ဂျောင်ဝူဟာ သူ့အဖေဆီက ကြိမ်ဒဏ်အချက်ပေါင်းများစွာကို ခံယူပြီးလို့ သူ့ခန္တာကိုယ်က အားနည်းနေပြီး ကျောပြင်မှ အချိုးရာပေါင်းများစွာကနေ သွေးတွေစီးကျနေတာတောင် သူချစ်ရတဲ့ အဖြူလုံးလေးဆီ သွားဖို့ ရွေးချယ်လိုက်တယ်။ သူ့လက်နှစ်ဖက်မှာချည်နှောင်ထားတဲ့ သံကြိုးတွေကို အားနဲ့ဖြတ်ပစ်လိုက်ပြီး ဂျောင်ဟွမ်ရှိရာကို လာခဲ့လိုက်တယ်
ဂျောင်ဝူ ဂူထဲကိုရောက်ရှိသွားတော့ ငြိမ်းချမ်းစွာ အိပ်စက်နေတဲ့ ချစ်ရသူလေးရဲ့ မျက်နှာကိုမြင်လိုက်ရတော့ သူ့နဲ့ခန္တာကိုယ်က နာကျင်မှုတွေကိုတောင် မေ့နေတော့တယ်။ ဂျောင်ဝူက အဖြူလုံးလေးရဲ့ နှာဖူးပေါ်ကို ဝဲကျနေတဲ့ ရှေ့ဆံပင်လေးတွေကို သူ့လက်နဲ့ငြင်သာစွာဖယ်ရှားလိုက်ပြီး တစိမ့်စိမ့်ကြည့်နေလိုက်တယ်။ ထိုအချိန်မှာ ဂျောင်ဟွမ်လည်း အိပ်နေရာမှ နိုးလာပြီ သူ့ရှေ့မှာရှိနေတဲ့ လူကြီးကိုတွေ့ရတော့ အံ့ဩသွားတယ်
'ဟင် ခင်ဗျားက ဘာလာလုပ်တာလဲ ၊ မဟုတ်မှ မိုးလင်းနေပြီလား'
'မိုးမလင်းသေးပါဘူး အခုမှ သန်းခေါင်ကျော်ပဲရှိသေးတယ် ကိုယ်က မင်းကိုတွေ့ချင်လို့ လာတာ'
'မနက်မှလာလည်းရတာကို သူများအိပ်တာကို လာနှောက်ယှက်နေတယ် ဟွန့်'
'ကိုယ်က နှောက်ယှက်ဖို့လာတာမဟုတ်ပါဘူး၊ မင်းအိပ်ချင်ရင်ပြန်အိပ်ပါ ကိုယ်ကတစ်ညလုံး မင်းမျက်နှာလေးကို ထိုင်ကြည့်နေမယ်လေ'
'အဲ့လိုထိုင်ကြည့်နေမှတော့ ဘယ်လိုအိပ်ပျော်တော့မှာလဲ မအိပ်တော့ဘူး'
ဂျောင်ဝူလည်း သူ့ရှေ့က မျက်နှာလေးရှုံ့မဲ့ပြီး နှုတ်ခမ်းလေးဆူကာပြောနေတဲ့ အဖြူလုံးလေးကို အသည်းယားနေတာနဲ့ သူ့ကျောက ဝေဒနာကိုမေ့နေတော့တယ်
'ဟင် ခင်ဗျား အင်္ကျီက ရေစိုနေတာလား '
'အာ ဘာမှမဟုတ်ပါဘူး အာရုံထဲမထားနဲ့'
ဂျောင်ဝူက ဂျောင်ဟွမ်ကို မသိစေချင်လို့ဖုံးကွယ်လိုက်ပေမယ့် ဂျောင်ဟွမ်က သူ့အင်္ကျီကို ထိကြည့်လိုက်တော့ သွေးတွေက မခြောက်သေးဘဲ ရှိနေတာမို့ ဂျောင်ဟွမ်ရဲ့ လက်ဖဝါးမှာ ကပ်ပါလာတယ်