"စုံစမ်းလို့ရတဲ့ဟာ မှန်သမျှ ငါ့ရှိပြန်လာပြီး တင်ပြ"
ကျွန်းသစ်သားခုံမှ အငြိမ်စားထိုင်၍ ပြောလာပြီး အေးတိအေးစက် မျက်လုံးများက ဖုန်းစခရင်ပေါ်ကနေအကြည့်မခွာ။
"ဟုတ်ကဲ့ပါ ဘောစ့် ၊ ဒါဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦး"
Daiki ပြော၍ ဟာရူတို့အား အရိုအသေဦးညွှန့်၍ အခန်းထဲမှထွက်သွားတော့သည်။
ထိုအချိန်တွင်းမှာဘဲ အခန်းအပြင်ဘက်မှ ကျယ်လောက်စွာ အသံကြားလိုက်ရသည်။
ဒုန်း!! ခလွမ်း!!
ဟာရူတို အလျင်စလို ထရပ်လိုက်ပြီး အခန်းပြင်ထွက်၍ သူ့ခြေလှမ်းကျဲများက သူ့အခန်းနှစ်ခန်းကျော်က အခန်းစီသို့။
"ဘာဖြစ်ကျတာလဲ!"
ဟာရူတို အခန်းတံခါးဆွဲဖွင့်လိုက်တော့ အိမ်အကူကောင်မလေးတစ်ယောက်က ကင်မ်ဂျွန်ဂယူ့ ပါးစပ်ထဲကို အတင်းဇွန်းဖြင့် အစားအစားများကို ကျွေးနေသည်။
"သ..သခင်"
"ဘာလုပ်နေတာလဲ!!"
ချက်ချင်းဆိုသလို မျက်လုံးများကနီရဲတက်လာပြီး ကောင်မလေးအား စိုက်ကြည့်၍ အော်ထုတ်လိုက်သည်။
"ကျွန်မ သခင်လေးကို ထမင်းကျွေးနေတာပါ သူကမစားလို့ အတင်းကျပ်ကြွေးမိတာပါ"
"တောက်စ်! ငါ့ရှေ့မှာ နောက်တစ်ခါ 'သူ' ဆိုတာမသုံးနဲ့ မဟုတ်ဘူး ငါနောက်ကွယ်မှာလဲမသုံးနဲ့ မကြိုက်ဘူး!"
ဟာရူတို အော်ထုတ်လိုက်တော့ ကောင်မလေးရော ကင်မ်ဂျွန်ဂယူ့ပါ ခန္တာကိုယ်တုန်တက်သွားသည်။
"ဟုတ်..ဟုတ်ကဲ့ပါ သခင်"
ထိုအခါ အိမ်အကူကောင်မလေးကို လက်ညိုးထိုးတစ်စက်စက်ထိုးပြီး...
"ဒီနေ့ကစပြီး မင်းအလုပ်ဆင်းစရာမလိုတော့ဘူး"
အိမ်အကူကောင်မလေးမှာ သူမ၏သခင်စကားကြောင့် ချုံးချုံးကျငိုတော့မလိုမျက်နှားထားဖြင့် နှုတ်ခမ်းကတုန်ရီလာသည်။
ထိုနှစ်ယောက်ကြား သူဝင်မပါလို့မဖြစ်တော့။ ကင်မ်ဂျွန်ဂယူ့ အပြေး ဟာရူတိုရှိပြေးသွား၍ လက်မောင်းကိုဆွဲကိုင်လိုက်သည်။
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...