နာဘီကင်မ် အိမ်တော်~
"သားဂျွန်ရေ"
"ဗျာ အဒေါ်"
"အဒေါ် လုပ်စရာတွေအကုန် လုပ်ပြီးပြီမလို့ ပြန်တော့မယ်နော်"
"အာ...ဟုတ်ကဲ့ပါဗျ"
"ဒါဆို အဒေါ်ပြန်ပြီနော်"
"ဟုတ်ကဲ့ဗျ၊ ဒီနေ့ချက်ကျွေးတဲ့ နံရိုးဟင်းစားလို့ကောင်းပါတယ်ဗျ"
"အေး..အေးပါကွယ်၊ သားကြိုက်ရင်အဒေါ်ကျေနပ်ပါတယ်"
"ဟုတ်ကဲ့၊ ကောင်းကောင်းပြန်ပါ"
အဒေါ်ကြီးပြန်သွားတော့ ကင်မ်ဂျွန်ဂယူ့ ဖုန်သုတ်လက်စ သူ့တယောလေးကိုချ၍ အကျောဆန့်ကာ အပေါ်ထပ်သို့ တက်သွားတော့သည်။
"ဟွားးး~ အိပ်ချင်လိုက်တာ"
ဝုန်း!
တစ်ခဏအတွင်း အိပ်ယာပေါ်ပစ်လဲချလိုက်သည်နှင့် ခေါင်းချပြီး ချက်ချင်းလိုအိပ်ပျော်သွားတော့သည်။
--------------------------------------------------------------------
သန်းခေါင်ရံည~
ကျယ်ဝန်းလှသည့် အခန်းကျယ်တစ်ခု၊ King size လောက်ရှိသည့် ကုတင်တစ်ခု နှင့်မှန်တင်ခုံတစ်ခုရှိသည်။
ကင်မ်ဂျွန်ဂယူ့ အိပ်ယာနိုးလာသည်နှင့် သူနှင့်မရင်းနှီးလှသည့် နေရာတစ်ခုရောက်နေသည်ကို ချက်ချင်းလို သိလိုက်ရသည်မလို့ ထကြည့်လိုက်တော့ ခြေထောက်အောက်၌ တစ်ခုခုကပ်ဖိထားသိလို လေးနေသည်ဟု ခံစားရသည်မလို့ ကြည့်လိုက်တော့ သံချိတ်ကြိုးတစ်ခုဖြစ်နေလေသည်။
အလန့်တကြား ပူလောင်စိုးရိမ်လှသည့် ခံစားချက်ကိုရလိုက်ရ၍ အပြေး အခန်းတံခါးစီပြေးကာ ဖွင့်သော်လဲမရ။
ဒုန်း! ဒုန်း! ဒုန်း!
"အပြင်ဘက်မှာလူရှိလား!!"
ဒုန်း! ဒုန်း!
"တစ်ယောက်လောက်ဖွင့်ပေးကျပါဦး!၊ လူရှိလား!!"
တံခါးလက်ကိုင်များအား ကိုင်၍ဆွဲဆောင့်၊ တံခါးများအား တစ်ဒုန်းဒုန်းထုသော်လဲ အပြင်ဘက်က ပြန်လာသည့်အသံမှာ မကြားရ။
ထိုအချိန် အခန်းတံခါးမှာ ပွင့်လာသည်။
ဂျောက်!
YOU ARE READING
𝗜 𝗹𝗼𝘃𝗲 𝗬𝗼𝘂 𝗯𝘂𝘁...
Fanfictionမချစ်မိဖို့ နှလုံးသားကိုတားခဲ့ပေမဲ့ သူ့ရဲ့ဂရုစိုက်မှု့တွေပေါ်မှာ အသားကျခဲ့ပြီးနောက်မှာ မချစ်မိဖို့တားခဲ့တဲ့ နှလုံးသားအား တံခါးဖွင့်ခဲ့မိတယ်။ ဝါတာနာဘယ် ဟာရူတို မောင် နေမကောင်းရင် ဂရုစိုက်မယ်၊ မောင်စားချင်...