ကျွီ!
"ကင်မ်ဂျွန်ဂယူ့!!"
ဟာရူတို့၏ အိမ်ထဲသို့စဝင်လာထဲက အသံမှာဟိန်းထွက်လျက်ရှိနေပြီး ကားသော့ကို ပစ်ချလေသည်။
"အကိုလေး ဘာဖြစ်တာလဲရှင့်"
"ကင်မ်ဂျွန်ဂယူ့ ဘယ်မှာလဲ"
"ခုနကဘဲ အပေါ်ထပ်ကိုတက်သွား...."
အဒေါ်ကြီးမှာ စကားမဆုံးသေး ဝုန်းဝုန်းဒိုင်းဒိုင်းဖြင့် အပေါ်ထပ်သို့ ဟာရူတိုတက်သွားသည်။
အဒေါ်ကြီးခင်ဗျာ ဘာဖြစ်မှန်းမသိပေမဲ့ အခြေနေမကောင်းဘူးဆိုတာသိသည်မလို့ ကိုယ့်ကိစ္စမဟုတ်၍ဝင်မပါရဲချေ။
ဒုန်း!
ဟာရူတို အားပါပါတံခါးကိုဆွဲဖွင့်လိုက်ပြီး ကင်မ်ဂျွန်ဂယူ့ နာမည်ခေါ်လိုက်တော့ စာကြည့်စားပွဲပေါ်မှ သူ့အားလှမ်းကြည့်လေသည်။
"ကင်မ်ဂျွန်ဂယူ့"
သူခေါ်လိုက်တော့ စာကြည့်စားပွဲကထပြီး သူရှိလှမ်းလာသည်။
"ပြန်လာပြီလား ဟင် ဘာဖြစ်လာတာလဲ"
"ခင်ဗျား"
"ဘာဖြစ်လို့လဲ အန်တီတို့ဘာပြောလိုက်လို့လဲ စကားများလာတာလားဟင်"
"ဟုတ်တယ်!"
"အို...ဘယ်လိုဖြစ်တာတုန်း လူကြီးတွေနဲ့"
"ခင်ဗျားကြောင့်"
"ဘယ်လို"
"ဟုတ်တယ်! ခင်ဗျားကြောင့် ကျွန်တော်တို့က မိဘသဘောတူလို့ယူထားတာ အဲ့တာကို ဒယ်ဒီနဲ့မာမီက ထယ်ဟွန်းနဲ့ပါဖြတ်ခိုင်းတယ်"
ဟာရူတို ပြောသည့်စကားတွင် ထယ်ဟွန်းဆိုသည့်နာမည်ကြောင့် ကင်မ်ဂျွန်ဂယူ့ နှုတ်ခမ်းတင်းတင်းစေ့၍ အကြောများကထောင်းခနဲ။
အေးချမ်းပြီး စိတ်သဘောထားအေးတဲ့ ကောင်လေးကို စိတ်ရှုပ်အောင် ဘယ်လိုလုပ်နိုင်လို့ ဒေါသထွက်ရသလဲ။
"ဟာရူတို"
"ဘာလဲ"
"မင်းပြောတဲ့ မင်းကောင်လေးဆိုတာ ထယ်ဟွန်း..ဟုတ်တယ်မလား"
"ဘာဖြစ်လို့လဲ"
"သူ့နဲ့မြန်မြန်ကိစ္စရှင်းပြီးအဆုံးသတ်"
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...