Part-3

20 3 0
                                    



အချိန်တွေဟာ ဆယ်စုနှစ် နှစ်ခုနီးပါး ကြာမြင့်ခဲ့ပေမယ့် Werewolves မျိုးနွယ်တွေကြားက စည်းမျဉ်းစည်းကမ်းနဲ့ ပြဌာန်းထားသော နိုင့်ထက်စီးနင်းဥပဒေတွေဟာ မပြောင်းလဲဘဲ ရှိနေဆဲပါ

Primordial မျိုးနွယ်တွေရဲ့အင်အားစုဟာ ပိုမိုအားကောင်းလာလေလေ ကျန်မျိုးနွယ်တွေရဲ့ဩဇာအာဏာဟာ ပိုမိုဆုတ်ယုတ်လာလေဖြစ်တယ်။

Primordial မျိုးနွယ်ရဲ့ အာဏာကိုဆက်ခံပေးမယ့် ဒုတိယသားဟာ အရွယ်ရောက်လာတာနဲ့အမျှ ခွန်အားပိုမိုကြီးထွားလာပြီး မကြာခင်လပိုင်းအတွင်းမှာပဲ အသက်နှစ်ဆယ်ကိုရောက်ရှိတော့မည်။

ဂျောင်ဝူက သူ့အသက် 18နှစ်ပြည့်ပြီးတဲ့အချိန်ကစလို့
အပျော်အပါးနဲ့ တစ်ခြားWerewolf Alpha တွေကဲ့သို့ ကာမကိစ္စတွေကို မက်မောလာတယ်။ မျိုးနွယ်စုကို အုပ်ချုပ်ရတာ စိတ်မဝင်စားပေမယ့် အားနည်းတဲ့မျိုးနွယ်မှ werewolf တွေအပေါ်  သူ့အာဏာစက် သက်ရောက်မှုမှာ သာယာပျော်မွေ့နေတယ်။

ဂျောင်ဝူဟာ သူ့ခန္တာကိုယ်ကို ဝံပလွေအဖြစ်သို့ပြောင်းလိုက်တဲ့အခါ သူ့တစ်ကိုယ်လုံးမှာ လွှမ်းခြုံထားတဲ့ အမွှေးအမျှဉ်တွေဟာ Dark Black အရောင်ဖြစ်ပြီး သူ့ရဲ့အရောင်အဆင်းဟာ သူ့မျိုးနွယ်မှ တခြားသောwerewolves များထက်ပင် နက်မှောင်တောက်ပနေတယ်။

လူကဲ့သို့ ပြောင်းလဲနေထိုင်တဲ့အခါမှာလည်း သိန်းငှက်ကဲ့သို့ စူးရှတဲ့ မျက်လုံးတွေရဲ့ညှို့ယူအားက တစ်ခြားဘယ်Omegaကိုမဆို ဆွဲဆောင်နိုင်ပြီး ၊ ဝင်းဝါတောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ထားတယ်။ သူ့မျက်နှာကိုကြည့်ရုံနဲ့ သူ့ရဲ့လွှမ်းမိုးနိုင်မှုကို သိရှိနိုင်တယ်။

Omega Werewolfတွေရဲ့ အကြီးမားဆုံးသော အိပ်မက်မှာ ဂျောင်ဝူရဲ့ လစ်ဟာနေတဲ့ အဖော်နေရာကို ရရှိရန်ဖြစ်တယ်။ ဂျောင်ဝူဟာ Omega အများစုနဲ့ ကုတင်ပေါ်က ဆက်ဆံရေးရှိသော်လည်း သူ့အတွက်တော့ ဒါဟာ သူ့ခန္တာကိုယ်ရဲ့ လိုအပ်ချက်ကိုဖြည့်စည်းရန်သာဖြစ်တယ်။ လက်ရှိအချိန်ထိ ဂျောင်ဝူရဲ့ နှလုံးသားကို ဘယ်werewolf မှမသိမ်းပိုက်နိုင်သလို သူ့ရဲ့စစ်မှန်တဲ့ အဖော်လို့ထင်ရလောက်တဲ့ ဘယ်သူ့ကိုမှ ရှာမတွေ့သေးပါ။

My LunaWhere stories live. Discover now