13 U/Z

2.1K 40 2
                                    

Uni

💓တော်မဝင်သည့် တော်ဝင်ပန်း💓

💓အပိုင်း ၁၃💓

"အဟွန့်"

တော်ဝင် နှုတ်ခမ်းကို တွန့်ကာ မဲ့လိုက်ပြီး

"နင် ဘယ်တုန်းက ငါ့ကို လွမ်းတတ်သွားတာလဲ သွားစမ်းပါ ယုံတမ်း စကားတွေနဲ့ ငါ့ကို ချုပ်ကိုင်ဖို့ မကြိုးစားနဲ့ sorry ပဲ ဥက္ကာ"

ဥက္ကာ သူမကို ပွေ့ဖက်မည် ပြင်လိုက်တော့

"နင် ငါ့ကို မထိနဲ့ ဥက္ကာ ငါ့ ဘဝမှာ နင်ဆိုတဲ့ လူတစ်ယောက်ကြောင့် သောကတွေ ထပ်မလိုချင်ဘူး"

ဥက္ကာ သူမ စကားကြောင့် လက်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး

"ငါ တကယ်တောင်းပန်ပါတယ် တော်ဝင် ငါ့ဆိုတဲ့ ကောင်က နင်အပေါ်တကယ်မကောင်းခဲ့တဲ့ ကောင်ပါဟာ"

"နင်ကိုယ်နင် သိရင်​ပြီးတာပဲ  နင် အကြောင်း နင်သိရင် နင် ဒီကထွက်သွားသင့်တယ် ဥက္ကာ"

ဥက္ကာ ရုတ်တရတ် သူမ အရှေ့ ဒူးထောက်ထိုင်ချလိုက်ပြီး

"တောင်းပန်ပါတယ်ဟာ ဖြစ်နိုင်ရင် နင် ငါ့ဆီ ပြန်လာပေးပါ"

"ဘာရယ်"

မျက်နှာငယ်လေးဖြင့် တောင်းပန်တိုးလျှစွာ ပြောနေသော သူကို  သူမ သနားဂရုဏာသတ်ရမည့် အစား နာနာကျင်ကျင်ကြည့်ကာ

"ခြွေလိုခြွေ ခူးလိုခူး ပစ်ချချင်တိုင်း ပြစ်ချပြီးမှ တောင်းပန်ပါတယ် ပြန်ခဲ့ပါ စကားတစ်ခွန်းကြောင့် နင်ဆီ ငါပြန်လာရအောင် လွန်ခဲ့တဲ့ ၁၅ နှစ်က ငါ့သိက္ခာ ငါ့အရှက်တရား ငါ့အပျိုစင် ဘဝ နောက်တစ်ကြိမ် ပြန်မရတော့ဘူး ဥက္ကာ ပြီးတော့ ငါ အပေါစားမိန်းမ မဟုတ်ဘူး"

"ငါ့တကယ်တောင်းပန်ပါတယ် တော်ဝင်ရယ်"

"နင် ထွက်သွားတော့ ဥက္ကာ နင်မျက်နှာကို ငါ့မြင်ရတိုင်း ငါ့အရှုံးတွေ ပြန်မြင်ရလို့ နာကျင်လွန်းလို့ပါ"

တော်ဝင် မျက်ရည်လေးတွေ မျက်ဝန်းအိမ် လဲ့ကာ ဆိုမိလေသည့် အထိပင်

ဥက္ကာ သူမ အရှေ့ မျက်နှာချင်းဆိုင် ထရပ်လိုက်ပြီး

"နင် ငါ့ကို မုန်းနေပြီလားဟင်"

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now