20 U/Z

1.8K 34 0
                                    

Uni

🍃တော်မဝင်သည့်တော်ဝင်ပန်း🍃

🍃အပိုင်း ၂၀🍃

မိဘ၏ သဘောဆန္ဒကို မငြင်းသာလေဘဲ လွမ်း နှင့် တစ်ခွင် လက်ထပ်ခဲ့ကြလေသည်။ အေးစက်မည် ဟု ထင်ထားသော အိမ်ထောင်ရေးက အချစ်မပါလေသော်လည်း ရင်ခုန်ကြည်နူးဖို့ ကောင်းသား။

"အိပ်ပုတ်ကြီး ထတော့ မနက် ၈ နာရီထိုးနေပြီ ရုံးပိတ်ရက် ဆိုပြီး အိပ်ယာမထဘဲ နေဖို့ မစဉ်းစားနဲ့ ဖေဖေ နဲ့ မေမေ ဆီ အလည်သွားမလို့ လိုက်ပို့"

လွမ်း စကားကြောင့် တစ်ခွင် မျက်နှာကြီး ရှုံ့ပြီး

"လူကိုများ အိပ်ပုတ်ကြီးတဲ့ ကိုယ့် အိမ်ဉီးနတ် သခင်ကို လေးလေးစားစား မဆက်ဆံတဲ့ ကောင်မလေး လာခဲ့"

"ဟာ"

"အို"

တစ်ခွင် ၏ ဆွဲလှဲလိုက်မှုကြောင့် သူမ သူရင်ခွင်ထက် ပစ်ကျသွားရလေသည်။  သူရင်ခွင်ထက်မှာ ရှက်သွေးဖြာပြီး မျက်နှာလေး နီမြန်းနေသော ဇနီးချောကို ကြည့်ပြီး  နှုတ်ခမ်း တွန့်ရုံ ပြုံးလိုက်ပြီး

"ဒီလိုကျ ချစ်စရာ ကောင်းသား"

သူ နှုတ်ခမ်းတစ်စုံက  သူမ နှုတ်ခမ်းလေးထက် ကျလုဆဲဆဲတွင် သူမျက်နှာကြီးကို တွန်းဖယ်လိုက်ပြီး

"မညစ်ပတ်နဲ့ ဖယ်  မျက်နှာလဲ မသစ်ရသေးဘဲနဲ့"

"အဟွန့်  အဲ့ဒါဆို ကိုယ့်ကို မျက်နှာသစ်ပေးလေ"

"တော်ပါ ကလေးကလား ထတော့  ထမင်းကြော်ထားတယ်"

သူမ ကိုယ်လေး ရုန်းရင်း ထဖို့ ပြင်တော့  သူ တင်းကြပ်အောင် ပွေ့ဖက်လိုက်ပြီး

"မထနဲ့ ဒီအတိုင်းနေချင်လို့"

"ဉီးအာကာတစ်ခွင် ရှင် တရားလွန်ပြီနော်"

ဒေါသ မျက်နှာလေးဖြင့် ဒေါကန်လာသော သူမ မျက်နှာ လှလှကို မထိတထိ နမ်းကာ လွှတ်ပေးလိုက်ပြီး

"ဘာ ဉီးအာကာတစ်ခွင် လဲ အစကတော့ ဆရာ ဆရာ နဲ့ နားကြားမြင် ကပ်အောင် ခေါ်ပြီး"

"အဲ့ဒါ အရင်တုန်းကလေ အခု ရှင်က ကျွန်မ ဆရာ ဟုတ်သေးလို့လား အလကား ဘဝင်မြင့်နေတဲ့ အရူး"

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now