21 U/Z

1.8K 36 0
                                    

Uni

🍃တော်မဝင်သည့်တော်ဝင်ပန်း🍃

🍃အပိုင်း ၂၁🍃

"လွမ်း"

ကုတင်ထက် အသာလှဲလှောင်းရင်း သူ သူမ ကို ခေါ်မိတော့ ဆေးခန်းသွားရန် လိုအပ်သည့် ပစ္စည်းများ ထည့်နေသော လွမ်းက သူကို ပြုံး၍ လှည့်ကြည့်ပြီး

"ဘာပြောချင်လို့လဲ ဦး လွမ်း ဘာလုပ်ပေးရမလဲ"

တင်ပါးဖုံးလောက်ရှိသော ဆံနွယ်ရှည်တွေကို ဖားလားချကာ မြန်မာရင်ဖုံးအင်္ကျီလေးဖြင့် ချိတ်ထမီလေး ဝတ်ဆင်ကာ  မိကပ်လိမ်းခြယ်သထားခြင်းမရှိဘဲ ဖြူစင်သော အပြုံးပိုင်ရှင် နှလုံးသား လှသည့် ဆရာဝန်မလေးကို သူ ခဏမျှ ငေးမောကြည့်ပြီး

"လွမ်း အရမ်းလှတယ် သိလား"

"အဟွန့်"

သူ စကားကြောင့် သူမ ပြုံးလိုက်ပြီး

"မြှောက်မနေနဲ့ ဘာမှကျွေးစရာ မရှိဘူး"

"ကိုယ့်က မြှောက်တာမဟုတ်ဘူး တကယ်ပြောတာ ပြီးတော့"

လွမ်း ရဲ့ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခက်တမ်း ငေးကြည့်ရင်း စကားစ ဖြတ်လိုက်တော့ လွမ်း  မျက်ခုံးပင့်လိုက်ပြီး

"ပြီးတော့ ဘာဖြစ်လဲ"

"ပြီးတော့ လွမ်းကို  မြင်တိုင်း ကိုယ့် ရင်ဘက် ဒီနေရာက အောင့်အောင့်လာတယ်"

သူ ရင်အုံကို လက်ဖြင့် အုပ်ရင်း ပြောလာသော သူကြောင့် လွမ်း မျက်မှောင်ချီကာ

"သေချာနေပြီ  အဲ့ဒါဆို ရှင် ရောဂါ အတော်ကျွမ်းနေပြီ သာမာန် ကုသမှုနဲ့ မရတော့ဘူး ရှင့် ရင်ဘက်ထဲက နှလုံးကို ထုတ်ပစ်မှ ရတော့မယ်"

"အမ်"

သူ စကားထပ်ပြောမည် ပြင်တော့ သူမက အခန်းထဲမှ ထွက်သွားချေပြီ။

"သေလိုက်တော့ အာကာတစ်ခွင်"

ကိုယ့် နဖူးကိုယ်ရိုက်၍ သာ ကျန်ရစ်ခဲ့ရလေတော့သည်။
                  💜💜💜

လွမ်း နှင့် တစ်ခွင် ကားပေါ်မှ ဆင်းတော့ အိမ်ခြံက သော့ခက်လျှက်။ အိမ်ထဲ လှမ်းကြည့်တော့လည်း သော့ခက်လျှက်။

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now