"ကင်မ်ဂျွန်ဂယူ့! ခင်ဗျား ဘယ်မှာလဲ!"
ဧည့်ခန်းထဲမှ အော်ကြီးဟစ်ကျယ်ဖြင့် သောင်းကျန်းနေသော ဟာရူတို။
"ဘာဖြစ်တာလဲ"
"ခင်ဗျား ဘာလုပ်ထားလဲ ဟမ် ခင်ဗျားထယ်ဟွန်းကို ဘာလုပ်လိုက်တာလဲလို့!"
"ဘာကိုလဲ ရှင်းအောင်ပြော ဟာရူတို လာမအော်နဲ့"
"ကျွန်တော်သိပြီးသွားပြီ၊ အခု ထယ်ဟွန်းဆေးရုံတက်နေရတယ် မာမီနဲ့ခင်ဗျားပေါင်းပြီး ထယ်ဟွန်းကိုလုပ်တာ"
သူထင်တယ်၊ ဒီလိုတွေဖြစ်လာမယ်ဆိုတာ ကြိုသိတယ်။
ကင်မ်ဂျွန်ဂယူ့ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ဟာရူတို့နဲ့မျက်လုံးချင်းစုံလိုက်သည်။
"ဟာရူတို၊ မင်းက အဲ့ကောင်လေးအတွက်နဲ့ ကိုယ့်ကိုအော်တယ် ဘာမဟုတ်တဲ့သူတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုအော်တယ်၊ မင်းရော အရမ်းကို ကိုယ့်ကို ကိုတာဝန်ကျေနေတယ်ထင်နေလား၊ မင်းလုပ်ရက်တွေက ဖောက်ပြန်နေသလိုဘဲ"
"သူက ကျွန်တော်ကောင်လေး!"
"ဒါဆို ကိုယ်ကရော ကိုယ်ကရောဘာလဲ!"
"...….."
"မင်းသူနဲ့ဆက်တွဲနေရင် မင်းချစ်တဲ့သူအကုန် ဆုံးရှုံးနေလိမ့်မယ်"
"ခင်ဗျားတို့ ဘယ်လိုတွေဖြစ်နေကျတာလဲ၊ ထယ်ဟွန်းကို ဘာလို့မကောင်းမြင်နေတာလဲ ဟမ် မာမီနဲ့ခင်ဗျား တူတူဘဲ"
"တစ်နေ့ မင်းသိလာလိမ့်မယ်၊ ဒီနေ့ ဒီလောက်ဘဲ ရန်မဖြစ်ချင်ဘူး"
ပြောပြီးချက်ချင်း ကင်မ်ဂျွန်ဂယူ့ လျေ့လျူရှု့ပြီး အပေါ်ထပ်သို့ တက်လာလိုက်သည်။
အောက်ထပ်မှာ ကျန်ခဲ့တဲ့ ဟာရူတိုကတော့ ရှုးရှုးရှဲရှဲဖြစ်နေခဲ့သည်။
--------------------------------------------------------------------
Kanghoon hospital~
"ကိုကို.."
ကုတင်ပေါ်၌ လှဲလှောင်းနေသူ၏ တိုးဖျော့လှသော်အသံကြောင့် ဟာရူတို ကုတင်နားလျှောက်သွားလိုက်သည်။
"ထယ်ဟွန်း နိုးပြီလား"
"ကိုကို~ ထယ်ဟွန်းကြောက်တယ် ဟင့်!"
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...