ဂျောင်ဝူလည်း ဂျောင်ဟွမ်ရဲ့လက်ကိုဆွဲပြီး စံအိမ်ထဲကသူ့အခန်းထဲကို ပြန်ခေါ်ဆောင်လာခဲ့တယ်။ အခန်းထဲရောက်တော့ နှစ်ယောက်လုံးအချိန်အနည်းငယ်ကြာ ဘာစကားမှမပြောဘဲ သူတို့ကြားလေထုကတင်းမာနေတယ်
'ကိုယ်မင်းကို ဒီလောက်အတန်တန်မှာထားတဲ့ကြားက မင်းကကိုယ့်စကားကိုဘယ်တော့မှနားမထောင်ဘူး'
'ကျွန်တော် မှားမှန်းသိပါတယ်၊ ဒါပေမယ့် ယုန်လေးက'
'အဲ့ယုန်က မင်းကိုယ်မင်းထက် အရေးကြီးလို့လား၊ ကိုယ့်မှာတော့ ဒီကိုပြန်လာတော့ မင်းကိုမတွေ့တော့ ဘယ်လောက်တောင်ရင်ပူသွားလဲ အဲ့ဒါတွေမင်းသိလား '
'ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့'
'ကိုယ်စိတ်ဆိုးလို့ပြောနေတာမဟုတ်ဘူး၊ မင်းသာတစ်ခုခုဖြစ်သွားရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှခွင့်လွှတ်နိုင်မှာမဟုတ်ဘူး'
'........'
'မင်းမိသားစုကော ကိုယ်ရောက မင်းအတွက်တွေးပြီး မင်းကိုကာကွယ်ပေးနေကြတာ ၊ မင်းကတော့ ကိုယ်တို့စကားကိုအလေးမထားဘူး'
ဂျောင်ဟွမ်လည်း လူကြီးဆီက ထိုစကားကိုကြားတော့ သူ့မျက်နှာသူ လက်နဲ့အုပ်ပြီး ငိုချလိုက်တယ် ။
' အဟင့် အဟင့်'
ဂျောင်ဝူလည်း သူစိတ်အပူလွန်ပြီး အဖြူလုံးလေးကို လေသံမာမာနဲ့ဆူမိတာမှန်ပေမယ့် အခုလိုငိုတာမြင်တော့ နောက်ဆုံးလက်နက်ချရတဲ့သူက သူကိုယ်တိုင်ပါပဲ။ ဂျောင်ဝူလည်း ကုတင်ပေါ်မှာထိုင်နေတဲ့ ဂျောင်ဟွမ်ရှေ့မှာ ဒူးထောက်ချလိုက်ပြီး အဖြူလုံးလေးရဲ့လက်ကလေးနှစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်တယ်
'ကိုယ်အခုလိုတွေ ပြောလို့ကိုယ့်ကို စိတ်မဆိုးပါနဲ့ ၊ ကိုယ်က မင်းကို စိတ်ပူလို့ အထိခိုက်မခံနိုင်လို့ ဆူမိတာပါ'
'လူကြီးစေတနာကို ကျွန်တော်သိပါတယ် ၊ လူကြီးရဲ့စကားကို အလေးမထားလို့ အခုလိုလုပ်တာမဟုတ်ပါဘူး'
'အင်း ကိုယ်သိတယ် ၊ ကိုယ်လည်း သွေးပူနေတော့ဆူလိုက်မိတာ တကယ်ဆို ကိုယ်မင်းကို ဒီလိုလေသံနဲ့မပြောသင့်ဘူး၊ ကိုယ်တောင်းပန်တယ်နော် ၊ မငိုနဲ့တော့'