24 U/Z

1.6K 33 0
                                    

Uni

🍃တော်မဝင်သည့်တော်ဝင်ပန်း🍃

🍃အပိုင်း ၂၄🍃

"ဆရာသင်ထားတာတွေ မှတ်မိပြီလား"

သစ်ပင် အရိပ်တစ်ခုမှာ ခုံတန်း ၃ စုံဖြင့် စာသင်ဝိုင်း ပြုလုပ်ကာ  ကလေးတွေကို စာသင်နေသူက တစ်ခွင်ပင်။  မရှိဆင်းရဲနွမ်းပါးလှသော ကလေးငယ်များ အတွက် အာကာတစ်ခွင် ဆိုသော လူငယ်လေးက ပညာဆက်သင်ခွင့်ရအောင် ပံ့ပိုးပေးသူ တစ်ယောက်ဖြစ်ခဲ့လေသည်။

"မှတ်မိပါတယ် ဆရာ"

"အေးအေး အဲ့ဒါဆို အတန်းဖြုတ်မယ် မနက်ဖြန် ဒီနေရာမှာ ဆရာတို့ ပြန်ဆုံကြမယ်နော်"

"ဟုတ်ကဲ့ပါ ဆရာ"

ကလေးငယ်တွေ သူကို နှုတ်ဆက်ကာ လွယ်အိတ် ကိုယ်စီဖြင့် အသီးသီးထွက်ခွာ သွားကြလေသည်။  ထိုမြင်ကွင်းကို ပြုံး၍ ပီတိများဖြင့် ကြည့်နေသူက တစ်ခွင်ပင်။

"ဟိတ် ပြုံးနေတာကြီးကလည်း မြင်မကောင်းဘူးနော်"

ဘေးနားလာရပ်ကာ  သူပခုံးအား အသာပုပ်ကာ ပြောလိုက်သူက မာန ပင်။

"မာန "

မာနကို မြင်တော့ သူမျက်နှာ ပြုံးယောင်သန်းသွားရပြီး

"နင် ငါ့ဆီလာတယ်နော်"

သူ စကားကြောင့် မာန နှုတ်ခမ်းကို မဲ့လိုက်ပြီး

"လာရမှာပေါ့ ငါ့က နင်ကို သတိရတဲ့ လူတွေ နင်ကတော့ ငါ့ကို ရှိတယ်လို့တောင် မှ မထင်တာ"

သူမ စကားကြောင့် သူ မာနကို ရီဝေစွာ ကြည့်ပြီး

"အဲ့လိုမဟုတ်ပါဘူး မာနရယ် ငါ နင်ကို သတိရပါတယ် ဒါပေမယ့် ငါ့ဘဝက မပြည့်စုံတော့ နင် နဲ့ သွားလာနေရင် ပတ်ဝန်းကျင်က နင်ကို ပြောစရာ ဖြစ်နေမှာစိုးလို့ပါ"

"ဟာ သွားစမ်းပါဟာ အဓိပ္ပါယ် မရှိတာတွေ မပြောစမ်းနဲ့ အာကာရယ် နင်နဲ့ ငါ့နဲ့ ပေါင်းလာတာ အလယ်တန်းထဲက အခုမှ မဟုတ်ဘူး ဘယ်သူ ဂရုစိုက်ရမှာလဲ အဓိပ္ပါယ် မရှိလိုက်တာ ဘယ်သူမှ ဂရုမစိုက်ဘူး ငါ့ အနားမှာ နင်ရှိနေရင် အရာရာပြည့်စုံပြီ"

သူမ စကားကြောင့် သူ သူမကို မျက်ဝန်းတောက်တောက်တွေဖြင့် ငေးကြည့်ရင်း

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now