ခလွမ်း!! ဘုန်း!
အပေါ်ထပ်ဖြစ်သည့် ကင်မ်ဂျွန်ဂယူ့အခန်းထဲတွင် ဖန်ကွဲစ ပန်းကန်ကွဲသည့် အသံမှာ ကျယ်လောက်စွာထွက်ပေါ်သည်။
"သခင်လေး!"
အခန်းတံခါးကို ဆွဲဖွင့်ဝင်လာသူကို ကင်မ်ဂျွန်ဂယူ့ ပြုံးပြလိုက်သည်။
"ဘယ်နေရာတွေထိသွားသေးလဲ၊ ကျွန်မထူမယ်"
ခွေခွေလေးလဲကျနေသော ကင်မ်ဂျွန်ဂယူ့ ထူရင်း သူမမှာ စိတ်မကောင်းဖြစ်ရသည်။
"ဘာမှမဖြစ်ပါဘူး၊ လက်ကချောကျပြီးဖန်ခွက် ကွဲသွားတာ အဲ့တာကိုထပြီး ရှင်းမလို့ ခြေချိတ်ပြီး ချောလဲသွားတာပါ"
"တစ်ခုခုဆို ကျွန်မတို့ကို ခေါ်လို့ရပါတယ်"
"အင်း ကျေးဇူးဘဲ"
"ရှသွားတာတွေရှိလား သခင်လေး"
"ဟင့်အင်း မရှိဘူး"
"ဒါဆို ကျွန်မဖန်ကွဲစတွေ ရှင်းလိုက်ပါဦးမယ်"
အိမ်အကူကောင်မလေးမှ ဖန်ကွဲစများအာ သန့်ရှင်းရေးလုပ်ပြီး ထွက်သွားတော့သည်။
ခဏအကြာမှာဘဲ အခန်းတံခါးပွင့်လာ၍ ထိုင်နေရာမှ နောက်လှည့်ကြည့်လိုက်တော့...
"ဘာလဲ"
"ခင်ဗျား ပျင်းနေမှာဆိုးလို့"
"အော် မင်းကိုငါကကျေးဇူးတင်နေရမှာလား"
"ဟုတ်တာပေါ့"
ဟာရူတိုပြောတော့ ကင်မ်ဂျွန်ဂယူ့ နဂိုတိုင်းခေါင်းလှည့်သွားပြီး ဟာရူတိုအား လျေ့လျူရှု့လိုက်သည်။
ထိုအခါ ကင်မ်ဂျွန်ဂယူ့ အမူအရာကြောင့် ဟာရူတိုမျက်နှာ ခက်ထန်သွားပြီး ကင်မ်ဂျွန်ဂယူ့နားသို့ ခြေလမ်းခပ်ကျယ်ကျယ် လျှောက်သွားသည်။
ထို့နောက် အနောက်ကနေပြီး ခပ်ကြမ်းကြမ်း ဆံပင်ဆောင့်ဆွဲလိုက်ပြီး ကင်မ်ဂျွန်ဂယူ မျက်နှာမော့စေကာ
"အတင့်ရဲလှချည်လား! ဟမ်!"
"မင်း! အာ့ လွှတ်!"
ဝုန်း!!
သတိမမှုမိဘဲ လျင်မြန်လွန်းလှသည့် အပြုမှုကြောင့် ကင်မ်ဂျွန်ဂယူ့လန့်ပြီး အသိစိတ်လွှတ်ကာ ဟာရူတိုဆွဲချသွားသည့်နောက်သို့ ပါသွားသည်။
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...