ဒီနေ့ည Omicron မျိုးနွယ်စုရဲ့စံအိမ်တော်မှာတော့ ဆိုမိသားစုက သားလေးကို တစ်ခြားမျိုးနွယ်စုရဲ့လက်ထဲကိုထည့်ပေးလိုက်ရမှာမို့ ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေတယ်
'သား လိုက်မသွားလို့မရဘူးလားဟင် ဖေဖေ မေမေနဲ့ မမ'
'အဖေတို့လည်း သားနဲ့မခွဲချင်ပါဘူး ဒါပေမယ့် သားကောင်းဖို့အတွက်မို့ အဖေ့စကားကိုနားထောင်ပေးနော် သားက လိမမ္မာပါတယ်'
'မောင်လေး စိတ်ချနော် မမတို့ မောင်လေးဆီ မကြာမကြာလာတွေ့မယ်'
'သားမှ လိုက်မသွားချင်တာ ၊ အဲ့ဒါ ဒီလူကြီးကြောင့် အဲ့လူကြီးမကောင်းဘူး'
ဂျောင်ဟွမ်လည်း သူ့မိသားစုနဲ့ခွဲရမှာမို့ ရိုက်ကြီးတငင်ငိုချလိုက်ပြီး ဂျောင်ဝူရဲ့ရင်ဘက်ကို သူ့လက်သီးဆုပ်လေးတွေနဲ့ ထုရိုက်နေတယ်။ ဂျောင်ဝူလည်း ငိုနေတဲ့ကောင်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး တသိမ့်သိမ့်တုန်ရီနေတဲ့ ကျောပြင်လေးကို စိတ်သက်သာရာရအောင် ပွတ်သပ်ပေးလိုက်တယ်
'အချိန်မလင့်တုန်း သားကို ဒီကနေ ခေါ်သွားတော့ ဂျောင်ဝူ၊ သား ဂျောင်ဟွမ် ဂျောင်ဝူရဲ့ အဝတ်အစားတွေဝတ်လိုက်'
'သားက ဘာလို့အမည်းရောင်တွေဝတ်ရမှာလဲ ၊ ဒီအဖြူရောင်ပဲဝတ်သွားလို့မရဘူးလား'
'ဒီအချိန်က သန်းခေါင်ယံဆိုပေမယ့် ကိုယ်တို့သွားမယ့်လမ်းတစ်လျှောက်မှာ ရှိနေနိုင်တဲ့ တစ်ခြား werewolves တွေက မင်းကို သတိထားမိလို့မဖြစ်ဘူးလေ အဲ့ဒါကြောင့်ကိုယ့်အဝတ်အစားတွေပြောင်းဝတ်ခိုင်းတာ'
ဂျောင်ဟွမ်လည်း သူမကြိုက်တဲ့အမည်းရောင်ဖြစ်ပေမယ့် ဂျောင်ဝူနဲ့အဖေတို့စကားကို နားထောင်ပြီး အဝတ်လဲလိုက်တယ်
'ကိုယ်က ဝံပလွေပုံစံပြောင်းမှာမို့ ပြီးတာနဲ့ မင်းက လူပုံစံနဲ့ပဲ ကိုယ့်ကျောပေါ်တက်လိုက်၊ ကိုယ်ကအမြန်ဆုံးအရှိန်နဲ့ပြေးရမှာမို့ ကိုယ့်ကို သေချာဖက်ထားနော်'
ဂျောင်ဝူလည်းပြောပြီးတာနဲ့ သူ့ကိုယ်သူ ဝံပလွေအဖြစ်ပြောင်းလဲလိုက်တယ်။ ဆိုခေါင်းဆောင်လည်း ဂျောင်ဟွမ်ကို ဂျောင်ဝူရဲ့ကျောပေါ် ပွေ့တင်ပေးလိုက်သည် ။