Part-1

91 4 2
                                    

သစ်ပင်နွယ်ပင်များနဲ့ လွှမ်းခြုံထားတဲ့ အုံ့မှိုင်းလှတဲ့ တောအုပ်တစ်ခု၊ လူသူအရောက်အပေါက်နည်းပြီး တောရိုင်းတိရစ္ဆာန်တွေသာ ကျဉ်လည်ကျက်စားရာနေရာတစ်ခု ၊ ထိုနေရာမှာ ဒဏ္ဍာရီလာ ထူးဆန်းသတ္တဝါတွေနဲ့လည်း ပြည့်နှက်လို့နေတယ်။

Werewolf တိုင်းပြည် ၊ သာမာန်လူ​တွေသာမက တစ်ခြားသော တိရစ္ဆာန်တွေကပါ ကြောက်ရွံ့တုန်လှုပ်ရတဲ့ မျိုးနွယ်တစ်ခု၊ ခွန်အားအလွန်ကြီးမားပြီး ဩဇာအာဏာရှိတဲ့ ထိုမျိုးနွယ်တွေက တောအုပ်တစ်ခုလုံးကို သိမ်းပိုက်လို့ထားတယ်

ထိုWerewolf မျိုးနွယ်များကြား တောအုပ်ကိုကြီးစိုးပြီး အာဏာတည်မြဲရေးအတွက် နယ်မြေကျူးကျော်မှုများဖြစ်ပေါ်တတ်သည် ။ ရလဒ်အနေနဲ့ ပြင်းထန်သောတိုက်ပွဲများကြောင့် သမန်းဝံပလွေမျိုးနွယ် လေးစုကြား ကြီးမားသောဆုံးရှုံးမှုများကို ပေးဆပ်ရသည်။

Primordial Werewolf
အရောင်အားဖြင့် ရက်စက်သွေးအေးတဲ့ အနက်ရောင်ဖြစ်ပြီး မျိုးနွယ်လေးစုကြား ခွန်အားအကြီးမားဆုံးဖြစ်တယ် တစ်ခြားသော မျိုးနွယ်တွေကပါ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ အကြီးမားဆုံးသောအင်ပါယာကို ပိုင်ဆိုင်ထားတယ်။ အထူးခြားဆုံးသောစွမ်းရည်ကတော့ တိုက်ခိုက်ရေးမှာ အားလုံးထက်သာလွန်တယ်။

Guardian Werewolf
အညိုရောင်ကို ကိုယ်စားပြုပြီး ဒုတိယခွန်အားအကြီးမားဆုံးဖြစ်တယ် ၊ ကောက်ကျစ်စဉ်းလဲတတ်ပြီး ဥာဏ်များလို့ Primordial Werewolf မျိုးနွယ်တွေနဲ့ စစ်မက်ဖြစ်ပွါးပြီး နယ်မြေကျူးကျော်မှုပြဿနာကို မကြာခဏဖန်တီးကြတယ်၊

Olympian Werewolf
အများစုမှာ ခဲရောင်ဖြစ်ပြီး ရှေ့မျိုးနွယ်နှစ်စုလောက် အင်အားမကြီးမားပေမယ့် ငြိမ်းချမ်းမှုကိုလိုလားတယ် ၊ တစ်ခြားသောမျိုးနွယ်တွေနဲ့လည်း အလိုက်အထိုက် ပေါင်းသင်းနေနိုင်တတ်တဲ့ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားတယ်

Omicron Werewolf
အားအနည်းဆုံးဖြစ်ပြီး သန့်စင်သော အဖြူရောင်ကို ကိုယ်စားပြုတယ်၊ စတေးခံလူတန်းစားမျိုးနွယ်တစ်ခု၊ ခွန်အားကြီးမျိုးနွယ်၂စုရဲ့ မကြာခဏအနိုင်ကျင့်မှုကိုခံရပြီး ထိုမျိုးနွယ်တွေအတွက် အစေခံသုံ့ပန်းအဖြစ် အသုံးချခံရတယ်

My LunaWhere stories live. Discover now