ပူပြင်းတဲ့ညကို နှစ်ယောက်အတူကုန်ဆုံးပြီးတဲ့နောက်မှာတော့ ဂျောင်ဝူဟာအရင်နိုးထလာခဲ့တယ်။
သူ့ရင်ခွင်ထဲက Markingတွေနဲ့လိုက်ဖက်ညီစွာလှပနေတဲ့ ချစ်ရသူလေးကို မြတ်မြတ်နိုးနိုးစိုက်ကြည့်နေလိုက်တယ်။ ထိုညဟာ အိပ်မက်တစ်ခုမဟုတ်ဘဲ အဖြူလုံးလေးကို တရားဝင်ပိုင်ဆိုင်ခဲ့ရပြီမို့ သူ့အတွက်တော့ သိပ်ကိုလေးနက်ပြီးအဓိပ္ပာလ်ရှိတဲ့ ညတစ်ညပါပဲ'နိုးပြီလား ကိုယ့်ကလေးလေး'
'ဟုတ် ဒါပေမယ့် ထပ်အိပ်ချင်သေးတယ် ၊ အိပ်ရတာမဝသေးဘူး'
'အဲ့ဒါဆို ဆက်အိပ်လိုက်ဦး'
'လူကြီးက ထတော့မို့လား'
'ကိုယ်က အဖေခိုင်းထားတဲ့ကိစ္စသွားလုပ်ရဦးမယ်'
'ဟင့်အင်း မသွားနဲ့ဦး လူကြီးမရှိရင် အိပ်မပျော်ဘူး'
'ဟုတ်ပါပြီဗျာ ကိုယ်ဖက်ထားပေးမှာမို့ စိတ်ချလက်ချအိပ်နော်'
ဂျောင်ဟွမ်လည်း ကျေနပ်သွားပြီး လူကြီးရဲ့ရင်ခွင်ထဲကို ခေါင်းလေးတိုးဝှေ့ပြီး ပြန်ဖက်လိုက်ကာ နှစ်ယောက်အတူတူ မွန်းတည့်ချိန်ကျော်တဲ့အထိ အိပ်လိုက်ကြတယ်။ သူ့လူကြီးရဲ့ ကိုယ်သင်းရနံ့တွေကြားမှာ အိပ်စက်ရတာဟာ ဂျောင်ဟွမ်အတွက်တော့ အလုံခြုံဆုံးပါပဲ
ညနေစောင်းရောက်တော့ ဂျီဟွန်း၊ ဂျောင်ဝူနဲ့ဂျောင်ဟွမ်တို့ဟာ ဧည့်ခန်းမှာအတူတူရှိနေကြတယ်
'အဖေ ခိုင်းတဲ့ကိစ္စလုပ်ပြီးပြီလား'
'အမှန်ပြောရရင် ကျွန်တော် အခုထိ မသွားရသေးဘူး'
'ဟ ဘာလို့မသွားသေးတာလဲ'
'အစ်ကိုဂျီဟွန်းကလည်း လူကြီးကို မဆူပါနဲ့ ကျွန်တော်က မသွားနဲ့ဆိုလို့ပါ'
'အေး အေး ကောင်းတယ် ဖအေနဲ့အစ်ကို စကားဆို တစ်ခါနဲ့ဘယ်တော့မှမရဘူး သူ့ဟာလေးပြောရင်တော့ အကုန် အင်း အင်း နေတာပဲ '
'ဒါကတော့ ချစ်တာကို'
'အရင်ကတော့ ပြောရင်ဖြင့် သူ့အဖော်ကိုပေါ်မလာစေချင်ဘူးလေး ဘာလေးနဲ့ အမျိုးမျိုး'
ဂျောင်ဟွမ်လည်း ဂျီဟွန်းရဲ့စကားကိုကြားတော့ ဂျောင်ဝူကို ဆူပုတ်ပုတ်လေးနဲ့တစ်ချက်လှမ်းကြည့်လိုက်တယ်