22 U/Z

1.7K 33 0
                                    

Uni

🍃တော်မဝင်သည့်တော်ဝင်ပန်း🍃

🍃အပိုင်း ၂၂🍃

"မင်း ဘာလာလုပ်တာလဲ မာနသျှင်"

သူ ရင်ထဲမှာ နာကျဥ်းမှု အပြည့်။ ခံပြင်းစိတ် အပြည့်။

"မာန ကိုအာကာနဲ့ တွေ့ချင်လို့ လာခဲ့တာပါ"

မာန ၏ စကားကြောင့်  လှည့်ထွက်မည် ပြင်နေသော လွမ်း လက်ကို ကျစ်ကျစ်ပါအောင် လှမ်းဆုတ်ကိုင်လိုက်သူက တစ််ခွင်။

"မာန အာကာကို တောင်းပန်ချင်တာရယ် စကားအေးဆေး ပြောချင်တာကြောင့် လာခဲ့တာပါ"

တစ်ခွင် နှုတ်ခမ်းကို တွန့်ကာ မဲ့လိုက်ပြီး

"ဒီမှာ မာနသျှင် မင်း နဲ့ ကိုယ့်ကြားမှာ ပြောစရာ စကားမရှိတော့ဘူး အားလုံးအဆုံးသတ်ခဲ့တာ ကြာပြီ အခုမှ စကားပြောချင်ပါတယ် ဆွေးနွေးချင်ပါတယ် ဆိုရအောင် ကိုယ့် နဲ့ မင်းကြားက ပတ်သတ်မှုက လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက အဆုံးသတ်ခဲ့တာ ကြာပြီ ပြောစရာလဲ မရှိသလို ဆွေးနွေးစရာလဲ မရှိဘူး"

သူ စကားလုံး တစ်ချို့ကြောင့် မာန ရင်ထဲ စစ်ခနဲ့ နာကျင်သွားရလေသည်။

"ဒါပေမယ့်

"လွမ်း အိမ်ပြန်မှာမဟုတ်လား  ကိုယ့်လဲ အိမ်ပြန်နားချင်တယ်  ပြန်ရအောင်"

"ဟုတ်ကဲ့ ဦး မမြရေ လိုအပ်ရင် ဖုန်းဆက်ခေါ်လိုက်နော် လွမ်း လာခဲ့မယ် ခဏ ပြန်ဦးမယ်"

"ဟုတ်ကဲ့ ဒေါက်တာ"

တစ်ခွင် လည်း လွမ်း လက်ကို ဆွဲကာ ထွက်ခဲ့လေသည်။ မာန တစ်ယောက်ကတော့ မကျေမနပ်ကျန်ရစ်ခဲ့ရလေသည့်ကို မာန သာ သိလေသည်။

သူမ ကို ဂရုမစိုက်သည့် အပြုအမူက ခံပြင်းစရာပင်။
                  ❤️❤️❤️

အိမ်ပြန်ရောက်တည်းက သူ အနားမကပ်ဘဲ ခပ်ခွာခွာ လုပ်နေသော ဇနီးလေးကြောင့် သူစိတ်ထဲ မရိုးမရွ ဖြစ်နေရလေသည်။ ထိုကြောင့် မီးဖိုခန်းထဲ ချက်ပြုတ်နေသော ဇနီးကို အနောက်မှ သိုင်းဖက်လိုက်မိလေသည်။

"ဟာ ဒီမှာ အလုပ်လုပ်နေတယ်လေ မမြင်ဘူးလား"

ခပ်စွာစွာ ထွက်ပေါ်လာသော သူမ စကားသံလေးကြောင့် သူ သူမ လည်တိုင်လေးကို ငုံ့နမ်းလိုက်ပြီး

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now