နောက်တစ်နေ့ မနက်ရောက်တော့ ဆိုမာမားနဲ့ နာယောင်းဟာ ဂျောင်ဟွမ်နဲ့အတူ ဂူထဲမှာ ရှိနေဆဲဖြစ်တယ်။ ဆိုပါပါးနဲ့ ဂျောင်ဝူလည်း ဂူထဲကို လိုက်လာခဲ့တော့တယ်။
'ပါပါး....... ဟင် ဟိုလူ'
ဂျောင်ဟွမ်လည်း သူ့ပါပါးနဲ့တွေ့ရလို့ပျော်ပေမယ့် နောက်မှာရှိနေတော့ ဂျောင်ဝူကိုတွေ့တော့ ကြောက်ပြီး ဆိုမာမားရဲ့လက်မောင်းကို အတင်းဖက်ထားတော့တယ်
'ရှင်က အခုထိမပြန်သေးဘူးလား မိုးလည်းလင်းနေပြီလေ ၊ အဖေ ဘာလို့ သူ့ကိုပါ ဒီကိုခေါ်လာတာလဲ ကလေးက အခုထိ သူ့ကိုလန့်နေတုန်း'
'မနေ့က ကိစ္စတွေအတွက် ကျွန်တော်အားလုံးကိုအနူးအညွတ်တောင်းပန်ပါတယ် ၊ ကျွန်တော်မှားမှန်းလည်းသိပါတယ်၊ ဒါပေမယ့် ကျွန်တော်နောင်တတော့မရပါဘူး ၊ ကျွန်တော်သာ တဇွတ်ထိုးမဆန်ခဲ့ရင် အခုလို ဂျောင်ဟွမ်နဲ့လည်းတွေ့ရမှာမဟုတ်ဘူးလေ'
'ဒါပေမယ့် ရှင်.....'
'သမီး အဖေနောက်မှ အကုန်ရှင်းပြမယ် အခု ဂျောင်ဝူကို သားနဲ့အေးဆေးစကားပြောပါစေ၊ အဖေတို့သွားရအောင်'
'ဒါပေမယ့် ကျွန်မသားလေးကို ထပ်နာကျင်အောင်လုပ်ရင် ဘယ်လိုလုပ်မလဲ၊ ကျွန်မတော့ စိတ်မချပါဘူး'
'လာပါ ၊ ကိုယ်နဲ့ဂျောင်ဝူလည်း ဆွေးနွေးပြီးပြီမို့လို့ သူအဲ့လိုထပ်မလုပ်တော့ပါဘူး၊ သူတို့နှစ်ယောက်အေးဆေးစကားပြောပါစေ'
'ဟင့်အင်း သား သူနဲ့မရှိချင်ဘူး အဲ့လူကြီးက သားကို ကိုက်စားမှာ🥹'
'သားကလည်း သူလည်းဝံပလွေ ၊ သားလည်းဝံပလွေပဲကို ကိုက်မစားပါဘူး ၊ သားပဲပြောတော့ သားက သတ္တိရှိတယ်ဆို'
ဂျောင်ဟွမ်လည်း ဆိုပါပါးရဲ့စကားကိုကြားတော့ ခေါင်းငြိမ့်ပြလိုက်ပြီး သဘောတူလိုက်တယ်။ ဆိုပါပါးရဲ့ပြောစကားကြောင့် ဆိုမာမားကော နာယောင်းပါ အတူတူ အိမ်တော်ကိုပြန်ဖို့ဆုံးဖြတ်လိုက်ကြတယ်။
ဂူထဲမှာ ဂျောင်ဝူနဲ့ ဂျောင်ဟွမ်နှစ်ယောက်တည်းသာကျန်နေခဲ့တယ်။ ဂျောင်ဟွမ်လည်း ဒူးလေးနှစ်ဖက်ကိုထောင်ကာ လက်ပိုက်ပြီး ကျုံ့ကျုံ့လေးထိုင်နေလိုက်တယ်။