ဂျောင်ဟွမ်ဟာ သူ့မမယောင်းနဲ့အတူ ဂူအနီးနားက စမ်းချောင်းလေးကိုသွားနေတယ်။ သူပထမဆုံးမြင်လိုက်ရတဲ့လောကကြီးက သူမျှော်မှန်းထားတာထက်ပိုပြီးလှပနေတယ်။
'ဘယ်လိုလဲ မောင်လေး သဘောကျလား'
'အင်းမမ သဘောကျတယ်၊ မမသား ဒီထဲကိုဆင်းလို့ရလား'
ဂျောင်ဟွမ်က စမ်းချောင်းထဲက ရေလေးတွေ တသွင်သွင်စီးဆင်းနေတာကို အရမ်းသဘောကျနေတယ်။ ရေလေးတွေက ကြည်စိမ်းနေပြီး အောက်ခြေက အရောင်အသွေးစုံလင်စွာလှပနေတဲ့ ကျောက်စရစ်လေးတွေကိုတောင် မြင်နေရတယ်။ ရွှေငါးလေးတွေဟာလည်း ထိုစမ်းချောင်းထဲမှာ ပျော်ရွှင်စွာ ကူးခတ်နေကြတယ်။
'နော်မမ ဒီမှာ ဘာအန္တာရာယ်မှမရှိပါဘူး ဆင်းချင်တယ်'
'အင်း အင်း ကလေးသဘော'
နာယောင်းလည်း သူ့မောင်လေးအခုလို လွတ်လွတ်လပ်လပ်ပျော်ပါးနေတာကို ပြုံးပြီးကြည့်နေလိုက်တယ်။ တစ်ချိန်တည်းမှာပဲ စံအိမ်ရဲ့ ခေါင်းတိုင်ကမီးခိုးတွေထွက်လာတာကိုမြင်တော့ သူ့ကိုပြန်လာခဲ့ဖို့ပြောနေမှန်း သိလိုက်တယ်။ ဒီနည်းလမ်းဟာ သူတို့မျိုးနွယ်စုကြား တစ်ဦးကိုတစ်ဦး အချက်ပြတဲ့နည်းလမ်းပါ။ ဒါပေမယ့်မောင်လေးကို တစ်ယောက်တည်းထားခဲ့ဖို့ရာ လုံးဝစိတ်မချပေ။
'ကလေး မမ စံအိမ်ကိုပြန်ရတော့မယ် ၊ ကလေးကို မမ ဂူထဲပို့ပေးမယ်'
'မမကလည်း အခုမှရောက်တာကို မပြန်ချင်သေးဘူး'
ဂျောင်ဟွမ်လည်း ငိုချင်သွားတယ် အခုမှ စမ်းချောင်းထဲကို ဆင်းရုံပဲရှိသေးတယ် ပြန်ရတော့မယ်ဆိုတော့ နှုတ်ခမ်းကို ဆူနေလိုက်တယ်
'ဒါပေမယ့် ကလေးတစ်ယောက်တည်းကို စိတ်မချပါဘူး'
'မမကလည်း ဒီကိုဘယ်သူက လာမှာမို့လို့လဲ ၊ သားတစ်ယောက်တည်း ဖြစ်ပါတယ် ၊ ဂူနဲ့လည်း ဝေးတာမှမဟုတ်တာကို ၊ ခဏကစားပြီးရင် ပြန်လိုက်မယ်'
'ဒါဆို မမ ကိစ္စပြီးတာနဲ့ ပြန်လာခဲ့မယ် ၊ ဒီမှာပဲနေနော် တစ်ခြားဘယ်ကိုမှမသွားနဲ့နော် ကလေး'
နာယောင်းလည်း ဒီနေရာက သူတို့မျိုးနွယ်တွေရဲ့အပိုင်မို့ အရမ်းစိတ်မပူဘဲ ဂျောင်ဟွမ်ကိုထားခဲ့လိုက်တယ်။ ဂျောင်ဟွမ်ကို တစ်ယောက်ယောက်ကမြင်ရင်တောင် သူတို့မျိုးနွယ်စုကပဲဖြစ်နိုင်တာမို့ အချင်းချင်းစည်းလုံးမှုရှိတဲ့ သူတို့ကြား ဘာအန္တာရာယ်မှမဖြစ်နိုင်ပါ။