ကင်မ်ဂျွန်ဂယူ့ ရေချိုးခန်းထဲက မှန်မှတစ်ဆင့် မနေ့က ဟာရူတို့ရိုက်ချက်ကြောင့် အနည်းငယ်ဖူးရောင်နေသော ပါးစောင်နားလေးကို ဖွဖွလေးထိကြည့်တော့ ဆစ်ခနဲ နာသွားသည်မလို့ မျက်နှာရှုံ့ကျသွားသည်။
ခဏလောက် ရေစိမ်ချိုးပြီး အဝတ်စားလဲကာ ကောင်မလေးတွေ ပြောသည့်အတိုင်း အောက်ထပ်သို့ဆင်းလာလိုက်သည်။
ခုနကတွေ့ခဲ့တဲ့ကောင်မလေးမှာလဲ သူ့အား ထမင်းစားခန်းထဲသို့ ညွှန်ပြသည်။ သူအထဲရောက်တော့ ဟာရူတိုက ထိပ်ဆုံးနေရာမှာထိုင်နေသည်လေ။
"ကင်မ်ဂျွန်ဂယူ့ ဒီကိုလာထိုင်"
အမိန့်စံလွန်းလှပြီး ဩနေသည့်အသံမှာ ကင်မ်ဂျွန်ဂယူ့ ငြင်းလို့မရသည့်ထိဖြစ်နေသည်။
သူဝင်ထိုင်လိုက်သည်နှင့် ဟာရူတိုမှာ သူ့အားစိုက်ကြည့်လာသည်။
"ဘာလဲ"
"Daiki ဆေးဗုံးယူခဲ့"
"ဟုတ်ကဲ့"
ဟာရူတိုအမိန့်ပေးလိုက်သည်နှင့် သူ့ဘေးနား၌ကျောက်ရုပ်တစ်ကောင်လိုရပ်နေသည့်သူမှာ ချက်ချင်းဆိုသလို လှစ်ခနဲထွက်သွား၍ လက်ထဲ၌ ဆေးဗုံးဖြင့်ပြန်လာလေသည်။
"ဘာလုပ်ဖို့လဲ"
"ငြိမ်ငြိမ်နေ ပါးစပ်ပိတ်ထား"
"အာ့! နာတယ် ဟာရူတို့"
"ကျစ်! ခင်ဗျားငြိမ်ငြိမ်နေလေကွာ"
"မင်းအတင်းလုပ်နေတာလေ"
"ရပြီ၊ ဘယ်လိုဖြစ်လို့ ဒါလေးကို တွန့်နေတာဘဲ"
ဟာရူတိုကပြောတော့ ကင်မ်ဂျွန်ဂယူ့မှာ တစ်ယောက်ထဲ တီးတိုးတီးတိုးဖြင့်
"ခံကြည့်ပါလား ကောင်စုတ်လေးရဲ့"
--------------------------------------------------------------------
တီ! တီ! တီ!
"ဟယ်လို"
"ဟာရူတို့!!"
ဖုန်းထဲမှ သူ့အားအော်လိုက်သည့် မာမီကြောင့် ဟာရူတို မျက်ခုံးကြုတ်လျက် စကားပြန်လိုက်သည်။
"ဘာဖြစ်တာလဲ မာမီ"
"ဂျွန်ဂယူ့ အခုဘယ်မှာလဲ!"
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...