ဒီနေ့ညဟာ လပြည့်ညမို့ တောအုပ်တစ်ခုလုံး Werewolves တွေရဲ့ အော်သံများနဲ့ ပြည့်နှက်နေတယ်။ Werewolves အများစုဟာ လပြည့်ညမှာဆို ခွန်အားပိုမိုကြီးမားလာတတ်ကြတယ်။ ရှေးရာဇဝင်သမိုင်းမှာတော့ လပြည့်ညမှာမွေးဖွားလာတတ်တဲ့ ရှားပါးမျိုးနွယ်ဝင်werewolfကို လတို့ရဲ့နတ်ဘုရားမ လို့တင်စားခေါ်ဝေါ်ကြတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ထိုကဲ့သို့သော ဖြစ်ရပ်ဆန်းတွေကို လက်ရှိမျိုးနွယ်စုတွေ မကြုံဖူးသေးပါဘူး။
တောအုပ်ရဲ့အနောက်ဘက်ခြမ်း ၊ Omicron Werewolves တို့ ကျက်စားရာနေရာ ၊ အဖြူရောင်များနဲ့ ဖုံးလွှမ်းထားလို့ ကြည့်လိုက်တာနဲ့ ဒီမျိုးနွယ်စုရဲ့ စိတ်နှလုံးသားကို ထင်ဟပ်ပြနေသယောင်။
ခွန်အားမှာတော့ ကျန်မျိုးနွယ်သုံးစုထက် အားနည်းပေမယ့်၊ စိတ်ဓာတ်အင်အားကြီးမားမှုကိုတော့ မယှဉ်နိုင်ကြပေ။ အနိုင်ကျင့်ခံမျိုးနွယ်စုတစ်ရပ်ဖြစ်သော်လည်း လောကဓံကို အရှုံးမပေးဘဲ သူတို့ရဲ့တတ်နိုင်တဲ့အင်အားနဲ့ချစ်ရတဲ့သူတွေကို ကာကွယ်ပေးတတ်ကြတယ်။ အစည်းလုံးဆုံးသော မျိုးနွယ်စုကိုပြပါဆိုလည်း ထိုမျိုးနွယ်စုကိုသာ လက်ညိုးထိုးဖော်ပြရမယ်။
သူတို့ရဲ့ခံယူချက်ကတော့ လွပ်လပ်မှုကိုလိုလားပြီး ကျန်မျိုးနွယ်များရဲ့ ကျွန်အဖြစ်မှလွတ်မြောက်ရန်သာဖြစ်သည်။ ဒါ့အပြင် ထိုမျိုးနွယ်မှ Omega အများစုဟာ အင်အားကြီးမျိုးနွယ်နှစ်ခုက Alpha များရဲ့ ခြေတော်တင်ခြင်းကို ခံကြရတယ်။ ထိုကဲ့သို့သော အားနည်းချက်များကြောင့် သူတို့ဟာ သူတို့မျိုးနွယ်စုအတွက် ကြီးမားသောပြောင်းလဲမှုကို ယူဆောင်လာပေးမယ့်မျိုးဆက်သစ်တွေကို မျှော်လင့်နေကြတယ်။
ယခု လပြည့်ည သန်းခေါင်ယံတိတိမှာ Omicron မျိုးဆက်ရဲ့ ခေါင်းဆောင်ဟာ အရမ်းကို စိတ်လှုပ်ရှားစွာနဲ့ သတင်းကောင်းကိုစောင့်မျှော်နေတယ်။
'သားလေးမွေးပါတယ် ခေါင်းဆောင်'
ကလေးကိုရင်ခွင်ထဲပိုက်ပြီး သယ်ဆောင်လာတဲ့ အဖွားအိုဟာ ထိုကလေးကို ဖခင်ဖြစ်သူထံလွှဲပြောင်းပေးအပ်ခဲ့တယ်