10 U/Z

2.9K 43 0
                                    

Uni

💓တော်မဝင်သည့် တော်ဝင်ပန်း💓

💓အပိုင်း ၁၀💓

တော်ဝင် မျက်ဝန်းတွေ ပွင့်လာတော့ ဖျက်ခနဲ ဘေးဘီ ကြည့်မိတော့ တွေ့လိုက်ရသည့် သူကြောင့် ဒေါသတွေ ဖြစ်သွားရလေသည်

ဒီလူ ဘယ်လိုဖြစ်ပြီး ရောက်လာပါလိမ့်

ဒီလူတော့

"ဥက္ကာမောင်"

စူးရှသော အသံစူးစူးလေးကြောင့် ဥက္ကာ အိပ်ပျော်နေသည့်မှ လန့်နိုးလာလေတော့  တော်ဝင် သတိရနေပြီဖြစ်သည်

"တော်ဝင် ဘာဖြစ်လို့လဲ ဘယ်နား နာနေလဲဟင် ငါ့ဆရာဝန် သွားခေါ်လိုက်မယ်"

"မလိုဘူး နင်သာ ငါ့အရှေ့က အခုထွက်သွား"

တော်ဝင် ၏ စူးရဲသော မျက်ဝန်းတွေက အရောင်တွေ တလတ်လတ်

သူကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့် မျက်ဝန်းမျိုး

"နင် တစ်ယောက်ထဲ မဖြစ်ဘူးလေ သမီးကလဲ ကျောင်းသွားနေတယ် ယုယ ကလဲ ဒီမလာနိုင်သေးဘူး နင်အနား ငါ့ရှိနေမှ ဖြစ်မှာပေါ့"

"အဟွန့်"

တော်ဝင် အသက်မပါသလို ရယ်မောလိုက်ပြီး

"မိန်းမတိုင်း ပျော့ညံ့ချင် ပျော့ညံ့မယ် ဒါပေမယ့် အဲ့ဒီပျော့ညံ့တဲ့ မိန်းမတွေထဲမှာ တော်ဝင်နန်း မပါဘူး တော်ဝင်နန်းဆိုတဲ့ မိန်းမက လောကဒဏ်ကို ဘောင်မခက်ဘူး ရှင်းလား"

"တော်ဝင်ရယ်"

သူမ စကားကြောင့် ဥက္ကာ ရင်ထဲ တစစ်စစ် နာကျင်လာရပြန်ပါသည်

"နင် သိလား တော်ဝင် အခုချိန်မှာ နင်အနားမှာနေပြီး နင်အပေါ် လုပ်ခဲ့တဲ့ အပြစ်တွေ အတွက် ကျေအောင် ငါ ပေးဆပ်ချင်ပါတယ်ဟာ"

"မလိုဘူး ပြောပြီးပြီပဲ တော်ဝင်နန်း ဆိုတဲ့ မိန်းမက ယောကျာ်းတစ်ယောက်ကို မှီခိုမှ အသက်ရှင်ရမဲ့ မိန်းမမျိုးမဟုတ်ဘူး"

"ဒါပေမယ့်"

"မေမေ"

တော်ဝင် ထံ ပြေးဝင်လာသော အရုပ်ကလေးကြောင့် ဥက္ကာ စကားလုံးတွေ ရပ်တန့်သွားရလေသည်

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now