နာဘီကင်မ်အိမ်တော်~
"အဒေါ်ကြီး"
ဟာရူတို ကုမ္ပဏီကပြန်ရောက် ရောက်ချင်း ဧည့်ခန်းတစ်ခုလုံး လင်းထိန်၍ တီဗီတွေကပွင့်နေသည်။
ဒီအိမ်မှာ အလုပ်လာလုပ်တဲ့ အဒေါ်ကြီးနဲ့ ကောင်မလေး နှစ်ယောက်သုံးယောက်သာရှိသည်။
"ကျစ်! အဒေါ်ကြီး"
ဒုတိယတစ်ခေါက် အသံမြှင့်ခေါ်လိုက်မှဘဲ ဘယ်နားမှန်းမှမသိ ပြေးထွက်လာသည်။
"သခင်လေး ကျွန်မဒီမှာပါ"
"တီဗီက ဘာလို့ပွင့်နေတာလဲ၊ တစ်အိမ်လုံးလဲ လင်းထိန်နေတာဘဲ"
"အဲ့..အဲ့တာ ကျွန်မလဲမသိ"
"အိမ်မှာနေပြီး ဘာလုပ်နေတာလဲ!"
ဟာရူတို ပိတ်ဟောက်လိုက်တော့ အဒေါ်ကြီးနဲ့ သူ့နောက်မှပါ လာသည့် ကောင်မလေးများက တုန်တက်သွားသည်။
"တောင်းပန်ပါတယ် သခင်လေး ကျွန်မအမှားပါ"
"ဟင်းးး ထားလိုက်တော့ အိမ်ကိုဘယ်သူလာသွားလဲ မာမီလား"
"ဟုတ်ကဲ့ သခင်လေး၊ သခင်မကြီး လာသွားပြီ ခဏတစ်ဖြုတ်နေသွားပါသေးတယ်"
ပြောတော့ ဟာရူတို သူ့မာမီအကြောင်းအသိဆုံးမလို့ ခေါင်းသာညိမ့်ပြလိုက်ပြီး အပေါ်သို့တက်လာခဲ့သည်။
ထိုအခါမှာလဲ သူ့အခန်းတံခါးဖွင့်လိုက်ပြန်တော့ သူ့အခန်းတစ်ခန်းလုံး လင်းထိန်နေပြန်သည်။ ဒါ့အပြင် ရေချိုးခန်းထဲကပါ ရေကျသံပါကြားနေရသည်။
သူအခန်းတံခါးကို ဆောင့်ပိတ်လိုက်ပြီး အိတ်ကိုချကာ ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်ချိန် ကျောက်ရုပ်ပမာဖြစ်သွားရသည်။
"ဟင်"
"မောင် ဟီးး စပရိုက်!"
"........."
"မောင့်, ဟေး ဟာရူတို"
ဟုပြော၍ လှုပ်မေးလိုက်တော့ သူ့ကိုခေါင်းကခြေဆုံးကြည့်သည်။
ဟာရူတို သူ့ရှေ့ကလူကိုကြည့်တော့ သူ့တီရှပ်အပွနဲ့ အောက်က မျော့ကြိုးပါသည့် ဘောင်းဘီအပွ၊ ဗိုက်မှာလဲအနည်းငယ် ပူနေသည်။
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...