17 U/Z

2K 39 0
                                    

Uni

💓တော်မဝင်သည့် တော်ဝင်ပန်း💓

💓အပိုင်း ၁၇💓

"သမီး"

ဆိုင်ရှေ့မှ ကားတစ်စီး ရပ်လာသဖြင့် တော်ဝင်ကြည့်လိုက်မိတော့ တစ်ခွင်ပင်

တစ်ခွင် တစ်ဖက်ကားတံခါးကို ဖွင့်ပေးလိုက်တော့ ကားပေါ်မှ အရုပ်ကလေးသဖွယ် ချစ်စရာကောင်းနေလေသော သူမ၏ ရင်နင့်သီးခြား ချစ်သမီးလေးပင်

"မေမေ"

လွမ်း မေမေအား ပြေး၍ ဖတ်လိုက်ပြီး

"သမီး စာမေးပွဲဖြေနိုင်တယ် မေမေ"

သမီး စကားကြောင့် သမီးနဖူးလေးကို ဖွဖွနမ်းပြီး

"မေမေမှာ ဖြေနိုင်ပါမလားလို့ ဘုရားမှာဆုတောင်းရတာ အမောပဲ သမီးရယ်"

"သေချာတယ်မေမေ ဂုဏ်ထူးထွက်မှာ"

"ဟုတ်ပါပြီ သမီးရယ်  တစ်ခွင် ထိုင်လေ"

သူမ စကားကြောင့် တစ်ခွင် ပြုံးလိုက်ပြီး

"ရပါတယ်ဗျာ သားမိနှစ်ယောက် ပျော်နေတာကို ကြည့်ပြီး ကျွန်တော်ရင်ထဲ အပျော်တွေ ကူးစက်နေပါပြီ  လွမ်း ပြီးရင် မင်းအဝတ်အစားထုတ်တွေ ကားပေါ်ကချပြီး အိမ်ထဲထည့်လိုက်ဦး"

"ဟုတ်ကဲ့ ဆရာ"

လွမ်း ကားရှိရာသို့ အပြေးလေးထွက်သွားလေတော့ တော်ဝင် သူကို ပြုံးပြပြီး

"အစစအရာရာအားလုံး အတွက် ကျေးဇူးပါ တစ်ခွင်ရယ်"

"ရပါတယ် မမရယ် ကြုံတွေ့ဆုံတွေ့ခိုက် ကူညီခွင့် ရခဲ့တာကိုပဲ ကျွန်တော် ဝမ်းသာပါပြီ  ကျွန်တော် မမနဲ့ ညနေ အေးဆေး စကားပြောချင်တယ်"

"အင်း ရပါတယ်"

ကျက်သရေရှိလှသော မမ မျက်နှာလေးကို သူငေးကြည့်ရင်း ရင်ထဲမှာတော့

"သိမ်းဆည်းထားသမျှ အရာတွေကို ဖွင့်ပြောခွင့်ပေးပါ မမရယ်"

သူရင်ထဲက တီးတိုးရေရွတ် စကားတစ်ချို့ပင်
                  ။         ။

ညနေစောင်းရဲ့ နေဝင်ဆည်းဆာ အလှက တစ်ခွင်ရင်ကို အေးမြစေလေသည်
အချစ်ကို ရှာဖွေတွေ့ရှိကာစ လူငယ်တစ်ယောက်အတွက်  အရဲ့စွန့်ကာ ချစ်စကားဆိုရတော့မည် ဖြစ်သဖြင့် ရင်ခုန်လှိုက်မောမှုများက အတိုင်းအဆမဲ့လျှက်

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now