Primordial မျိုးနွယ်စုတွေ အင်အားကြီးမားလာတာနဲ့အမျှ Guardian မျိုးနွယ်တွေဟာ စိတ်မအေးရဘဲ အာဏာလုယူဖို့အတွက် ပိုပြီးစိတ်အားထက်သန်လာကြတယ်
'သမီး အဖေတို့အစီအစဉ် အလုပ်ဖြစ်ရဲ့လား'
'စိတ်မပူပါနဲ့ အဖေ ယွန်းတာဝန်ကို ယွန်းကျေပြွန်အောင်လုပ်မှာပါ'
'ဟုတ်တယ် ညီမလေး အခုဆို အစ်ကိုတို့မျိုးနွယ်စုတစ်ခုလုံးရဲ့ ကံကြမ္မာဟာ ညီမလေးဆီမှာ မူတည်နေပြီ'
'ယွန်းနားလည်ပါတယ် ၊ အဖေနဲ့အစ်ကို ၊ သေချာပေါက် ပတ်ဂျောင်ဝူကို ယွန်းအပိုင်ဖြစ်အောင်လုပ်ပြီး သူတို့မျိုးနွယ်တစ်ခုလုံး ယွန်းတို့လက်အောက်မှာရှိနေစေရမယ်လို့ ကတိပေးပါတယ်'
'ဒါပေမယ့် ပတ်ဂျောင်ဝူက ညီမလေးထင်သလောက်လွယ်မယ့်သူမဟုတ်ဘူး ၊ သူ့ကို သတိကြီးကြီးထားရမယ်'
'သူလည်း Alpha တစ်ယောက်ပဲမို့ လှပတဲ့Omegaတွေဆီက ရှောင်မပြေးနိုင်ပါဘူး၊ ပြီးတော့ ယွန်းက မျိုးနွယ်စု၄ခုက Omega တွေထဲမှာ အလှဆုံးပဲလေ ၊ ယွန်းရဲ့ မာယာကြော့ကွင်းကနေ သူပြေးမလွတ်ပါဘူး'
လီဆူယွန်းလည်း သူ့အဖေနဲ့အစ်ကို စိတ်အေးစေဖို့အတွက် သူ့အကြံအစည်ကို နောက်ထပ် ခြေလှမ်းတိုးဖို့အတွက် ဂျောင်ဝူရှိလောက်မယ်ထင်တဲ့ နေရာကိုလာခဲ့လိုက်တယ်။
'ပတ်ဂျောင်ဝူရှီ၊ ဒီရက်ပိုင်းမအားလို့လား ယွန်းဆီသိပ်မလာဖြစ်သလိုပဲနော်'
'အင်း နည်းနည်းအလုပ်ရှုပ်နေလို့'
'ဂျောင်ဝူကို ကြည့်ရတာ စိတ်ဖိစီးနေသလိုပဲနော် စိတ်ညစ်စရာတစ်ခုခုရှိလို့လား'
'မဟုတ်ပါဘူး ဘာမှမဖြစ်ဘူး'
'ယွန်းကို အားမနာပါနဲ့ ယွန်းကူညီပေးနိုင်တာများရှိရင်ပြောပါ'
ဆူယွန်းလည်း ဂျောင်ဝူရဲ့ရင်ဘက်ကို သူ့လက်ဖဝါးနဲ့ ပွတ်သပ်လိုက်ပြီး မြူစွယ်ဖို့ ကြိုးစားနေတယ်။ ဂျောင်ဝူဘက်ကလည်း လီဆူယွန်းနဲ့ အပြောအဆို အပြုအမူက ဘယ်ကိုဦးတည်နေမှန်းသိတာမို့ လီဆူယွန်းရဲ့ လက်ကို ဖယ်ချလိုက်ပြီး ငြင်းဆန်လိုက်တယ်