3 U/Z

3.1K 66 0
                                    

uni

💓တော်မဝင်သည့် တော်ဝင်ပန်း💓

💓အပိုင်း ၃💓

"မေမေ"

ထမင်းစားနေရင်း သမီးလေး ခေါ်သံကြောင့် တော်ဝင် ပြုံးပြလိုက်လေတော့

"သမီး သူငယ်ချင်းတွေမှာ အဖေ ရှိပြီး သမီးမှာ ဘာလို့ အဖေ မရှိတာလဲဟင်"

"ဟင် "

သမီးလေး အမေးကြောင့် တော်ဝင် နှုတ်ခမ်းတွေ ဆွံ့အနေရလေသည်

ဖခင် မရှိဘဲ ဒီအရွယ်ဒီရောက်ခဲ့ရသော သမီးရင်ထဲမှာ စိတ်ဒဏ်ရာများ ရနေလေပြီလား ဟု တွေးမိသည့်ပင် သူမ ထိတ်လန့်နေခဲ့ရလေသည်

"မေမေ"

သမီးလေးရဲ့ နောက်တစ်ခွန်းခေါ်သံကြောင့် သူမ သတိဝင်လာကာ

"အင်း သမီး"

"သမီး မေးနေတာ မေမေ ကြားရဲ့လား ဟင်"

လွမ်းရိပ်  ပျက်ယွင်းသွားသော မေမေ မျက်နှာက အဖြေကို အပြေးအလွှား ရှာမိလေသည်

တော်ဝင် ယဲ့ယဲ့လေး ပြုံးရင်း

"သမီးမှာ ဖေဖေ ရှိတာပေါ့ သမီးရယ်  ဖေဖေက အဝေးမှာ အလုပ်သွားလုပ်နေတာလေ"

ဟန်ဆောင် ပြောရင်း သူမ ရင်ထဲမှာ ဆို့နစ်လာရလေသည်

လွမ်းရိပ် မေမေ ကို ကြည့်ပြီး သနားရပြန်ပါသည်

"မေမေရယ်"

စားလက်စ ထမင်း ပန်းကန်ကိုချကာ မေမေ ခါးလေးကို ပွေးဖတ်မိသည့် အထိပင်

ငယ်စဥ်ဘဝက လွမ်းရိပ် မသိတတ်သည့် အရွယ်မို့ အမေ အပေါ် နားမလည်ခဲ့သမျှ အခုတော့ လွမ်းရိပ် မေမေ နေရာ ဝင်ခံစားကြည့်၍ ရပါသည်

မေမေဟာ သိပ်ကို ထက်မြတ်တဲ့ အမျိုးသမီး

မိခင်သိပ်ပီသတဲ့ အမျိုးသမီး

လွမ်းရိပ် အတွက် အတုယူစရာ အတုယူဖွယ် အမျိုးသမီးက လွမ်းရိပ် ချစ်ရတဲ့ လွမ်းရိပ် ရဲ့ ချစ်လှစွာသော မေမေပါ

သမီးရဲ့ ပွေ့ဖတ်မှုကြောင့် သူမ ပြန်လည်ထွေးပွေ့ရင်း

"ဖေဖေ မရှိလည်း မေမေ ရှိနေတာပဲသမီးရယ်"

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now