26 U/Z

1.9K 32 0
                                    

Uni

🍃တော်မဝင်သည့်တော်ဝင်ပန်း🍃

🍃အပိုင်း ၂၆🍃

မာန ရေချိုးပြီး၍ အခန်းထဲ ဝင်လာစဥ်

"ဟင် ရှင် ရှင် ဘာဝင်လုပ်တာလဲ ကျွန်မ အခန်းထဲ"

ထမီရင်လျှားလေးဖြင့် ရင်သားလေး ပြောင်ရှင်းနေသော အနေအထားဖြစ်သည့် အတွက် မာန လက်ကလေးနှစ်ဖက် ယှက်ကာ ကွယ်လိုက်မိလေသည်။

"မင်းက ဒီလိုကျတော့ လှသားပဲ"

သူမ အရှေ့ တရွေ့ရွေ့ တိုးလာသူက မင်းထက်ပင်။  မာန ကြောက်လန့်တကြားနောက်ဆုတ်ရင်း

"ရှင် ရှင် ထွက်သွားတော့နော် "

"အချစ်ကလေးရယ်"

"အို အမေ့"

သူမ ခန္ဓာကိုယ်လေး အရုပ်သဖွယ် မင်းထက် လက်ထဲ ပါသွားရလေသည်။

"ဘုန်း  ဘုန်း ဘုန်း"

"ရှင် မယုတ်မာနဲ့နော် လူယုတ်မာ"

အားရှိသမျှ ရုန်းကန်နေသော်လည်း အင်အားချင်းမမျှလေတော့ မာန ဘဝရေတိမ်နစ်ခဲ့ရလေသည်။

"မောင်ရေ မာန အဖြစ်ကို လာကြည့်ပါဦး" ဟုသာ စိတ်တွင် မြည်းတွန့်တမ်းတရင်း~~~~မှောင်သထက်မှောင်သော် အရပ် တစ်ခုသို့။
                       💜💜💜

"ကဲ အခုမှ ဘာမှမထူးတော့ပါဘူး မာနသျှင်ရယ် ညည်း မင်းထက်ကိုသာ လက်ထပ်လိုက်ပါတော့"

အကွက်ကျအောင် စီစဥ်ခဲ့သော ဒေါ်စောယု စကားအလှဖြင့် ပလီနေပြန်ပါပြီ။  မာန ဒေါ်စောယု အား စူးစူးရှရှ ကြည့်ရင်း

"ဒါတွေ အားလုံးက ရှင်  အကြံအစည်တွေ မဟုတ်လား"

"ဘာမှမေးမနေနဲ့ ညည်း မင်းထက်ကို လက်ထပ်ရမယ် ဒါပဲ "

"ရှင်တို့ နှစ်ယောက်လုံး အောက်တန်းကျတယ် လူယုတ်မာတွေ ရှင်တို့ကို အမှုဖွင့် အရေးယူမယ်"

"ဖြန်း"

"ဖြောင်း"

ဒေါ်စောယု ၏ ရိုက်ချက်က ပါးသာ ထူပူသွားသော်လည်း မင်းထက်၏ ရိုက်ချက်ကတော့ နအုံပင် ပွင့်မတက်ပင်။

"ကောင်မ နောက်တစ်ခါ အဲ့ဒီစကားဆက်ပြော နင်ကို လူပြည်မှာ အရှင်မထားဘူး "

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now