မနှုတ်ဆက်ချင်ဘူး //ရဲလေး၊လွှမ်းပိုင်၊အိမ့်ချစ်၊bobby soxer။
ဆေးရုံမှာ တစ်ရက်နှစ်ရက်လောက်နေပြီး အိမ်ပြန်ရောက်တော့ ဟာရူတိုအရင်ကထပ်ပိုပြီး ကင်မ်ဂျွန်ဂယူ့ကို ဂရုစိုက်ပြီး လုံခြုံရေးမြှင့်လိုက်သည်။
နေကောင်းစပြုလာပြီး လှုပ်လှုပ်ရှားရှားနေနိုင်နေပြီဖြစ်တဲ့ ကင်မ်ဂျွန်ဂယူ့ကို နောင်ထိခိုက်အနာတရမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဟာရူတိုစဉ်းစားရသည်။
"ကင်မ်ဂျွန်ဂယူ့"
"ဟင် ပြောလေ"
"ခင်ဗျား လန်ဒန်ကိုအမြန်ဆုံးသွားရင်ကောင်းမယ်"
ဟာရူတို့ စကားကြောင့် ခေါက်လက်စအဝတ်တွေတုံ့ခနရပ်သွားပေမဲ့ ပြုံးရုံသာသူပြုံးပြလိုက်သည်။
"တစ်ခြားသဘောမျိုးမဟုတ်ပါဘူး၊ ခင်ဗျားအဆင်မပြေဘူးထင်လို့"
"အင်းပါ၊ ငါလဲမနက်ဖြန်လောက် သွားမလားလို့ ဒယ်ဒီကလဲ လာမယ်ဆို့တော့မျှော်နေလောက်ပြီ"
"အင်း..အင်းလက်မှတ်ရော"
"ဝယ်ထားပြီးပြီ"
"အင်း ဒါဆိုကုမ္ပဏီသွားတော့မယ် အစည်းဝေးရှိလို့"
"နေ့လည်စာ လာပို့ပေးရဦးမလား"
"ရတယ် မှာဘဲစားလိုက်မယ်"
အက်စီ့ဒက်ဖြစ်ပြီးထဲက ဟာရူတိုသူ့ကိုဘာမှမလုပ်ခိုင်းဝောာ့ ဒါတောင်သူမနည်းတားရသည်။
"တစ်ခုခုဆိုဖုန်းဆက်လိုက်"
"အွန်း ကောင်းကောင်းသွား"
ဆိုဖာပေါ်၌ထိုင်ပြီး ခြံထဲကထွက်သွားသည့် ကားသံကို သူ မသိမသာနားစွင့်မိသည်။
---------------------------------------
မီတင်ခန်းထဲမှာသာ ထိုင်နေတာ သူစိတ်တွေကအိမ်ကလူဆီကိုရောက်နေသည်။
အဝေးကိုတွန်းပို့နေသလို သူစိတ်တွေလေးပြီးနေလို့မကောင်း ဝမ်းနည်းစိတ်ကပိုများနေသည်။
"CEO"
"......"
"CEO ခင်ဗျ!"
သူစိတ်တွေလွင့်တဲ့အထိ ဝန်ထမ်းတွေခေါ်တောင်မကြားနိုင်တော့။
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...