1 U/Z

7.7K 123 1
                                    

Uni

💓တော်မဝင်သည့်တော်ဝင်ပန်း💓

💓အပိုင်း ၁💓

အချိန်တွေရယ် ကုန်တာ မြန်လိုက်တာ သမီးလေးတောင် ၁၅ နှစ်တင်းတင်းပြည့်ခဲ့လေပြီ

တော်ဝင် လည်း ယခုဆို အသက် ၃၃ နှစ်အရွယ်ပင်ရှိခဲ့ပြီ မဟုတ်လား

သြော် သူကရော အိမ်ထောင်ကျ ကလေးတွေများ ရနေပြီလား

တော်ဝင် အတွေးတွေထဲ ဝင်လာသည့်က ဥက္ကာမောင် အကြောင်းပင်

ရှိစေတော့လေ မကြင်လို၍ စိမ်းသူကို သူမ တမ်းတမနေချင်တော့ပါ

ချစ်သည် မုန်းလည်းမုန်းခဲ့ပြီးပြီ အသဲလဲရစရာမရှိလေအောင် ကွဲခဲ့ပြီလေပြီ

ပါးပြင်ပေါ် လိမ့်ဆင်းလာလေသော မျက်ရည် တစ်စက်

သူမ မသုတ်မိ

အချစ်တွေ ကုန်ဆုံးခဲ့သည့် နေ့ရက် ဒီနေ့ရက် တော်ဝင်နန်း ဆိုသော မိန်းမ အတွက် သေရာပါ ဒဏ်ရာပင်
            ။       ။

"မေမေ သမီးကျောင်းသွားတော့မယ်နော်"

လွမ်း မေမေ ပါးပြင်လေးအား ဖွဖွလေး နမ်းရင်း ပြောလေတော့ တော်ဝင် ရင်ထဲ ပီတိဖြစ်မှုတွေ အတိုင်းအဆမဲ့လျှက်

သမီးလေးက အခုဆို ၉တန်း ကျောင်းသူကြီး ဖြစ်နေပြီ မဟုတ်လား

"ကောင်းကောင်းသွားနော် သမီး"

"ဟုတ်ကဲ့ မေမေ"

တော်ဝင်အား လက်ပြနှုတ်ဆက်သွားသော သမီးလေးကို ကြည့်ပြီး တော်ဝင် မျက်နှာ အပြုံးလေး တစ်ပွင့် ဖြတ်သန်းလွှားလျှက်

အမေ တစ်ခု သမီးတစ်ခု ဘဝမှာ တော်ဝင်ပင်ပန်းခဲ့သမျှ အမောပြေစေခဲ့တာ ဒီသမီးလေးကြောင့်ပင်

တော်ဝင် ရေချိုးကာ အလုပ်သွားဖို့ အတွက် ကားဂိတ် ကို ထမင်းချိုင့်လေးဆွဲကာ ထွက်ခဲ့လေသည်

သူမ အလုပ်က အထည်ချုပ် စက်ရုံရဲ့ စာရေးတစ်ဦးပင်

၁လရသည့် လစာ၂သိန်းဆိုပေမယ့်လည်း အိမ်လခ အပါအဝင် သမီးရဲ့ ကျောင်းစရိတ် စားဝတ်နေရေးအတွက် ၂သိန်း ဟူသော ငွေကြေး ပမာဏက အဘယ်မှာ လောက်ငှမည်လည်း

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now