25 U/Z

1.8K 32 0
                                    

Uni

🍃တော်မဝင်သည့်တော်ဝင်ပန်း🍃

🍃အပိုင်း ၂၅🍃

"မင်း ပြောတော့ မောင်ကို ချစ်တယ်ဆို မာန"

သူ မာန ပခုံးတွေကို ခပ်ကြမ်းကြမ်းလှုပ်ရမ်းရင်း မေးလိုက်မိလေသည်။

မာန သူကို မျက်ဝန်းဝိုင်းလေးဖြင့် ကြည့်ရင်း

"ချစ်ပါတယ် မောင် မာန မောင်ကို ရင်ကွဲမတက်ချစ်ခဲ့ပါတယ် မောင် ဒါပေမယ့် မောင်ရယ် မာနတို့ ဘဝ ရှေ့ရေးအတွက်  ၂နှစ်ထဲပါ အဲ့ဒီ ၂နှစ် အတွက် မာန ကို ကြိုးစားခွင့်ပြုပါ မောင်ရယ်"

တစ်ခွင် မာနကို စိတ်ပျက်သလို ကြည့်ပြီး

"မင်းစိတ်တိုင်းကျ မင်း သဘောပဲ မာန မင်းက နှလုံးသားထက် ဦးနှောက်ကို အလေးထားတဲ့ သူဆိုတော့ မင်းသဘောပဲ မာန ငါ့ဆီက ထွက်သွားပြီးရင်တော့ ပြန်လာဖို့ မမျှော်လင့်နဲ့ မာန"

တစ်ခွင် ခပ်ပြတ်ပြတ်ပြောကာ ကျောခိုင်းထွက်သွားလေတော့သည်။

မာန ဒူးထောက်ထိုင်ချကာ  တရှိုက်ရှိုက်ငိုမိလေသည်။

"မာန ပြန်လာခဲ့မှာပါ မောင် မာန အချစ်တွေ စစ်မှန်ခဲ့ရင် မောင်ရင်ခွင် ခိုနားခွင့်လေးတော့ မာန ပိုင်ဆိုင်ချင်ပါတယ် မောင်ရယ်"

မာန အချစ်တွေအားလုံး မာန နှလုံးသားတွေ အားလုံး သူ တစ်ယောက်ထဲအတွက် ထာဝရမြှပ်နှံလျှက်။
                    💗💗💗

"ဦးပြောပုံ အရဆို တကယ်တမ်းကျတော့ အစ်မ မာနသျှင်က သနားဖို့ ကောင်းပါတယ် မိဘ စကားနားထောင်ပြီး ဦးနဲ့ နီးစပ်ဖို့ သူ ထွက်သွားခဲ့တာ တကယ်တမ်းကျတော့ လွမ်း အမြင်မှာ အစ်မကို သနားမိတယ်"

"အဟွန့်"

သူတစ်ပါးကို သနားစိတ်ဝင်နေသော ချာတိတ်ကို သူ သဘောကျစွာ ကြည့်ပြီး

"ကိုယ့်မိန်းမက ကိုယ့်ကိုယ်ကို သနားရမယ်မှန်း မသိဘဲ သူများကို သနားနေတယ် ဟုတ်လား "

"လူကြီး ဘာမိန်းမလဲ ဟွန့်နော်"

ချစ်စရာ အမူအယာဖြင့် နှုတ်ခမ်းလေးဆူကာ သူအား စိတ်ကောက်နေသော ကောင်မလေးကို အသဲယားစွာဖြင့် ကြည့်ပြီး

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now