တစ်ပတ်တိတိရှိပါပြီ ဂျောင်ဝူတစ်ယောက် ခြေငြိမ်နေတာ ။ အပြင်လည်းမထွက်သလို ဘယ်Omegaနဲ့မှလည်း မတွေ့တော့ပါ။ ဂျောင်ဝူဟာ အဲ့ကောင်လေးကို တွေ့တဲ့နေ့ကစလို့ အဲ့အဖြူလုံးလေးရဲ့ပုံရိပ်တွေပဲ စိုးမိုးနေပြီး ဘယ်လိုမှဖျောက်ဖျက်လို့မရပါ။ ဂျောင်ဝူအတွက်တော့ ဒီခံစားချက်ဟာ ပထမဆုံးဖြစ်ပေါ်လာတာမို့ လက်ခံဖို့ရာ အရမ်းခက်ခဲပါတယ်။ ဒီလိုတစ်ယောက်ယောက်ကို 7ရက်ကြာလွမ်းမယ့်အစား Omega 7ယောက်နဲ့တစ်နေ့တည်းအတူတူနေလိုက်တာမှ သူ့အတွက်ပိုလွယ်ကူပါသေးတယ်။
ဟာရုတိုကိုယ်တိုင်လည်း ဒီရက်ပိုင်းအတွင်း ဂျောင်ဝူနဲ့မတွေ့ဖြစ်တာမို့ ဂျောင်ဝူရှိရာသို့ လာလိုက်တယ်။
'မင်းလည်းနော် ငါ့ဆီနည်းနည်းပါးပါးတောင် လာဖော်မရဘူး '
'အရမ်းချစ်စရာကောင်းတယ် '
ဟာရုတိုလည်း သူပြောတာတစ်ခြား ပြန်ဖြေတာတစ်ခြားဖြစ်နေတဲ့ သူငယ်ချင်းကို နားမလည်နိုင်တော့ပါ။
'ဘာတွေဖြစ်နေတာလဲ ဟေ့ကောင်၊ ငါနဲ့မတွေ့တဲ့တစ်ပတ်အတွင်း ရူးသွားတာလား'
'ဟုတ်တယ် ငါရူးသွားပြီထင်တယ် ၊ ပြီးခဲ့တဲ့အပတ်က ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းကိုငါပြောပြမယ်'
ဂျောင်ဝူလည်း အဲ့ဒီနေ့က အဖြစ်အပျက်တစ်ခုလုံးကို ဟာရုတိုကို အသေးစိတ်ပြောပြလိုက်တယ်။ ဟာရုတိုလည်း တစ်ခြားတစ်ယောက်အကြောင်းကို စိတ်ပါလက်ပါပြောပြနေတဲ့ဂျောင်ဝူကို ကြည့်ပြီး အံ့ဩမိပါတယ်။
'မင်းပြောသလို တကယ့် အဲ့မျိုးနွယ်ကဆိုရင်တောင် သက်ရှိထင်ရှားရှိတာ ဟုတ်ရဲ့လား၊ တော်ကြာ မကျွတ်မလွတ်တဲ့ ဝိဥာဏ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ'
'ငါကိုယ်တိုင်မျက်လုံးနှစ်လုံးနဲ့တွေ့ခဲ့တာကွ၊ အရမ်းအပြစ်ကင်းပြီး ချစ်စရာကောင်းတယ်'
'ဒါပေမယ့် ဘာ နာယောင်းဟုတ်လား၊ သူကပြောတော့ ဘယ်သူမှမရှိဘူးဆို'
'အင်း ငါသူပြောတာကိုမယုံဘူး ၊ သူ့ကြည့်ရတာ တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ'
'ဒါဆို အဲ့မျိုးနွယ်က တစ်ခြားwerewolfတွေကို စုံစမ်းရင်ရော'
'မလုပ်ဘဲနေမလားကွာ၊ လိုက်မေးပြီးပြီ ဘယ်သူမှမမြင်ဖူးဘူးတဲ့'