7 U/Z

2.9K 59 0
                                    

Uni

💓တော်မဝင်သည့် တော်ဝင်ပန်း💓

💓အပိုင်း ၇💓

တော်ဝင် အိမ်ကိုပြန်ရောက်တော့ ဘာတစ်ခုမှ မသိနားမလည်သော သမီးလေးက သူမကို ပွေ့ဖက်ရှာလေသည်

"မေမေ ပြန်လာတာ စောလိုက်တာနော်"

"အင်း"

သူမ မချိပြုံးလေး ပြုံးပြကာ ပြောလိုက်တော့

"မေမေ ပင်းပန်နေလားဟင် သမီး နင်းပေးရမလား"

တက်သိလိမ္မာလှသော သမီးလေးကြောင့် စိတ်ပင်းပန်ခဲ့သမျှ ပြေသွားရပြန်ပါသည်

"ရပါတယ် သမီးရယ် သမီး စာကျက်နှင့်ဦး မေမေ ထမင်းချက်လိုက်ဦးမယ်"

"ဟုတ်မေမေ"

သမီးခေါင်းလေးကို ဖွဖွလေးပွတ်ကာ သူမ မီးဖိုဘက်ထွက်လာခဲ့လေသည်

သမီးလေးကတော့ အိမ်ရှေ့မှာ ကျောင်းအိမ်စာတွေ လုပ်ရင်းပေါ့
               ။         ။

ဒေါ်လှလှ ဆိုတာ ဥက္ကာ၏ မိခင်

သား၏ ကြိုးစားမှုကြောင့် ဘဝမှာ ပြည့်ပြည့်စုံစုံ နေရသော်လည်း သူမ မှာ အပြစ်ရှိသည့် ဟုပင် ခံစားနေရသေးသည်

ချွေးမလေး ထွက်သွားသည့် အချိန်မှ စ၍ သူမ စိတ်သက်သာတာ တစ်ခုမှ မရှိပေ

ချွေးမပေါ် အပြစ်ရှိနေသည့် ဟုသာ ခံစားနေမိဆဲပါ

"မအုန်း မြေးမလေးက ချစ်စရာလေးနော်"

အိမ်နီးချင်း ဒေါ်အုန်း၏ မြေးမလေးကို ကြည့်ပြီး ဒေါ်လှလှ ပြောမိခြင်းပါ

ဒေါ်လှလှ စကားကြောင့် ဒေါ်အုန်း ပြုံးလိုက်ပြီး

"အဲ့ဒါဆိုလည်း သားကို မိန်းမပေးစားလိုက်ပေါ့ မလှရယ်"

ဒေါ်အုန်း စကားကြောင့် ဒေါ်လှလှ မျက်ဝန်းတွေ ရီဝေ

"သားကို မိန်းမပေးစား စရာမလိုပါဘူး ပျောက်နေတဲ့ ချွေးမ ကိုသာ ပြန်ရှာခိုင်းရမှာ"

"ဥက္ကာမှာ မိန်းမ ရှိတာလား"

ဒေါ်အုန်း အံ့သြစွာ မေးမိတော့ ဒေါ်လှလှ ခေါင်းကို ညိမ့်ရင်း

တော်မဝင်သည့်တော်ဝင်ပန်းWhere stories live. Discover now