19 U/Z

2.1K 41 2
                                    

Uni

🍃တော်မဝင်သည့်တော်ဝင်ပန်း🍃

🍃အပိုင်း ၁၉🍃

"သမီး အိမ်အပြန် မိုးချုပ်လိုက်တာကွယ်"

မိုးရေထဲမှ ထီးလေးဆောင်းကာ အိမ်ထဲဝင်လာသော လွမ်း အား ဒေါ်တော်ဝင် ပြောလိုက်ခြင်းပင်။

လွမ်း ခေါက်ထီးလေးအား သောက်ရေအိုးစဥ် ဘေးမှာ ထောင်လိုက်ပြီး

"ဟုတ်တယ် မေမေ လွမ်း ဖေဖေ ဆီ ခဏသွားနေလို့"

"အေးအေး အဲ့ဒါဆိုလဲ မိုးစိုလာတယ် မဟုတ်လား  အဝတ်အစားလဲ  ပြီးရင် အမေ ထမင်းပွဲ ပြင်ထားတယ်  စားလိုက်ဦး"

"မေမေ ကရော"

"မေမေ ညနေက စားထားတယ် မဆာတော့ဘူး သမီး စားလိုက်နော်"

"ဟုတ်ကဲ့ မေမေ"

မေမေ သိပ်ကို အေးစက်သွားသည်။ လွမ်း  ဖေဖေ အိမ်မှ ပြန်လာသည့် ပြောသည့်ကိုပင် မေမေ သည် ဖေဖေ အကြောင်း တစွန်းတစ မေးမြန်းခြင်း မပြုပေ။  ကျန်ခဲ့သည့် နှစ်များဆီမှ ဖေဖေ ပေးခဲ့သည့် နာကျင်မှုများက မေမေ အတွက် နည်းခဲ့သည့်မှ မဟုတ်တာ။  မေမေသည် ထက်မြက်သလောက် သူမ၏ သိက္ခာနှင့် မာန တရားကို အမြတ်တနိုး တန်ဖိုးထားသည့် မိန်းမသား တစ်ဦးပင်။

ဒေါ်တော်ဝင် အိမ်ထဲဝင်သွားသော သမီးကို ကြည့်ပြီး သက်မနွေးနွေးကို ရှိုက်မိလေသည်။

"မေမေ ကို ခွင့်လွှတ်ပါ သမီးရယ် ဘဝဆိုတာ ရုပ်ရှင်မဟုတ်တဲ့အတွက် သမီး အဖေကို ခွင့်လွှတ်ဖို့ မေမေ  ဘယ်သော အခါမှ ထပ်ပြီးတွေးမှာ မဟုတ်တော့ဘူး အမေ သမီးရယ် ဖခင်မေတ္တာငတ်ခဲ့တဲ့ သမီးအပေါ် မတရားရာကျမှန်း သိပေမယ့် သမီးကို မလိုလားခဲ့လို့ ဖျက်ချခိုင်းခဲ့တဲ့ သမီး အဖေရဲ့ စကားလုံးတိုင်းကို အမေ မေ့ပစ်ဖို့ ခက်ခဲတယ် သမီးရယ်"

အတိတ်တွေကို ပြန်မတွေးချင်ပါ။ နာကျင်ခြင်း အရိပ်တွေ စွန်းထင်ခဲ့သလို  နှလုံးသားကို ဓားနှင့် ပါးပါးလှီးခဲ့သလို နာကျင်နေဆဲပင်
                  💜💜💜

မိုးရေထဲ ခေါက်ထီးလေး ဆောင်းကာ လက်တစ်ဖက်မှ ကြိမ်ခြင်းလေးကိုင်ကာ ယဥ်သကို ဆင်မယဥ်သာ လမ်းလျှောက်နေသူလေးက လွမ်းပင်။

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now