လောကမှာ အထုံရေစက်ပါလာရင် ဘယ်လောက်ပဲတားဆီးနေပါစေ ရှောင်လွှဲလို့မရသလို ကံကြမ္မာကဖန်တီးပေးထားတဲ့ ဖူးစာဖက်တွေဟာလည်း ဘဝဇာတ်ဆရာအလိုကျ ကြိုးဆွဲရာအလိုက်သင့်ကကြယုံသာပေါ့။
သဘာဝသဘောတရားကြီးရဲ့ တစ်လမှာတစ်ခါသာရောက်ရှိလာတဲ့လပြည့်နေ့ဟာ werewolf တိုင်းပြည်အတွက်တော့ပြောင်းလဲမှုများစွာကိုဖြစ်ပေါ်စေတယ်။
ဂျောင်ဝူဟာ အဖြူလုံးလေးကို သူ့ရဲ့ရင်ခွင်ထဲမှာထည့်ပြီးနိုးထရတဲ့ မနက်ခင်းဟာ သူ့အတွက်တော့ နေ့တစ်နေ့ရဲ့ပြီးပြည့်စုံခြင်းပါပဲ။ ဖြာထွက်နေတဲ့နေရောင်ခြည်က အိပ်ခန်းပြတင်းပေါက်မှန်ကို ဖြတ်ကျော်ပြီး ဂျောင်ဝူရဲ့မျက်နှာပေါ်ကို ကျရောက်လာတော့မှ ဂျောင်ဝူလည်း မျက်လုံးကိုဖြေးညှင်းစွာဖွင့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့လက်ကောက်ဝတ်က နာကျင်မှုကိုအနည်းငယ်ခံစားရလို့ စစ်ဆေးလိုက်တော့ နေမင်းပုံသဌာန်အမှတ်အသားကိုတွေ့ရှိလိုက်ရတယ်
'ဒီနေ့ ထပ်ရောက်လာပြန်ပြီပဲ'
ဂျောင်ဝူလည်း ထိုအမှတ်အသားကို မေ့မေ့ပျောက်ပျောက်နေလိုက်ပြီး သူ့ဘေးက ချစ်ရတဲ့သူလေးကို နိုးလိုက်တယ်။
'ဂျောင်ဟွမ် ထတော့ နေမြင့်နေပြီ ၊ ကိုယ်မင်းကို တောထဲက ရှခင်းလှတဲ့နေရာတွေကို လိုက်ပို့ပေးမယ်'
ဂျောင်ဟွမ်လည်း ဂျောင်ဝူဆီက ထိုစကားကိုကြားတော့ စိတ်လှုပ်ရှားသွားပြီးအိပ်ယာမှအမြန်ထလိုက်တယ်။ ပြီးတဲ့နောက် နှစ်ယောက်အတူတူ တောအုပ်ရဲ့အလှပဆုံးသော နေရာတစ်ခုဖြစ်တဲ့ အလယ်ဗဟိုချက်မှာတည်ရှိတဲ့ ပန်းမြို့တော်လို့တင်စားခေါ်ဝေါ်ကြသလို ငြိမ်းချမ်းမှုနယ်မြေလည်းဖြစ်တဲ့ ဥယျာဉ်တော်ကို ခေါ်ဆောင်သွားခဲ့တယ်။ ဂျောင်ဟွမ်လည်း ဒါဟာ သူ့ရဲ့ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ်အပြင်ထွက်ခွင့်ရတာဖြစ်ပြီး ဒီလိုလှပတဲ့နေရာကို မျက်မြင်ကြုံတွေ့လိုက်ရလို့အရမ်းကို စိတ်လှုပ်ရှားနေတယ်
'ပန်းလေးတွေက အရမ်းလှတာပဲ'
ဂျောင်ဟွမ်လည်း ပန်းပေါင်းစုံကို လှည့်ပတ်ကြည့်ရှုပြီး ပန်းမျိုးစုံရဲ့အနံ့အာရုံကို ခံစားကြည့်နေတယ်။ ဂျောင်ဝူအတွက်ကတော့ ဘယ်ရှားပါးမျိုးစေ့ကပန်းတွေဟာဘယ်လောက်ပဲလှနေပါစေ သူ့ဘေးက အဖြူရောင်ပန်းလေးကသာ အလှပဆုံးနဲ့အတင့်တယ်ဆုံးမို့ တခြားဘာအရာကိုမှ မျက်စိမလွှဲနိုင်ပါ