့အထိ နာကျင်မှု့တွေပေးခဲ့တာ ဆက်သွယ်ရဲပါ့မလား။
မာမီတို့ ပြောတာတော့ကြားမိပါတယ်၊ သူဟိုမှာကောင်းကောင်းရှိနေပါတယ်တဲ့ ကိုယ့်ကိုယ် ကိုလဲ ဂရုစိုက်ပါတယ်တဲ့လေ။
ဟာရူတို မျက်နှာကိုလက်ဖြင့်ပွတ်ဆွဲလိုက်ပြီး သူ့အတွေးတွေရပ်ကာ လုပ်လက်စအလုပ်တွေကိုသာ အာရုံစိုက်ထားလိုက်သည်။
--------------------------------------------------------------------
ဝါတာနာဘယ် အိမ်တော်~
တီ....!
"ဟယ်လို မာမီ ပြောဗျ"
"သား ရုံးမှာလား"
"ဟုတ်တယ် မာမီ ဘာဖြစ်လို့လဲ"
"နေ့လည်စာ စားပြီးပြီလားလို့ မေးမလို့ပါရှင်"
"အာ..ခဏနေစားမှာပါ မာမီကလဲ"
"အချိန်နဲ့စား နေ့လည်စာတွေက ညစာတွေပါဖြစ်နေမယ်"
ပြောတော့ ဖုန်းထဲကသားရယ်သည်။ သူမ သားရဲ့ ရယ်သံလေးကို မကြားရတာအနည်းငယ်မျှကြာနေပြီဖြစ်သည်။
"ရယ်မနေနဲ့ မာမီကသားကိုစိတ်ပူနေတာ"
"ကျွန်တော် ကလေးမှမဟုတ်တော့တာ မာမီရယ်"
သားရဲ့ စကားသံလေးကိုကြားတော့ အရင်ကသူမသားကိုတောင်လွမ်းမိသည်။ အရင်ကဆို ဘားထိုင် ကလပ်တက် တဲ့သူက အခုဆို နေ့နဲ့ညကုမ္ပဏီမှာဘဲ အိမ်ပြန်လာတက်သည်တောင်ရှားလာသည်။အရင်ကလို ကလေးဆန်သည့်အပြုမှုတွေလဲမတွေ့ရတော့ အခုချိန်မြင်ရမယ်ဆို သားရဲ့လူငယ်ရုပ်လေးကိုပြန်ရချင်မိသည်။ အခုဆို မေးရိုးတွေထင်းလို့ အရပ်ကြီးကလဲ လူတိုင်းမော့ကြည့်ရသည့်အထိအရင်ထပ် ရှည်လာသည်။
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...